Main menu

ညောင်ဦးမြို့တွင် MSME လုပ်ငန်းရှင်များအား Online Sale  နှင့်ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

         ညောင်ဦးခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ ညောင်ဦးမြို့နယ် အတွင်းရှိ MSME လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲကို ၄-၈-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် အဆိုပါရုံး၌ကျင်းပပြုလုပ်ရာ ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က တက်ရောက်လာသောလုပ်ငန်းရှင်များနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား Online Sale နှင့်ကုန်အညွှန်းအမှတ်အသားများအကြောင်း သိကောင်းစရာများအား အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

          Online Sale နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ Online စနစ်မှတစ်ဆင့် ဝန်ဆောင်မှု ပေး၍ ရောင်းချသည့်လုပ်ငန်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ Online ဖြင့်ရောင်းချရာတွင် စားသုံးသူများ လိမ်လည်ခံရနိုင်မှုပုံစံများ၊ တရားဝင်မှတ်ပုံတင်ထားမှုရှိ/မရှိနှင့်မှန်ကန်စွာရောင်းချခြင်းရှိ/မရှိ စိစစ် သင့်သည့်အချက်များ၊  Online ရောင်းချခြင်းလုပ်ငန်းများ၏ အားနည်းချက်များ၊ အားသာချက်များ ကိုလည်းကောင်း၊ Online မှ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာမှုများမဖြစ်ပေါ်စေရန် လုပ်ဆောင် သင့်သည့်အချက်များကိုလည်းကောင်း၊ အကယ်၍နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် ဆောင်ရွက်ရ မည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ ဖုန်းနံပါတ်များအား အသိပညာပေးဆွေးနွေးခဲ့ ကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် MSME လုပ်ငန်းရှင်များ စုစုပေါင်း(၃၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)