Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအားအသိပညာပေး‌ဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းလာသော ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်‌ရေး၊ စားသုံးသူအခွင့်အရေးများပြည့်ပြည့်ဝဝရရှိရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအပေါ် စားသုံးသူ ပြည်သူများ၊ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး‌‌ဟောပြောပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်အားလုံး အလေးထားဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံသည် (၁၈.၇.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ မြလေးရုံအခြေခံပညာမူလတန်းလွန်ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား / ကျောင်းသူ (၅၀)ဦးသို့ ဌာန၏ဥပဒေပါပြဌာန်းချက်များပါ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များ၊ Online စနစ်ဖြင့် ဈေးဝယ်ရာတွင် တွေ့ကြုံရနိုင်သည့် အားသာချက်၊ အားနည်းချက်များ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်ရှိအခြေခံပညာမူလတန်းကျောင်းတွင်စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

   ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ (၁၈.၇.၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်၍ စားသုံးသူ အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ အဖွဲ့သည် အခြားမိတ်ဖတ်ဌာနဆိုင်ရာများဖြစ်သော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာတို့နှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅၂)ဦးတက်ရောက်ခဲ့ပါသည်။ စားသုံးသူအသိပညာပေး ဟောပြောပွဲတွင် ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်မှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူများ ရသင့်ရထိုက်သော အခွင့်အရေးများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း၊ Online ဈေးဝယ်ယူရာတွင် သိထားသင့် သည့် အကြောင်းအရာများ၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူသတင်း ပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ များတွင်တိုင်ကြားနိုင်ကြောင်းနှင့် အခြားတိုင်ကြား နိုင် သည့် နည်းလမ်းများဖြစ်သော (၁၅၃၅) call Center သို့လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

သနပ်ပင်မြို့နယ်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

    ပဲခူးတိုင်းဒေသကြီး ၊ သနပ်ပင်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးစိုးဝင်း (ဒု-ကြီး/ကြပ်) ရေးမှူးသည် ပူးပေါင်းအဖွဲ့ဝင်ဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ထွေအုပ်၊မြို့နယ်ရဲတပ်ဖွဲ့များနှင့်အတူ (၁၀.၇.၂၀၂၅) ရက်နေ့ နံနက် (၈း၀၀) နာရီ အချိန်တွင် သနပ်ပင်မြို့မဈေးသို့ရောက်ရှိ၍ ဈေးအတွင်းရောင်းချနေသော ဈေးဆိုင်နှင့် ကုန်စုံဆိုင်များသို့ ရောက်ရှိ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းဖော်ပြခြင်း ၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပြီး ၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

၇/၂၀၂၅ ဝန်ထမ်းထုဆန္ဒဖေါ်ထုတ်ပွဲကျင်းပ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၁၅-၇-၂၀၂၅ (အင်္ဂါနေ့)နေ့လည် (၁:၀၀) နာရီမှ (၃:၀၀) နာရီအထိ ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (၇/၂၀၂၅)ကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူ ဦးဇေယျဆွေ ၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဇော်လွင် ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများနှင့် အတူ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊မြင်းခြံခရိုင်ဦးစီးမှူးရုံးများမှ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများ ၊ ပြင်ဦးလွင် ခရိုင်နှင့် ညောင်ဦးခရိုင်တို့မှ ခရိုင်တာဝန်ခံများနှင့် ဝန်ထမ်းများက Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။ တိုင်းဒေသကြီးဦးစီးမှူးက အဖွင့် အမှာစကားပြောကြားပြီး တိုင်းရုံးမှ ဌာနခွဲတာဝန်ခံများ၊ ခရိုင်ရုံးများမှ  ခရိုင်ဦးစီးမှူးများနှင့် ခရိုင်တာဝန်ခံများက မိမိတို့တာဝန် ယူဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များ၊ အခက်ခဲများအား တင်ပြ၍ တိုင်ပင်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။ထိုနောက် လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးတို့က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးဦးစီးမှူးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ချမ်းအေးသာစံမြို့နယ်၊ အ.လ.က (၁၀) တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ အသိပညာပေးဟောပြော ခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ  (၁၅-၅-၂၀၂၅) ရက်နေ့၊  နံနက်(၁၀:၀၀) နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ အ.လ.က (၁၀) တွင် ကျောင်းသား/သူ (၁၀၀) ဦးခန့်အား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
    ဟောပြောပွဲတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးပါက တိုင်ကြားနိုင်သည့် နယ်ပယ်များအကြောင်း ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“စားသောက်ဆိုင်အားပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

    ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ဇူလိုင်လ(၁၄)ရက်နေ့တွင် လွင်ကဖေး လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်အား ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်းသိရှိရပါသည်။ ထို့သို့စစ်ဆေး ရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက်ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ အစားအသောက်ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန်၊ ဝန်ထမ်းများ ကျန်းမာရေး‌ဆေးစစ်မှုများခံယူရန် ၊ မိမိတို့ဆိုင်မှ ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး စားသုံးသူအားလုံလောက်သည့် သတင်းအချက်အလက်များပြည့်စုံ မှန်ကန်စွာ အသိပေးပြောကြားရန်နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊အရွယ် အစား(Size)ပမာဏအလိုက် စျေးနှုန်းအား ဖွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် စသည်တို့အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ဆန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

   ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၄) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်း ဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
   ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေး လျက်ရှိကြောင်း၊၎င်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များ ကိုသိုလှောင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက် ားကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန် အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည် ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ဈေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး”

   ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၄) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် အတူ ပူးပေါင်း၍ နွေမိုးဆောင်း ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားအရောင်းဆိုင်သို့ သွားရောက်၍ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထို့သို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်း လိုင်စင်ရှိ/မရှိ ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးနှင့် အလှကုန်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိမှဆေးဝါးနှင့် ဖြည့်စွတ်စာများနှင့်ပက်သက်၍  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ညွှန်ကြားအမှတ်(၂/၂၀၂၁၉)ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း ၊ ၄င်းညွှန်ကြားချက်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုး ၊ အိမ်သုံးဆေးဝါး လိမ်းဆေးအမျိုးမျိုး၊ အာဟာရဖြည့်စွတ်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်ပစ္စည်း အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် ၊ ဘေးထွက်ဆိုးကျိုး ၊ ကြိုတင်သတိပေးချက်စသည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်စည်များရောင်းချ ပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

   ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူ များအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ ဇူလိုင်လ(၁၃) ရက်နေ့တွင် ကျောက်ဆည်မြို့ ၊ နည်းပညာတက္ကသိုလ်ဝန်းအတွင်း၌ အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော  အမဲသား တစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ် ၊ ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-)ကျပ် ၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သား တစ်ပိဿာ လျှင်(၂၀၀၀၀/-)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၁၄၅/-)ကျပ်နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများ သက်သာ ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သက်မှတ်ထားသော နေရာများတွင် ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းသိကောင်းစရာများ Talk Show ကျင်းပပြုလုပ်”

   ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်း၍ ဇူလိုင်လ(၁၄)ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ Community Center ခန်းမ၌ စားသုံးသူ၏အခွင့်အရေး နှင့် တာဝန်များအကြောင်း သိကောင်းစရာများ Talk Show ဆွေးနွေးပွဲ ကို ကျင်းပခဲ့ပါသည် ။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခင်နှင်းရီ(ဦးစီးအရာရှိ)က အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး၊ ပြင်ဦးလွင်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဦးထွန်းထွန်းနိုင် (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး ဥပဒေ၌ စားသုံးသူ အခွင့်အရေး(၈)ချက်ရှိပါကြောင်း၊စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင် မှုများနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိနိုင်ခြင်း၊ ဘေးအန္တရာယ်ကင်း စွာအသုံးပြုနိုင်ခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းနှင့် ရှင်းလင်းတင်ပြခွင့်ရှိခြင်း ၊ လိုအပ်သောသတင်းအချက်အလက်များရရှိခွင့်နှင့် ပြေစာအထောက် အထားများရရှိနိုင်ခွင့်ရှိခြင်း၊စားသုံးသူများ၏တာဝန်များမှ သတင်းအချက်အလက် နှင့်လမ်းညွှန်ချက် များအားလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ စားသုံးသူများနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်းဒေသကြီး/ပြည်နယ်ခရိုင်ရုံးများတွင် CICC ရုံးများဖွင့်လှစ် ားပါကြောင်း၊ Consumer Call Center (1535)သို့လည်း ခေါ်ဆိုတိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ