
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၅)ဦး တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀:၃၀ နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ မန္တလေး-ရွှေဘို လမ်းမကြီး မြောက်ဘက်ရှိ အမှတ်(၃) အထည်စက်ရုံခွဲဝင်းအတွင်း တည်ရှိသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လျှောက်ထားသည့် ZHONGZHAN INTERNATIONAL TEXTILE DYEING DOWN GARMENT (MYANMAR) CO.,LTD ၏ ကုမ္မဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ အမှန်တကယ် လုပ်ငန်း ဆောင်ရွက်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကုမ္ပဏီကို ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်တွင် ရင်းနှီးမြှုပ်နှံမှုတန်ဘိုး ကျပ်သိန်း (၁၀၀၀)ဖြင့် စတင် တည်ထောင်ပြီး အမှတ်(၃) စက်မှုထုတ်ကုန်မှ အချောထည်အင်္ကျီများကို (Order) မှာယူ၍ မြန်မာနိုင်ငံအနှံ့အပြား တင်ပို့ပြီး ရန်ကုန်မြို့မှတဆင့် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့လည်း တင်ပို့ကြောင်း၊ လုပ်သား အင်အား(၉) ဦးအား တစ်ဦးလျှင် တစ်လကျပ်(၂၀၀၀၀၀/-) မှကျပ်(၃၅၀၀၀၀/- ၄၀၀၀၀၀/-) ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများပေးထားနိုင်ကြောင်းသိရှိရပြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ စိစစ်မည့်ပုံစံဖြစ်သော ကုမ္ပဏီအမည်၊ ကုမ္ပဏီရုံးခန်းလိပ်စာ၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ မှတ်ပုံတင်နှင့် နေရပ်လိပ်စာ၊ ကုမ္ပဏီ ရုံးခန်းလိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ ဒါရိုက်တာအဖွဲ့ဝင်များသည် နေရပ်လိပ်စာ တွင် အမှန်တကယ် နေထိုင်မှု ရှိ/မရှိ၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ နေထိုင်သည့် အဆောက်အဦအမျိုးအစား၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု အခြေအနေ၊ ဒါရိုက်တာများ ယခင်က ကုမ္ပဏီ တည်ထောင်ခဲ့ခြင်း ရှိ/မရှိ၊ ကုမ္ပဏီမှ လျှောက်ထားမှုလုပ်ငန်းနှင့် လက်ရှိမြေပြင်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေ အနေ၊ ဆောင်ရွက်သည့်လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ကုမ္ပဏီ၏ ပတ်ဝန်းကျင် အနေအထားများအား မြေပြင်ကွင်းဆင်း၍ လေ့လာ မေးမြန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)