Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ်အတွင်းရှိ Deliveryလုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း Delivery ဝန်ဆောင်မှု ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် သိကောင်းစရာကိစ္စရပ်များ အသိပညာပေး ဟောပြောခြင်းအား ၂၁.၉.၂၀၂၅ ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးက Delivery လုပ်ငန်းရှင် ပြည့်ဝကုန်စည်ပို့ဆောင်ရေး ခေးခေးလေး ကုန်စည်ပို့ဆောင်ရေး၊ Royal Express လုပ်ငန်းများအား မိမိကုန်စည်နှင့် ဝန်ဆောင်မှုများကို သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိပဲ လုပ်ငန်းလုပ်ဆောင်နေပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေး၊ တားမြစ်ချက်ဆိုင်ရာပြဋ္ဌာန်းချက်၊ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ကော်မတီအနေဖြင့် အရေးယူဆောင်ရွက်ရ မည့်လုပ်ငန်းစဉ် လျော်ကြေးငွေပေးစေခြင်း၊ ဒဏ်ကြေးငွေချမှတ်ခြင်း၊ ကုန်စည်ဝန်ဆောင်မှုကို ကာလအကန့်အသတ်တားမြစ်ခြင်း၊ လုပ်ငန်းလိုင်စင် ယာယီ/ အမြဲပိတ်သိမ်းနိုင်ရန် အစိုးရဌာနနှင့်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်းကို လုပ်ငန်းလုပ်ကိုင်သူ Deliveryလုပ်ငန်းရှင် များအားအသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ စားသုံးသူရေးရာ အချက်အလက်နှင့်ပတ်သက်၍ စားသုံးသူ/စီးပွားရေးလုပ်ငန်းရှင်များက ဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်း ဆက်သွယ်မေးမြန်း နိုင်ကြောင်းအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

     ဝန်ဆောင်မှုလုပ်ငန်းများ များပြားလာ၍ စားသုံးသူများ စိတ်ကျေနပ်မှု ရှိစွာ ဝယ်ယူ နိုင်ရေးအတွက် Deliveryလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်လျှက်ရှိသော ဥပဒေပါတားမြစ်ချက်များကို လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျှက်ရှိသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းများအား ‌ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

                ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းစားအုန်းဆီရောင်းချသည့် စားအုန်းဆီလက်ကား/လက်လီ ရောင်းချသော စားအုန်းဆီ အရောင်းဆိုင်များသို့ ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီခွဲ စားအုန်းဆီရောင်းချမှု ဈေးနှုန်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

                      ဓနုဖြူမြို့နယ် စားအုန်းဆီ လက်ကား/လက်လီ ‌ရောင်းချသော ဆီအရောင်းဆိုင် ၁၅ဆိုင်သို့  မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးတို့သည် ဆီရောင်းချမှုကို စစ်ဆေးဆောင်ရွက်ရာ  စားအုန်းလီ လက်လီအရောင်းဆိုင်များမှ ဆီရောင်းချပိဿာ၊ သတ်မှတ်ရည်ညွှန်းဈေး၊ ဆီစာအုပ်ဖြင့် စားသုံးသူများ ဝယ်မှကို စစ် ဆေးခြင်း၊ သတ်မှတ်စည်ကမ်းချက်များအတိုင်းရောင်းချမှု ရှိမရှိကို စစ်ဆေးခဲ့ပြီး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ရောင်းချသူလုပ်ငန်းရှင်များမှ ဒေသတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်မသမာ သောနည်းလမ်းဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာလုပ်ငန်းကြီးကြပ်ရေး ကော်မတီများသို့ တင်ပြပြီး ဥပ‌ဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို အခါအားလျော်စွာ စောင့်ကြည်စစ်ဆေးသွားမည်ဖြစ်ကြောင်း  လုပ်ငန်းရှင်များကို အသိပေးရှင်းလင်းခဲ့သည်။ 

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်တွင် ဈေးကွက်အတွင်း DUMEX DUPRO အမှတ်တံဆိပ် ကလေးအဟာရ မှုန့်များရောင်းချမှု ရှိမရှိ ကွင်းဆင်း စစ်ဆေး

         မအူပင်ခရိုင်၊ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း Danone Specialized Nutrition (Thailand) မှ ထုတ်လုပ်သည့်  DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အား ဈေးကွက်အတွင်း အတုပြလုပ် ရောင်းချနေမှု ရှိမရှိကို ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် ၉နာရီအချိန်တွင် ဓနုဖြူမြို့နယ် ကုန်စုံဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က ပူးပေါင်းစစ်ဆေးခဲ့ကြပြီး ကုန်စုံဆိုင်ကြီး ၈ဆိုင်တွင် ရောင်းချနေသော  DUMEX DUPRO အမှတ်တံဆိပ် ရောင်းချခြင်း မရှိကြောင်းတွေ့ရှိရပြီး ဈေးကွက်အတါင်း အခြားသော ကလေးဖြည့်စွပ်စာ အမှတ်တံဆိပ်များသာ ရောင်းချနေကြောင်း သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့စည်းများ၏ ထောက်ခံချက်ပါဝင်သော ကုန်စည်များဖြစ်ပြီး ၊ ကလေးအဟာရဖြည့်စွပ်စာ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခဲ့ပြီး  ဆိုင်ရှင်များကို စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်း အသိပေးရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်းရှိ အချိုရည်အမျိုးမျိုးနှင့် ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရပ်ကွက်လက်လီဆိုင်များတွင် ​ရောင်းချသည့် စား​သောက်ကုန်များ၊ အချိုရေးနှင့် ရေသန့်အမျိးမျိုး နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား ၁၀ မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကျန်းမာ​ရေးမှူးနှင့်ဝန်ထမ်းများ၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံရုံးက ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများ တာဝန်ရှိသူများပူးပေါင်း၍ မြို့နယ်အတွင်း စားသောက်ကုန်​ရောင်းချသည့် အရောင်းဆိုင်(၁၂)ဆိုင်၌  အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ စား​သောက်ကုန်များ၊ ကုန်ခြောက်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုး အစားများအလိုက် (FDA)ခွင့်ပြုချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိမရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်ရှင်များအား အစားအ​သောက်ကုန်သွယ်​ရောင်းချသူများ လိုက်နာရန်အချက်များ၊ ခွင့်မပြုဆိုး​ဆေးများ​ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခြင်းနှင့် အသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးမှုအခြေအနေနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၁ ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေး ခန်းမတွင် မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးမှုအခြေအနေနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးကို နံနက်(၁၀:၀၀)နာရီ အချိန်တွင် စတင်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး က မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

             အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး (ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့်သုသေသနဌာနခွဲ)၊ တိုင်းဒေသကြီးဦးစီးမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ စည်ပင်သာယာရေးကော်မတီ (ဈေးနှင့်သားသတ်ဌာန)၊ ဗဟိုစာရင်းအဖွဲ့၊ စက်သုံးဆီနှင့်စားသုံးဆီ ရောင်းချမှုကြီးကြပ်ရေးအဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြို့တော်စည်ပင် သာယာရေးကော်မတီ(စီမံ)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊  စက်ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံစားသောက်ဆိုင် အသင်း၊ စားသောက်ကုန်အသင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော လက်ကား ကိုယ်စားလှယ် (၅၂)ဦး၊ စုစုပေါင်း အယောက်(၇၀) ခန့်တက်ရောက်ခဲ့ကြပါသည်။

             ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာမှတာဝန်ရှိသူများက စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကိစ္စရပ်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားကို  နံနက်(၁၁:၃၀) တွင် ရုတ်သိမ်း ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသော ဈေးနှုန်းများဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၂၃.၉.၂၀၂၅)ရက်နေ့၊ နံနက်(၇;၀၀)အချိန်တွင် စတင်၍ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမတွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာသောဈေးနှုန်းများဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အား ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများအား  သက်သာသောဈေးနှုန်းများ ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် ပုဂ္ဂလိကမော်တော်ယဉ်စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီအသင်းနှင့် တွေ့ဆုံမှုမှတ်တမ်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၂၃.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀;၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊တာဝန်ခံရုံးတွင် ပုဂ္ဂလိကမော်တော်ယဉ်စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီဥက္ကဌအား ခေါ်ယူတွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

            ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ ပုဂ္ဂလိကမော်တောင်ယဉ် စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီအသင်းရုံးအဖွဲ့များအား ချမှတ်ထားသည့်ယဉ်စည်းကမ်း လမ်းစည်းကမ်းများ၏ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာကျင့်သုံးကြရန်၊ ယာဉ်တစ်စီးတွင် သတ်မှတ်ထားသည့် တန်ချိန်ထက်ကျော်လွန်၍ တင်ဆောင်ခြင်းမပြုရန်၊ မော်တော်ယဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး အသင်းအနေဖြင့်  ကုန်စည်သယ်ယူပို့ဆောင်ရေးကိစ္စများတွင် အဆင်ပြေချောမွေ့မှုရှိ/မရှိနှင့် အသင်းတိုးတက်ရေးအတွက်  မေးမြန်းရာတွင် အသင်းဥက္ကဌမှ အခက်အခဲမရှိဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊  မော်ကျွန်းမြို့နယ်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသော ဈေးနှုန်းများဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည်(၂၃.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၈;၃၀)အချိန် တွင် စတင်၍ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်၌ ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာ သောဈေးနှုန်းများဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အား ရောင်းချပေးခဲ့ပါသည်။

               ထိုသို့ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း၊ မုန့်နှင့်ရေဘူးများဝေငှပေးအပ်ခြင်း၊ အခြေခံစားသောက်ကုန်ပစ္စည်း များအား  သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

 

ကျိုက်လတ်မြို့ ရွှေဧရာအောင် အားကစားခန်းမ၌ တက္ကသိုလ်ဝင်စားမေးပွဲ ဂုဏ်ထူးအောင် ကျောင်းသား/သူများ ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံခရို်င၊ ကျိုက်လတ်မြို့နယ် (၉)လမ်းပေါ်ရှိ ရွှေဧရာအောင် အားကစားခန်းမ၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်နေ့တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား/သူများ ဆုချီးမြင့်သည့် အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့်အတူ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီး အကဲများ တတ်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒု-ဝန်ကြီးဦးအောင်ကြီးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ၂၀၂၅ ခုနှစ် ၊ တက္ကသိုလ်ဝင်စားမေးပွဲတွင်  အောင်ချက်အကောင်းဆုံးကျောင်းနှင့် ဂုဏ်ထူးရအောင်   ပညာသင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြင့်ခြင်း၊ ထို့နောက် ဂုဏ်ထူးဖြင့် ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဆုချီးမြင့်ခြင်း၊ ကျိုက်လတ်မြို့ အ.ထ.က(၁) ကျောင်းသား/သူများမှ ဘရဏီ သီချင်းဖြင့် ဖျော်ဖြေခြင်းတို့ဖြင့် ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဖျာပုံမြို့နယ် မင်းလှစုကျေးရွာ စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်ရန်အတွက် တွေ့ဆုံခြင်း

           ဖျာပုံခရိုင်၊ ဖျာပုံမြို့ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့တွင် မင်းလှစုကျေးရွာရှိ ရပ်မိရပ်ဖ (၅)ဦးနှင့်အတူ မင်းလှစုကျေးရွာရှိ ရွာသူ/သားများ စားအုန်းဆီ သက်သာဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ တွေ့ဆုံမှုတွင် ခရို်ငဦးစီးမှူး ဦးထွေးသိမ်းသည် မင်းလှစုကျေးရွာအတွင်းရှိ အိမ်ထောင်စု (၂၀၀)စုအား စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်ရေးအတွက် စာအုပ် ထုပ်ပေးမည်ဖြစ်ကြောင်း၊  ကျေးရွာပြည်သူများ စနစ်တကျဝယ်ယူနိုင်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဆီဖြန့်ဖြူးရေးကော်မတီ ဖွဲ့စည်းထားရမည်ဖြစ်ကြောင်း၊ စားအုန်းဆီ ဈေးနှုန်း/အချိန်အတွယ် မှန်ကန်မှုဖြင့် ဝယ်ယူနိုင်ရန် အဖွဲ့ဝင်များမှ  ကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်းတို့ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ