
မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် သခွားသီး၊ ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွန့်များကို ရောင်းချလျက်ရှိပြီး ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦး ဒေသများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ သခွားသီး၊ ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွန့်များကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း အဓိကဝယ်ယူကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော သခွားသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၃၅၀)ကျပ်မှ (၄၀၀)ကျပ်၊ ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
