Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ် ဆောင်ရွက်လျှက်ရှိရာ ဇူလိုင်လ(၁၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ် ၊ အဲ့ဗျကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ တက်ရောက် လာသည့် ကျေးရွာသူ၊ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov. mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ၊ ကျေးရွားသားများအား စားသုံးသူအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး စတားပဲကြော် လုပ်ငန်းအား ကွင်းဆင်းစိစစ်”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ စတားပဲကြော် လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊(Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကို စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စတားပဲကြော်လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက် အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး GOLEN GODZILLA အချိုရည်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ GOLEN GODZILLA အချိုရည်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊ (Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ၊မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် GOLEN GODZILLA အချိုရည်လုပ်ငန်းအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ် ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက် အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက် အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြား ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး CoolBoy ရေခဲချောင်း နှင့် ရေခဲမုန့်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများသည် ဇူလိုင်လ(၁၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ CoolBoy ရေခဲချောင်း နှင့် ရေခဲမုန့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊(Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ၊မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် CoolBoy ရေခဲချောင်း နှင့် ရေခဲမုန့်လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စားသုံးသူကာကွယ် ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါအချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း နှင့်၄င်းအချက် အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့်ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင် သတိပေးချက် တို့အား မြန်မာဘာသာ ဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြ ရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ရွှေဝဝပေါင်မုန့် လုပ်ငန်းအား ကွင်းဆင်းစိစစ်”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၁၁)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရွှေဝဝပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှု ရှိစေရေး၊(Pre Market) ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကို စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ရွှေဝဝ ပေါင်မုန့် လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့်၄င်းအချက် အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည် ၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ ၊ ထားသို သိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံ နည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“စားသုံးသူရေးရာကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်”

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ(၁၁)ရက်နေ့တွင် မြစ်သားမြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ကျင်းပခဲ့ပါသည် ။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သီတာအောင် (ဦးစီးအရာရှိ)က အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး၊ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊မြစ်သားမြို့နယ် တာဝန်ခံ ‌ဒေါ်မော်မော်အောင်(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ၌ စားသုံးသူအခွင့် အရေး (၈)ချက်ရှိပါကြောင်း၊ ၄င်းအချက်များအနက် စားသောက်ဆိုင်များအနေဖြင့် စားသုံးသူများ အား သတင်းအချက်အလက်များပြည့်စုံမှန်စွာသိရှိခွင့်နှင့်စားသုံးပြီးပါက ပြေစာ(သို့) အထောက် အထား များအားရမှာဖြစ်ကြောင်း၊ အစားအသောက်ကိုင်တွယ်ရောင်းချသူများ သတိပြုလိုက်နာရန် အချက် များမှသန့်ရှင်းလတ်ဆက်သော အစားအစာများကို ရောင်းချစေရေး ၊ အစားအသောက် ကိုင်တွယ် ပြင်ဆင်သူသည် မိမိ၏တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရန်နှင့် ရက်လွန် အစား အသောက်များအား ရောင်းချခြင်းမပြုလုပ်ရန်၊ အစားအသောက်များကိုင်တွယ်ရာတွင် တစ်ခါသုံး လက်အိတ်ကိုအသုံးပြုရန်နှင့် ၊ အစားအသောက်ကိုင်တွယ်ရောင်းချသူများအနေဖြင့် ကျန်းမာရေး ဆေးစစ်ချက်များခံယူရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

    မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာ ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ဇူလိုင်လ(၁၁) ရက်နေ့တွင် မြစ်သားမြို့နယ်၊ ကူမဲမြို့၊ တောက်ပရစ်ဘုရားကွင်းအတွင်း၌ အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော  မဲသား တစ်ပိဿာလျှင်(၂၈၀၀၀/-)ကျပ်နှုန်းဖြင့် (၂၀)ပိဿာ ၊ ဝတ်သား တစ်ပိဿာလျှင်(၂၆၀၀၀/-)ကျပ်နှုန်းဖြင့်(၂၀)ပိဿာ၊ငါးမြင်းတစ်ပိဿာလျှင်(၈၀၀၀/-)ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်နှုန်းဖြင့် (၂၀)ပိဿာ ၊ ဆန် (၁) ပြည် လျှင် (၃၅၀၀/-)ကျပ်နှုန်းဖြင့် ၂၄ပြည်အိတ်(၂)အိတ်၊ခရမ်းချဉ်သီး(၁)ပိဿာလျှင်(၂၈၀၀/-)ကျပ် နှုန်းဖြင့် ပိဿာ(၂၀ )၊ ဆီ(၁)ပိဿာ လျှင်(၇၂၀၀/-)ကျပ်ဖြင့် (၁၁၀)ပိဿာ၊ ကြက်ဥ(၁၀)လုံးလျှင်(၄၀၀/-) ကျပ်ဖြင့် အလုံး(၂၀၀)ရောင်းချ ပေးခဲ့ပြီး ပြည်သူ့သက်သာဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် အပတ်စဉ် ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေး လုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များဖြန့်ဝေခြင်း တို့ကိုဆောင်ရွက်လျက်ရှိပါသည်။စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးအလိုက်ဟောပြော ဆောင်ရွက်လျက်ရှိရာ(၁၀-၇-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ လမ်း၈၀၊ ၂၈x၂၉ ကြား၊ အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၁၀၅)ဦးအား စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သတ်သော အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။
   အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်မှ အဖွင့်အမှာစကားပြောကြားပြီး၊ သတင်းအချက်အလက်နှင့် အရည်အသွေးစီမံခန့်ခွဲရေး ဌာနခွဲတာဝန်ခံဖြစ်သည့် ဦးစီးအရာရှိ ဒေါ်အေးငြိမ်းစံ မှ  စားသုံးသူကာကွယ်ရေး နှင့် ဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူများ၏အခွင့်အရေး နှင့် တာဝန်များ၊ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းများအား ရှင်းလင်းဟောပြောခဲ့ပြီး Comsumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းကို လက်တွေ့ခေါ်ဆို သရုပ်ပြခဲ့ပြီး ကျောင်းသား၊ကျောင်းသူ များအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မန္တလေး)

ချမ်းအေးသာစံမြို့နယ်၊အ.ထ.က(၂၂)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာနယ်ပယ်အသီးသီး အလိုက် ဟောပြောဆောင်ရွက်လျက်ရှိရာ (၇-၇-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ချမ်းအေးသာစံမြို့နယ်၊ အ.ထ.က(၂၂)ရှိ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦး တို့အား စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သော အသိပညာပေးဟောပြောခြင်း ဆောင်ရွက် ခဲ့ပါသည်။
   စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံး၊ဒေါ်ဖြူသဲနွယ်(လက်ထောက်ညွှန်ကြားရေးမှူး)မှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊  စားသုံးသူ ရေးရာဌာနခွဲရှိ ဦးတင်ချစ်ကောင်း (ဦးစီးအရာရှိ)မှ စားသုံးသူကာကွယ်ရေးနှင့်ဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန် များ၊ စားသုံးသူတိုင်ကြားမှုအပေါ် ဦးစီးမှူးရုံးမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို ဟောပြောဆွေးနွေးခြင်း၊စားသုံးသူဌာနခွဲတာဝန်ခံ ဒေါ်မေသက်ထွန်း (ဦးစီးအရာရှိ) မှ ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည်များအား ပြန်လည်ဖြေကြားခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးမျိုးထွန်း (ဦးစီးအရာရှိ) မှ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် ပတ်သက်သော အကြောင်းအရာများနှင့် ဥပဒေပါတားမြစ်ချက်များကို ကျူးလွန်ဖောက်ဖျက်ပါက  ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသီးသီးဟောပြောဆွေးနွေးမှုများအား သိရှိခဲ့ရပါသည်။

DOCA(မန္တလေး)

သရက်မြို့ပေါ်ရှိ BLUE OCEAN သောက်ရေသန့်စက်ရုံအား ကွင်းဆင်းလေ့လာခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီး မှူးနှင့်ဝန်ထမ်းများသည် (၁၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် သရက်မြို့၊ မင်းတုန်းလမ်းရှိ  BLUE OCEAN အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်နေသော  သောက်ရေသန့်စက်ရုံသို့ သွားရောက်  ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

   သောက်ရေသန့်ဘူးများကို (၂၀)လီတာ၊ (၁)လီတာ၊ (၀.၆) လီတာတို့ဖြင့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး ၎င်းသောက်ရေသန့်ဘူးများတွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာ ကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ၍ ထုတ် လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဒုတိယခရိုင်ဦးစီးမှူးမှ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များ အကြောင်းအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ