
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီး ဌာနသို့ မှတ်ပုံတင်လျှောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်ရှိ ထည်ဝါ Online Shop အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ အရောင်း ဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်စဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်အခြေအနေနှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၁၆.၇.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၄း၀၀) နာရီအချိန်တွင် မိတ္ထီလာခရိုင်၊ ဒု-ခရိုင်ဦးစိးမှူး ဒေါ်မြို့ရီ (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများ သည် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် ထည်ဝါ Online Shop အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ အရောင်းဆိုင်သည် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှတ်တကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက် ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှတ်တကယ်ရောင်းချမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။
DOCA(မန္တလေး)
