Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းအေဂျင်စီ (MSME) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခြင်း

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းအေဂျင်စီ(MSME) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး MSME အေဂျင်စီ နာယက၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တနင်္သာရီတိုင်းဒေသကြီး MSME အေဂျင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ ရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ တနင်္သာရီတိုင်း ဒေသကြီး MSME အေဂျင်စီအဖွဲ့၊ အဖွဲ့ဝင်များမှ ‌ဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းနှင့် ဝန်ကြီးချုပ်မှ နိဂုံးချူပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်း အဝေးပြီးမြောက်‌ ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

နတ်တလင်းခရိုင်တွင် ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးပြီးစီးမှု အခြေအနေ

         နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ လုပ်ငန်းများကို ဈေးကွက်မရောက်မီ စစ်ဆေးဆောင်ရွက်မည်ဖြစ်၍ အဆိုပါလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစားအမယ်များအား ရာနှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်ရေးအတွက်   စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း နတ်တလင်းခရိုင် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများအား ဈေးကွက်မရောက်မိ စောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင့်၊ ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်း (၃) ခုအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ လုပ်ငန်းပေါင်း  (၃) ခုစစ်ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးခဲ့သည့် လုပ်ငန်း (၃)ခုသည် ညွှန်ကြားချက်နှင့် အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့်ကို တွေ့ရှိရပြီး လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာ လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

 ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ နံနက် ၀၈း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊  ထားဝယ်ခရိုင်ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက်ရည်ရွယ်၍ တစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းတို့အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ သဘာဝဘေးလျော့ပါးရေး‌စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခြင်း

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး၊ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်း အနားအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူမှ မိမိတို့ဌာန၏ လုပ်ငန်း‌ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းနှင့် ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အဆိုပါသင်တန်းအား ထားဝယ်မြို့ ဆန်းချီရပ်ရှိ မူလတန်းကြိုကျောင်းတွင် (၂၁.၁.၂၀၂၆) မှ (၂၃.၁.၂၀၂၆) ရက်နေ့ထိ ဖွင်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

       ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသည့်  စားအုန်းဆီအရောင်းဆိုင်များအား   စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီလတတိယပတ်တွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါကွင်းဆင်းအဖွဲ့သည် ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်မားရေနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကြောင်း ဆောင်ရွက်စေရေးအတွက် နတ်တလင်းမြို့နယ် လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသည့်  စားအုန်းဆီ အရောင်းဆိုင်များတွင် မိမိရရှိသောခွဲတမ်းကို  စားသုံးသူပြည်သူ့လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရန်၊ ညွှန်ကြားခဲ့သည် စာအုပ်စနစ်ဖြင့်   နေ့စဉ် စားအုန်းဆီခွဲတမ်းရ ဦးရေကို ရောင်းချပေးနိုင်စေရေး၊ ထုတ်ရန်ကျန်သော စာအုပ်များကိုလည်း နောက်တစ်နေ့တွင် ပြန်လည်ထုတ်ပေးစေရေး၊ အလေးချိန်ပြည်မှီရေးနှင့် ရည်ညွှန်ဈေးပေါ်မူတည်၍ ဈေးနှုန်းမြှင့် မရောင်းချမှုမပြုရန်နှင့် ဆီထုတ်ကိုယ်စားလှယ်၏ သတ်မှတ်ဈေးနှုန်း အပေါ်တွင်သာရောင်းချရန် အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ပဲခူး)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ (၁၈း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution  Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၃၅) ပေပါကို ယာဥ်မောင်း ဦးစိုးသူ၊ ယာဉ် အမှတ် 6L-9963/ Hino မော်တော်ယာဥ်ဖြင့်တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ် ခရိုင် စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ ကြောင်း၊ အဆိုပါ စားအုန်းဆီ (၃၅) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ်မှ တစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီ ဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပိုးသတ်ဆေးအရောင်းဆိုင်များအား အဆိပ်ရှိပိုးသတ်ဆေး ရောင်းချမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူပေါင်း၍ ပိုးသတ်ဆေး အရောင်းဆိုင်များတွင် ဓာတ်ကြွင်းအာနိသင်များသည့် ပိုးသတ်ဆေးများ စီမံထိန်းချုပ် ဆောင်ရွက်ရေးအတွက် အဆိပ်ရှိပိုးသတ်ဆေး ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမှုကို   ဇန်နဝါရီတတိယပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါကွင်းဆင်းစစ်ဆေးမှုအဖွဲ့သည် ဓာတ်ကြွင်းအာနိသင်များသည့် ပိုးသတ်ဆေးများကို စီမံထိန်းချုပ်ဆောင်ရွက်ရေးအတွက် အဆိပ်ရှိပစ္စည်း (၂)မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်စေရေး ဆောင်ရွက်ရန် လိုအပ်သောကြောင့် ပိုးသတ်ဆေးဥပဒေပုဒ်မ (၈)အရ စပါး၊ ပဲတီစိမ်း၊ မတ်ပဲ အများဆုံးစိုက်ပျိုးသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း သုံးစွဲခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေးဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ထုတ်ပြန်ပြီး  (၂)နှစ်တာကာလအထိ မည်သည့်အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကများမှ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းမရှိစေရန် တားမြစ်ပိတ်ပင်သော ပိုးသတ်ဆေးများအဖြစ် သတ်မှတ်လိုက်သည့်အတွက်  ပိုးသတ်ဆေးအရောင်းဆိုင်များအား ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ သတ်မှတ်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စားသုံးသူကာကွယ်ပေးရေဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ပိုးသတ်ဆေးများ ရောင်းချစေရန် ပိုးသတ်ဆေးအရောင်းဆိုင် လုပ်ငန်းရှင်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြိတ်မြို့၊ ကန်ဖျားရပ်၊ ပိတောက်ပင်လမ်းဆုံရှိ နန်းမြင့်မိုရ် အလှကုန်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာနသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်း ရှင်းစေရေးဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် မြိတ်မြို့၊ ကန်ဖျားရပ်၊ ပိတောက်ပင်လမ်းဆုံရှိ နန်းမြင့်မိုရ်လုပ်ငန်းသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားနှင့် ပတ် သက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် နန်းမြင့်မိုရ်လုပ်ငန်းမှ ထုတ်လုပ်ထားသော ထုတ်ကုန်များသည် ကုန်အညွှန်းအမှတ်အသားပါရှိသော်လည်း လိုအပ်ချက်များရှိသည့်အတွက် ပြည့်စုံစွာဖော်ပြပါရှိစေရေး ရှင်းလင်းပြောကြားခဲ့ပြီး စာသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင် ရွက်ရမည့်အချက်များနှင့်ကုန်အညွှန်းအမှတ်အသားပြည့်စုံပါက လာရောက်လျောက်ထားရန် ပြော ကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ဝက်မွေးမြူ‌သူများထံမှ ဝက်သားဝယ်ယူမှုစျေးနှုန်း နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

    ၂၀၂၆  ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက်(၁၁း၃၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအခန်းတွင် စီးပွားရေးရာဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ဝက်မွေးမြူသူများထံမှ ဝက်သားဝယ်ယူမှု စျေးနှုန်း နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဆွေးနွေးပြောကြားခြင်း၊ စည်ပင်သာယာ‌ ရေးအဖွဲ့၊ ဒု-ညွှန်ကြား‌ရေးမှူးမှ ဆွေးနွေးပြောကြားခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးမှ ဆွေးနွေးပြောကြားခြင်း၊ တက်ရောက်လာသူများမှ ဆွေးနွေးခြင်းနှင့် စီးပွား‌ရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားခြင်းများဆောင်ရွက်ခဲ့ကာ ဆွေးနွေးပွဲပြီးမြောက်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့မှ မြိတ်မြို့သို့ပို့‌ဆောင်မည့် စက်လှေအား ပူးပေါင်းအဖွဲ့များဖြင့်စစ်ဆေးခြင်း

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက်(၈း၃၀) နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီး ဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ဝင်းဖူးခိုင်ဆိပ်ခံတံတားတွင် အကောက် ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းရဲတပ်ဖွဲ့စသည့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များ နှင့်ပူးပေါင်း၍ ထားဝယ်မြို့မှ မြိတ်မြို့သို့ ‌အောင်သိန်းမင်း(၁) စက်လှေဖြင့် ပို့‌ဆောင်မည့် ကြက်သွန်နီ အိတ်များအား တရားမဝင်ကုန်သွယ်မှုများမရှိစေရေးအတွက် ပူးပေါင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ