Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မဲဇလီကုန်းမြို့ “သစ်ဆန်းရတနာ”ဆန်စက်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၅.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၃၀) အချိန်တွင် အင်္ဂပူမြို့နယ်၊ ဘူတာရှေ့လမ်း၊ မဲဇလီကုန်းမြို့ရှိ “သစ်ဆန်းရတနာ” ဆန်စက်သို့သွားရောက်၍ ဆန်/စပါးဈေးနူန်းဈေးကွက်အခြေအနေ၊ ဆန်အိတ်အလေးချိန်မှန်ကန်စေရေး၊ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ လစဉ် ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက  ဆန်စက်လုပ်ငန်းရှင် ဦးထိန်ဝင်းနှင့် တွေ့ ဆုံ၍  မြန်မာဆန်စပါးအွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန် တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ် ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်  ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင် များအနေ ဖြင့်  ကုန်ရ၊ ကုန် ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ဆန်စပါးဈေးနှုန်းဈေးကွက်နှင့် ဆန်စပါးလက်ကျန်အခြေအနေ များအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် သံလွင်ကွင်းကျေးရွာရှိ ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှု ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြိုနယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာသည် (၅.၁၂.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၀၀)အချိန်တွင် ဇလွန်မြို့နယ်၊ သံလွင်ကွင်းကျေးရွာရှိ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ခွဲတမ်းရ စားအုန်းဆီကိုယ်စားလှယ်များမှ တစ်ဆင့် ဆီဖြန့်ဖြူးရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား သံလွင်ကွင်းကျေးရွာရှိ ရပ်ကွက်နေပြည်သူများအား ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ် ရည်ညွှန်းဈေး ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များ ထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် ၂ ကြိမ်ရရှိကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ထားဝယ်မြို့၊ အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၉ ရက်နေ့၊ (၃း၃၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အွန်လိုင်း ရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ရှိ လပ်ကီးဖိုက် စတား အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများလုပ်ငန်းအား မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက် နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

၂၀၂၅- ၂၀၂၆ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံနေကြာစံပြကွက်အစေ့ချစိုက်ပျိုးပွဲအခမ်းအနားကျင်းပ

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် နေ့လည် (၁၃း၃၀) အချိန်၊ ဟင်္သာတမြို့နယ်၊ ဒူးယားမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ကွင်းအမှတ် (၁၄၈၄)၊ ဦးပိုင်အမှတ် (၉၄၁)ရှိ တောင်သူ ဦးကြည်စိုး ပိုင် လယ်မြေ (၃.၀၀) ဧက၌ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ နေကြာစံပြကွက်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့ရာ နေကြာစံပြကွက် စိုက်ပျိုးပွဲသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေ နှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်၊ ဒူးယားမြို့အုပ်ချုပ်ရေးမှူး ဦးနေအောင်၊  စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူး များနှင့် ဒေသခံတောင်သူ များ စုစုပေါင်းအင်အား (၃၀)ဦးခန့် တက်ရောက်ခဲ့ပြီး၊ အဆိုပါ နေကြာစံပြကွက်စိုက်ပျိုးပွဲတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေ တို့မှ ဦးဆောင်ကာ နေကြာစံပြကွက် စိုက်ပျိုးပွဲ တက်ရောက်လာသူများနှင့် ဒေသခံတောင်သူများ စုပေါင်း၍ ရေဆင်းစပ်မျိုး(၁)၊ ဆီထွက် သီးနှံဆောင်းနေကြာအား အစေ့ချစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရှိ ဆေးမျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် ဆွေးနွေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၇.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ဈေးကလေးလမ်းတာငါးဆယ်(မြောက်)ရပ်ကွက်ရှိ  ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း အိမ်သုံးဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဆေးပစ္စည်းအမျိုးမျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် သက်ဆိုင်ရာဌာန၏ ထောက် ခံချက်များရှိ/မရှိ စစ်ဆေးကာ ရောင်းချရန်လိုအပ်ကြောင်း၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အိမ်သုံးဆေးဝါးများတွင် အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက် မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန် ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်စသည်တို့ကိုအသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

    ဆန်စျေးကွက်စျေးနှုန်းနှင့် Consumer Packaging ဖြင့် ရောင်းချမှုများအတွက် သင့်တင့်မျှ တသော ဆန်စျေးနှုန်းများအားချမှတ်ခဲ့ပြီးဖြစ်ရာ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန တို့သည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ ဆန်အ‌ရောင်းဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသောဈေးနှုန်းများကို သတ်မှတ်ရည် ညွှန်းဈေးအတိုင်းရောင်းချနေခြင်းရှိ/မရှိနှင့် ဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်း စားသုံးဆီများဖူလုံစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ လ(၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့်ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့သည် မြိတ်မြို့၊ ရှမ်းချောင်းရပ်သို့ သွားရောက်၍ စားအုန်း ဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနှိုင်းများကပ်၍ ရောင်းချနေကြောင်းသိရှိရပြီး လက်ကားကိုယ်စား လှယ်များမှ ရရှိကြောင်း၊ မြိတ်မြို့တွင်သယ်ယူပို့ဆောင်စရိတ်နှင့် ၂ ရာခိုင်နှုန်းပေါင်း၍ ရောင်းချ ကြောင်း သိရှိရပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (2.12.၂၀၂၅) ရက်နေ့၊ နံနက် (၁1:၀၀) နာရီအချိန်တွင် လင်းခေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား   ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်‌ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး အိမ်သုံး ဆေးဝါများ ဈေးကွက်အတွင်းပြတ်လပ်မှု ရှိ/မရှိ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

မလှိုင်ဈေးအတွင်းရှိဈေးဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုး ရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်စန်းသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  မလှိုင်မြို့မ ဈေးအတွင်းရှိ ဈေးဆိုင်များအား    ၂၀၂၅ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၇ ရက်နေ့တွင် အသင့်စားမုန့် အမျိုးမျိုး ရောင်းချခြင်းရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ် ထားသည့်မုန့်များ ရောင်းချခြင်း ရှိ/ မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်း ရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှုရှိ/ မရှိအား ဌာနမှစျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား‌ရောင်းချခြင်း မပြုကြရန်ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန် စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်အမျိုးမျိုးကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၊ နေ့လည် (၁း၀၀) နာရီအချိန်တွင်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ) အစည်းအဝေးအား (Virtual) စနစ်ဖြင့်ပြုလုပ်ခဲ့ပါသည်။

   လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဝန်ထမ်းများအား လမ်းညွှန်ချက် များ ပြောကြား၍ ခရိုင်မှူးများက မိမိတို့ ဆောင်ရွက်နေသော လုပ်ငန်းများအားတင်ပြခဲ့ရာ တိုင်းဦးစီး မှူးမှ လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင်ရာခရိုင်များမှ မိမိတို့ ခရိုင်များ၏ လိုအပ်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှ လိုအပ်သည်များအား ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးခဲ့ပြီး အစည်းအ‌‌ဝေးအား (၃း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ