Main menu

မုံရွာမြို့တွင် ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေး ကွင်းဆင်းအသိပညာပေး

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဆန်ကုန်သည်အသင်းနှင့် ပူးပေါင်း၍ ၂၁.၇.၂၀၂၆ ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်တွင် မုံရွာမြို့အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ (My RO) တွင် မှတ်ပုံတင်ထားသော ဆန်စပါးသိုလှောင်ရုံများအား ကွင်းဆင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်ရှိ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ၊ ဆန်စပါးလက်ကျန် အခြေအနေများအား မေးမြန်းစုံစမ်းခဲ့ပြီး MyRO တွင် ကုန်ရ၊ ကုန်ထုတ် နှင့် ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁) ရက်နေ့မှ (၁၀) ရက်နေ့အတွင်း အချိန်မီပြည့်စုံမှန်ကန်စွာ မပျက်မကွက်ရေးသွင်းကြရန် အသိပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထို့အပြင် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် MyRO လစဉ်စာရင်းများ စနစ်တကျ ရေးသွင်းခြင်းဖြင့် ဆန်စပါးသိုလှောင်မှုနှင့် ဖြန့်ဖြူးမှု အခြေအနေများကို တိကျ မှန်ကန်စွာ စောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း၊ ဆန်ဈေးနှုန်း ကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း မပြုရန်နှင့် လိုက်နာမှု မရှိပါက ဥပဒေ အရအရေးယူသွားမည်ဖြစ်ကြောင်း  အသိပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)