Main menu

ကန့်ဘလူမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားထည့်သွင်းရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ဒေသတွင်းရှိ လုပ်ငန်းရှင်များအား မိမိတို့ထုတ်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်းရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် နံနက် (၁၁:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာနရုံးခန်း၌ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ “ရွှေကြယ်စင်”လဖက်လုပ် ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသား ထည့်သွင်းနိုင်ရေး လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

   ထိုသို့ဆွေးနွေးရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိ သောကုန်စည်များကို  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေ ရန်ရည်ရွယ်၍ ဒေသတွင်းရှိလုပ် ငန်းများအား လစဉ်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန် များထုတ်လုပ်ရာ၌ အသုံးပြုသည့်ပါဝင်ပစ္စည်းများတွင် တားမြစ်ထားသည့် ဓာတုပစ္စည်းများ ထည့်သွင်းအသုံးမပြုရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးရောင်းချရန်၊ သက်ဆိုင်ရာဌာနများ၏ အမိန့် နှင့်ညွှန်ကြားချက်များကို သိရှိထားပြီး လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားထည့်သွင်းရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)