Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လက်ပံတန်းမြို့တွင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ အကျိုး စီးပွား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ကုန်စည်နှင့်ဝန် ဆောင်မှုများ အပေါ် စားသုံး သူများ ဘေး အန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးများကိုစဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိပါသည်။
    ထို့သို့ဆောင်ရွက်ရာတွင်  လက်ပံတန်းမြို့နယ်  ၊စားသုံး သူရေးရာ ဦးစီးဌာန မှမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့မှ ၁၇.၇.၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီ တွင် လက်ပံတန်းမြို့မ ဈေးကြီးအတွင်း စားသုံးဆီ ရောင်းချနေသော ဆီဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချမှု အခြေအနေများ၊ စားအုန်းဆီရောင်းချမှု ဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာ အတိုင်းရောင်းချမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်း ချခြင်း ရှိ/မရှိ ၊ရောနှောဆီများ ရောင်းချခြင်း မပြုရန် မှာကြားခဲ့ပါသည်။ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှု ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေး ပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေကွင်းဆင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီဌာနမှ  အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော ဆိုင်များသို့ဘိလပ်မြေဈေးနှုန်း ဈေးကွက်အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဒေါ်ခင်ခင်ထိုက်၊လက်ပံတန်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ သိရှိစေရန်ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ဘိလပ်မြေ ဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် (၂၁၀၀၀)၊ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၂၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း လိုသလောက်ရရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြိုနယ်တွင် နေထိုင်ကြသော ပြည်သူ များ၏နေ့စဉ်စားဝတ်နေရေး၊စီးပွားရေးလူမှုရေးများတွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့နယ်အတွင်းရှိ မြို့နယ်များ၌ တစ်ပတ်လျှင် (၂)ကြိမ်ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်း များဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းနှင့်ဒေသအတွင်း ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/မရှိ ဈေးကွက်အတွင်း၌ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိတို့ကို စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊လက်ပံတန်းမြို့နယ်ကရေကရာလုပ်ငန်းရှင်ဦးမြင့်လွင်နှင့်( ၁၇.၇.၂၀၂၅ ) ရက်နေ့ ၊ နေ့လယ် ( ၁၃:၀၀ )နာရီအချိန်တွင်၊  ခရိုင်စားသုံးတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ မှတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက်သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ အရည် အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံး စွဲပုံနည်းလမ်း များအားလည်းကောင်းဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်း ‌စာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၁၈.၇.၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်တွင်မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ ပြည်တွင်းကုန်သွယ်ရေးဖွံဖြိုးမှုနှင့်သုတေသနဌာနခွဲ ဦးဝင်းထွဋ်လွင်နှင့်ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိ  စေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်  ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများဖော်ဆောင်ဖြည့် ဆည်းပေး နိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာ  ဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ပဲခူး)

ဝန်ထမ်းများစုပေါင်းမိတ်ဆုံစားပွဲဆောင်ရွက်

  စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်ဖြင့် ဌာနအတွင်းရှိ ဝန်ထမ်းများ စုပေါင်း၍ မိတ်ဆုံစားပွဲများ လစဉ်ဆောင်ရွက်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဦးစီးမှူးရုံးတွင် (၁၅.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီ တွင် ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသင်း ဦးဆောင်၍ မိတ်ဆုံစားပွဲဆောင်ရွက်ခဲ့ပါသည်။

အဆိုပါမိတ်ဆုံစားပွဲတွင် ကြက်သားပလာတာများဖြင့် ဧည်ခံကျွေးမွေးပြီး ဝန်ထမ်းများက လည်း ချစ်ခင်ရင်းနှီးစွာဖြင့် အတူတကွသုံးဆောင်ခဲ့ကြပါသည်။ ဝန်ထမ်းမိတ်ဆုံစားပွဲများ ကျင်းပ ခြင်းအားဖြင့် ဌာနအတွင်းရှိ ဝန်ထမ်းများအချင်းချင်း ချစ်ခင်ရင်းနှီးမှုများ လုပ်ငန်းခွင်ပျော်ရွင်မှုရှိခြင်း၊ စည်းလုံးညီညွှတ်မှုပိုမိုရရှိခြင်း၊ ရုံးလုပ်ငန်းကို ပိုမိုပြီးမြောက် အောင်မြင်ခြင်းစသည့် အကျိုးကျေးဇူး များရရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်ရွာပုလဲကျေးရွာ၌ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရွာပုလဲကျေးရွာ ၊ ကွင်းအမှတ်- ၁၁၃၀(အေ)ရှိတောင်သူ  ဦးမျိုးနိုင်ဦး ၏စိုက်ပျိုးမြေ ၅ဧက တွင် မျိုးကောင်းမျိုးသန့်၊ အထွက်ကောင်း ရက်(၁၂၀)ဗီယမ်နမ် မိုးစပါးအား စက်မှုလယ်ယာဦးစီးဌာန၏ ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့်  စိုက်ပျိုးခြင်း သရုပ်ပြပွဲကို (၁၈.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ် ခဲ့ရာတွင်ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ  နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စက်မှု လယ်ယာ ဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  စိုက်ကြပ်တာဝန်ခံဝန်ထမ်းများ၊ ဒေသခံ တောင်သူ (၇၀)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

   ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး  စိုက်စွမ်းအား၊ သီးထပ်စွမ်းအား မြှင့်တင်ရေးအတွက် ရာသီအလိုက် သုံးသီးစား စိုက်ပျိုးနိုင်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး မျိုး၊ မြေ၊ ရေနှင့် စိုက်နည်းများကို မှန်ကန်စွာ အသုံးချ၍ မိုးစပါးပန်းတိုင် အထွက်နှုန်းပြည့်မီ ကျော်လွန်အောင် ပူးပေါင်းကြိုးပမ်း နိုင်ရေး ဆွေးနွေးကာ တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

၂၀၂၅ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပြည်ခရိုင်အတွင်း ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

   စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် အောင်မင်္ဂလာဈေးရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကို လည်းကောင်း၊ ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ အချိုရည်နှင့်ယိုမျိုးစုံ ကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် မြို့ပေါ်ကုန်စုံဆိုင်များနှင့် ဥသျှစ်ပင်ဈေးကုန်စုံဆိုင်များ သို့စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အ.ထ.က(အိုးဘိုကုန်း)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းသို့ မုန့်အမျိုးမျိုးကိုလည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပါသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁)ရက်မှ (၁၅)ရက်နေ့အထိပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်းနှင့်ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖေါ်ပြမှုရှိစေရေးရှင်းလင်း ဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁)ရက်မှ (၁၅)ရက်နေ့အတွင်း၌  ပြည်ခရိုင်၊ပြည်မြို့နယ်တွင် စက်မှုကွက်သစ်၊ ရွာဘဲရပ်ကွက်ရှိ ဦးအေးချမ်းပိုင်၏ ပေါက်ပေါက်လုပ်ငန်းသို့လည်းကောင်း၊ မအူရွာရှိ ဦးမောင်မောင်အေး၏ “မြင့်”ယိုစုံလုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ကြာနီကန်ရပ်ကွက်၊ ဆေးရိုးတန်းလမ်းရှိ ဦးခင်မောင်သန်း၏ “ဧဝရက်”ဆီစက်သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်လမ်းရှိ ဦးဝဏ္ဏထွန်း၏ “ဘရဏီ”စက်သုံးဆီအရောင်းဆိုင် သို့လည်းကောင်း သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား များ၊ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁)ရက်မှ(၁၅)ရက်အထိ ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင် အတွင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁)ရက်မှ(၁၅)ရက်အတွင်း ပြည်ခရိုင်၊ ပြည်မြို့တွင် မူလွန်(မြတ်လေးရုံ) ကျောင်း၊ ရွှေတောင်မြို့နယ်တွင် အ.ထ.က(ခွဲ) သရက်တောကျောင်း၊ ဧဝရက်ကိုယ်ပိုင် အထက်တန်း ကျောင်း၊အ.မ.က(ဝါးလည်)၊အ.မ.က(ကြို့ကုန်း) ကျောင်းများသို့ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများ သည်စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ 

    အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ် တာဝန် ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ် ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည် များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိ ရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ