Main menu

(မိတ္ထီလာ/ရမည်းသင်း) ခရိုင်၊ မိတ္ထီလာမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စည်များအား ဓါတုဆေးဝါးသုံးစွဲမှု ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေး (ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့် ဌာနဆိုင်ရာပူးပေါင်း၍ ဇွန်လအတွင်း၌ မိတ္ထီလာမြို့မဈေးကြီးအတွင်းရှိ ငပိနှင့်လက်ဖက်များတွင် ဆိုးဆေးပါဝင်မှု ရှိမရှိ ၊ ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက် ရှိမရှိနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိမရှိ၊ ဆေးဆိုင်များနှင့်အလှကုန်ဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိမရှိ၊ အလှကုန်များတွင် သက်ဆိုင်ရာထောက်ခံချက်နှင့် ပြည်သူများသုံးစွဲရန် သင့်၊မသင့် ကွင်းဆင်းစစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

        ထိုသို့ စစ်ဆေးရာတွင် မိတ္ထီလာမြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များတွင် ရောင်းချလျက် ရှိသော ငပိနှင့်လက်ဖက်များတွင် ဆိုးဆေးများပါရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အဖွဲ့ဖြင့်သိမ်းဆည်းကာ ရောင်းချသူများအား ခံဝန်လက်မှတ်ရေးထိုးခဲ့ပြီး၊ သိမ်းဆည်းထားသောပစ္စည်းများ မြေ မြှပ်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။  

 Doca(မန္တလေး)