Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Seeder ဖြင့် မိုးစပါးစိုက်ပျိုးခြင်း အလေးထားဆောင်ရွက်ရေး

   (၁၂.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဉီးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့် စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ပါသည်။

    ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မှော်ဘီမြို့နယ်ရှိ ဧက(၁၀၀)စပါး စိုက်ပျိုးမြေများအား Seeder စနစ်ဖြင့် စိုက်ပျိုးရန် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှုကိုလည်း Seeder ဖြင့် စိုက်ပျိုးမှုများ ပြုလုပ်သွားမည်ဖြစ်ရာ မှော်ဘီမြို့နယ်သည် စိုက်ပျိုးရေး အဓိကလုပ်ကိုင်ဆောင်ရွက်သော မြို့တစ်မြို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

         

မှော်ဘီမြို့နယ်၊ Moon Sun စက်သုံးဆီဆိုင်သို့ အသိပညာပေးဆွေးနွေး

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံး မှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ရန်ကုန်-ပြည်လမ်း၊ မရမ်းသလင်းကျေးရွာ၊ မှော်ဘီမြို့နယ်ရှိ Moon Sun စက်သုံးဆီဆိုင်သို့ အသိ ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက Moon Sun စက် သုံးဆီဆိုင်တာဝန်ခံအား စားသုံးသူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် (PPRD)စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ် ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန်၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိစေရန်၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် စက်ဆီ/ချောဆီများ တင်သွင်းရောင်းချခြင်းမပြုရန်၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်နှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA (ရန်ကုန်)

Terminal M (Ocean)ရှိ ဆန်အရောင်းကောင်တာသို့ ကွင်းဆင်းစစ်ဆေးခြင်း

   (၁၄.၇.၂၀၂၅)ရက်နေ့၊နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် အမှတ်(၁၉၆)၊ အမှတ်(၃)လမ်းမကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Terminal M (Ocean)သို့ သွားရောက်၍ ဆန်ရောင်းချနေမှုအား ကွင်းဆင်းအသိ ပညာပေး ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် Ocean ဆန်ကောင်တာရှိ ရောင်းချနေသော ဆန်များ သည် Ayeyar (ပေါ်ဆန်း) 2 Kg၊ ရက် (၉၀) 2 Kg၊ City Selection (ဧရာဝတီပေါ်ဆန်း) 12 Kg၊ မြ (ပေါ်ဆန်း) 12 Kg၊ စားတော်ကဲကြီး(ရွှေဘိုပေါ်ဆန်း) 5 Kg၊ သန့်(ပေါ်ဆန်းမွှေး) 12 Kg၊ သန့် (ရွှေဘိုပေါ်ဆန်း) 2 Kg၊ Nursery(ရှမ်းဆန်) 2 Kg  စသည့်ဆန်များကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း မပြုရန် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့်ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးနှင့် ဝန်ထမ်း များသည် (၁၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၁၅)နာရီအချိန်တွင် အမှတ်(၄၂/အေ)၊ ၂၅၀/၂၅၁၊ အမှတ် (၄)လမ်းမကြီး၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ် City Mart ရှိ ဆန်အရောင်းကောင်တာအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် စားသုံးသူရေးရာဉီးစီးဌာနမှ လစဉ်သတ်မှတ် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်ရှိ Ocean Super Center များသို့ ကွင်းဆင်းစစ်ဆေးခြင်း

    (၁၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် လှိုင်သာယာမြို့နယ်ရှိ Ocean Super Center များတွင် ရောင်းချနေသော ဆန်အရောင်းကောင်တာများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်း၊ ဇုန်(၂) လှိုင်သာယာမြို့နယ်ရှိ Ocean Super Center ဆန်အရောင်းကောင်တာတွင် ရောင်းချနေသော ဆန် အမျိုးအစားအလိုက်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဉီးစီးဌာနမှ ထုတ်ပြန်ထားသောနှုန်းထက် ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးကစားရန်အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်း မပြုရန် ပြောကြားခဲ့ပြီး ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ် City Mart တွင် လစဉ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးများ အတိုင်းရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၂/က)၊ (၈)ရပ် ကွက်၊ ကျန်စစ်မင်းအိမ်ရာ City Mart ရှိ ဆန်အရောင်းကောင်တာများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် City Mart တာဝန်ခံ ဒေါ်မျိုးမျိုးမြင့်အောင်နှင့် တွေ့ဆုံကာ ရောင်းချနေသော ဆန်အမျိုးအစား၊ အမှတ်တံဆိပ်တို့၏ Kg ဈေးနှုန်း၊ စားသုံးသူရေးရာဉီးစီးဌာနမှ လစဉ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချနေကြောင်း စိစစ်တွေ့ရှိရပြီး ဈေးကစားရန်အလို့ငှာ သိုလှောင်ထားခြင်း မပြုရန် လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အင်းစိန်မြို့နယ်ရှိ City Mart (ဖော့ကန်)သို့ ဆန်ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီး တို့သည် (၁၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁၃)၊ ၁-ခ (၃၉၉-က)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ City Mart (ဖော့ကန်)သို့ သွားရောက်၍ ဆန်ရောင်းချ နေမှုအခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် City Mart(ဖော့ကန်)ရှိ တာဝန်ခံနှင့်တွေ့ဆုံကာ ဆန်ဈေးနှုန်း များကြီးမြင့်မှုမရှိစေရေးအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းများ စားသုံးသူရေးရာဉီး စီးဌာနမှ ထုတ်ပြန်လျက်ရှိရာ စားသုံးသူပြည်သူများသို့ သင့်တင့်မျှတသော နှုန်းထားများအတိုင်း ဆက်လက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ရန် ဆန်လက်လီ/လက်ကားအရောင်းဆိုင်များသို့ လစဉ်သတ်မှတ်ထုတ်ပြန်ထားသည့် သင့်တင့်မျှတ သော ဈေးနှုန်းဈေးကွက်(Reasonable Market Price)များအတိုင်း ရောင်းချစေရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၁) ရက်နေ့၊နေ့လယ်  (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမောင်ကျော်မြင့်(ဦးစီးအရာရှိ) နှင့်အဖွဲ့သည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ကျောက်တံတား မြို့နယ်၊ အမှတ်(၁၄၄)၊ မြေညီထပ်ရှိ Best Choice Online Shop လုပ်ငန်းသို့ သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဆေးရေး အရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်

DOCA (ရန်ကုန်)

လျှပ်စစ်ပစ္စည်းအရောင်းဆိုင်သို့ Online ကွင်းဆင်းစစ်ဆေးခြင်း

     လမ်းမတော်မြို့နယ်၊ အမှတ်(၂၉)၊ (၆) လွှာတွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ဂတ်ဂျက်ဖက်ထရီ လျှပ်စစ်ပစ္စည်းဆိုင်သို့  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမောင်ကျော်မြင့်(ဦးစီးအရာရှိ) နှင့်အဖွဲ့ သည် (၁၁.၇.၂၀၂၅) ရက်နေ့ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို စစ်ဆေးရေးအရာရှိမှ အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၁၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၇း၃၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

         ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ