Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောင်းဆုံမြို့နယ်၊အမှတ် (၂) မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးအသုံးဆောင်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ၉.၃.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးအသုံးဆောင်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းဆုံမြို့နယ်၊ အမှတ်(၂)မြို့မဈေးရှိ ကုန်စုံ ဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးအသုံးအဆောင်ပစ္စည်းများတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များအား ရောင်းချခြင်း မပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် စားသုံးသူကာကွယ်ရေး အသိပညာပေး

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးသည် ( ၁၁.၃.၂၀၂၆ ) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီက မုံရွာခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အဖြစ် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးမှ မိတ်ဆက် စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ၊ မုံရွာခရိုင်ဦးစီးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ဦးစား ပေးဈေးကွက်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ()ရပ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသည့် အခြေ အနေများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းများမှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်မှုများအား အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအင်အား ၄၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက သိလိုသည်များမေးမြန်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မွန်ပြည်နယ်၌ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကျင်းပခြင်း

 

          မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပခဲ့သည်။

          အခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍ နှစ်စဉ် ကျင်းပမြဲ ဖြစ်သည့် မတ်လ ၁၅ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့ အခမ်းအနားကို  မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပကြောင်း၊ ယခုနှစ် ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” ( Safe Product , Confident Consumers) ဆောင်ပုဒ်နှင့်အညီ စားသုံးသူပြည်သူများ နေ့စဉ်အသုံးပြု လျက်ရှိသောကုန်စည်တွင် ဘေးကင်းလုံခြုံမှု ရှိရန်အတွက် လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို အသုံးပြုနိုင်မှသာလျှင် စားသုံးသူများ၏ ဘဝအန္တရာယ်ကင်းရှင်းပြီး သာယာလှပသော ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါကြေင်းနှင့် နေ့စဉ်ဝယ်ယူအသုံးပြုနေရသော ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချနေတဲ့ ကုန်စည်များဘေးကင်းလုံခြုံမှုရှိစေရေး၊ အစိုးရ၊ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်လာသူများအားလုံး ညီညီ ညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ အခမ်းအနားတွင် မွန်ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊        ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု Video Clip များပြသခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများမှ “ဦးစားပေးမူ စားသုံးသူ” သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော် က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးကြောင်း၊ တက်ရောက်လာသူများအား နေ့လည် စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရှိရပါသည်

           အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း လူဦးရေ(၃၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၁) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်

                 စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို လစဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး၏ ညွှန်ကြားချက်အရ ခရိုင်ရုံးစစ်ဆေးရေးမှူး(၂)ဦးသည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင် (၃)ဆိုင်သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ သောက်ရေသန့်အမျိုးမျိူး၊ အရန်သင့်အစားအစာ    အမျိုးမျိုးနှင့် သွားတိုက်ဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း ၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆန်ဈေးနှုန်းကြီးမြင့်စွာ ရောင်းချမှုမရှိစေရေး ကွင်းဆင်း အသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်း(၁)ဦးသည် (၂.၃.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တွင်ပါဝင်သော စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ ဆန်လက်လီ/ လက်ကား အ‌ရောင်းဆိုင်များ နှင့် ဆန်သိုလှောင်ရုံများအား ဆန်ဈေးကွက် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ကွင်းဆင်း စစ်ဆေးကြပ်မတ်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဆန်လက်လီ/လက်ကားဆိုင်များနှင့် ဆန်သို လှောင်ရုံပိုင်ရှင်များထံမှ ဆန်ဝယ်ယူမှုနှင့် သယ်ယူပို့ဆောင်မှုအခြေအနေများ၊ ပြန်လည်ရောင်းချနေ မှု အခြေအနေ၊ ဆန်ဈေးနှုန်းများနှင့် ဆန်လက်ကျန်များအား တွေ့ဆုံမေးမြန်းခဲ့ပြီး ဆန်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှု မရှိစေရေး၊ My Ro တွင် မှတ်ပုံတင်ရန် ကျန်ရှိသည့် ဆန်ဆိုင်များအား မှတ်ပုံတင်ထားရှိနိုင်ရေး၊ မှတ်ပုံတင်ထားသည့်ဆန်ဆိုင်၊ ဆန်သိုလှောင်ရုံ များအနေဖြင့်လည်း လစဉ် သတ်မှတ်ရက်အတွင်း ကုန်ရ/ ကုန်ထုတ်/လက်ကျန် စာရင်းများ ဖြည့်သွင်းနိုင်ရေးတို့ကို ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆန်စပါးကုန်သည်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံး၌ ဆန်စပါးကုန်သည်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောမှုကို ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်မှ စားသုံးသူကာကွယ်ရေးအတွက် မိမိဌာန၏ဆောင်ရွက်နေမှုအခြေအနေ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်များတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ၊ စားသုံးသူနစ်နာမှုများအပေါ် တိုင်ကြားနိုင်မှုအခြေအနေများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့ မြို့မဈေးတွင် စားသုံးဆီ (ဘူးသွင်း) ဆီအမျိုးမျိုး ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ မြို့မဈေးရှိ စားသုံးဆီ (ဘူးသွင်း)ဆီအမျိုးမျိုး ရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က ဈေးကွက်အတွင်းရောင်းချနေသော ဇမ္ဗူအေးမြေပဲဆီ၊ Meizan နေကြာဆီ၊ Lotus ဟင်းသီးဟင်းရွက်ဆီ၊ အမေထွားပဲဆီ၊ Duck ဟင်းသီးဟင်းရွက်ဆီ အစရှိသော ဘူးသွင်းဆီဘူးများတွင် FDA ထောက်ခံချက်၊ ထားသိုသိမ်းဆည်းပုံ၊ ပါဝင်ပစ္စည်းဖော်ပြထားရှိမှု၊ မြန်မာဘာသာဖြင့်ဖော်ပြထားရှိမှု၊ သက်တမ်းလွန်ကုန်ဆုံးရက်၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ညွှန်ကြားချက်နှင့်အညီဖော်ပြထားပြီးကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော စားသုံးဆီ(ဘူးသွင်း)ဆီများကိုသာရောင်းချကြရန် အသိပညာပေး ဆွေးနွေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့မဈေးအတွင်းရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးအတွင်းရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ စစ်ဆေးရာတွင် မြို့မဈေးရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချနေသော မြန်မာရနံ့ငြုပ်ကောင်းမှုန့်၊ အများကြိုက် မဆလာ၊ AJT-NO-MOTO Shark ငါးသေတ္တာတို့တွင်  FDA ထောက်ခံချက်များ ပြည့်စုံစွာ ပါဝင်မှုရှိ/ မရှိနှင့် ပါဝင်ပစ္စည်းပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကုန်ဆုံးရက်နှင့် ထုတ်လုပ်သည့်ရက်စွဲများ ဖော်ပြထားရှိမှုအခြေအနေ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြထားရှိမှုအခြေအနေ၊ အလေးချိန် အချိန်အတွယ်နှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်းတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်စည်များ ရောင်းချခြင်းမပြုရန် သတိပေးအကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့မဈေးအတွင်း ကုန်မျိုးစုံဆိုင်များရှိ အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊  မြို့မဈေးအတွင်း ကုန်မျိုးစုံဆိုင်များရှိ အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/ မရှိအား စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့မဈေးရှိ ကုန်စုံဆိုင်ကြီးများနှင့် မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော ရွှေကျီးဘီစကစ်၊ ရွှေကျီးမရွေး၊ ရွှေနဒီ ပဲပေါင်မုန့်၊ ရွှေနဒီ ပူးတင်းပေါင်မုန့်၊ Gold နို့ခရင်မ် ပေါင်မုန့်တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိပြီး FDA ထောက်ခံချက်များကိုလည်း တွေ့ရှိရပါသည်။ ထို့နောက် မြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံခြင်း

           ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀.၂.၂၀၂၆ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဌ၊ အတွင်းရေးမှူး၊ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ကျုံပျော်မြို့နယ်အနေဖြင့် မြေပြင်အမှန်သိုလှောင်ကြိတ်ခွဲလျှက်ရှိသော ဆန်စက်လုပ်ငန်းရှင်များအားလုံး MyRO မှတ်ပုံတင်ထားရှိပြီး ဖြစ်ပါ ကြောင်းနှင့် အားလုံးမှလည်း သက်တမ်းတိုး ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း ကနဦးဆွေးနွေးပါသည်။

            ဆက်လက်၍ မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်များ လစဉ် MyRO ၏ သိုလှောင်ရုံလုပ်ငန်းစဉ်သို့ ဝင်ရောက်၍ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် ဖြည့်သွင်းပေးပါရန် လူကြီးမင်းတို့၏ဖုန်းများသို့ MyRO မှ နှိုးဆော်သကဲ့သို့ ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ကျုံပျော်၊ MyRO viber group ဖွဲ့ထားပြီး လစဉ် လဆန်း(၁)ရက်နေ့တိုင်းလည်း ကန့်သတ်ရက်အတွင်း ဖြေကြားပေးနိုင်ပါရန် viber group  မှ နှိုးဆော်ပေးပါကြောင်း၊ လစဉ် ဖြေကြားမှုများကို group တွင်တင်ပြမှုအရသိရှိရပြီး  အချို့မှာ ရုံးတွင်လစဉ်လာရောက် ဖြည့်သွင်းကြပါကြောင်း၊ သို့ဖြစ်ပါ၍ အခက်အခဲရှိပါက ဌာနနှင့် ဆက်သွယ်ဆောင်ရွက်စေလိုပါကြောင်းနှင့် မြေပြင်နှင့် ကိုက်ညီသော လက်ကျန်စာရင်းများကို ဖြည့်သွင်းရန် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

          ၎င်းအပြင် ကျုံပျော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဆန်တင်ပို့မှုအတွက် ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဌမှ လက်မှတ်ရေးထိုး၍ ကုန်ပို့လွှာဖြင့် တင်ပို့လျက်ရှိသည်ကို သိရှိရပါကြောင်း၊ လုပ်ငန်းရှင်များမှ တိုင်းကျော် ဆန်၊ ဆန်ထွက်ပစ္စည်းတင်ပို့မှုများအတွက် မြို့နယ် ဆန်၊ စပါးဝယ်ယူရေးကြီးကြပ်အဖွဲ့ထံသို့ စာရင်းပေးပို့ရန်ကိစ္စများ ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ