Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁၉.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) အချိန်တွင် ဟင်္သာတမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဦးစီးဌာန၏ လက်ရှိဆောင်ရွက်လျက် ရှိသော လုပ်ငန်းများနှင့်ပတ်သတ်၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အစီအစဉ်တွင်  မြို့နယ်တာဝန်ခံ ဦးမိုးကျော်က   ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့ တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူတို့ ရရှိ သင့်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အရည်အသွေးပြည့်မီသော အင်တာ နက်ဝန်ဆောင်မှုများရရှိစေရန်နှင့် စားသုံးသူအခွင့်အရေးများပြည့်ဝစွာ ရရှိစေရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Onlineမှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ စားသုံးဆီဝယ်ယူခွင့် စာအုပ် များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများ၊  ဈေးကွက်အတွင်း ကုန်စည်အမျိုးအစား အလိုက် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း၊စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်၊ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန် ပြည်သူအသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

 (DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်(၁၉.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

       ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား   စားသောက် ကုန်ပစ္စည်းများရောင်းချပေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၁၉.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံရုံးတွင် စားသုံးဆီ လက်လီ/လက္ကား အရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်(၁၈.၈.၂၀၂၅) ရက်နေ့၊နေ့လယ် (၁၅:၀၀) အချိန်တွင် မြို့နယ် တာဝန်ခံရုံး၌ စားသုံးဆီ လက်လီ/လက္ကား အရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါ သည်။

      ထို့သို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍  စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ရောနှောဆီများ ပြုလုပ်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုလုပ်ကြရန်၊ ဈေးနှုန်းမြင့် တင်ရောင်းချခြင်းစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော  ကုန်စည်များကိုသာရောင်းချကြရန်၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များအား အသိပေးဆွေးနွေးဟောပြောခဲ့ပါသည်။ တက်ရောက်လာသောဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား မြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ စားသုံးဆီ လက်လီ/ လက္ကား အရောင်းဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် (၃၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံရုံးတွင် စားသုံးဆီ လက်လီ/လက္ကား အရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၈.၈.၂၀၂၅) ရက်နေ့၊နေ့လယ် (၁၂:၀၀) အချိန်တွင် မြို့နယ် တာဝန်ခံရုံး၌ စားသုံးဆီ လက်လီ/လက္ကား အရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါ သည်။

     ထို့သို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍  စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ရောနှောဆီများ ပြုလုပ်၍ရောင်းချမှုမရှိစေရေး၊သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြု လုပ်ကြရန်၊ ဈေးနှုန်းမြင့်တင် ရောင်းချခြင်းစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော  ကုန်စည်များကိုသာရောင်းချကြရန်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အားအသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များအား အသိပေးဆွေးနွေး ဟောပြောခဲ့ပါသည်။ တက်ရောက်လာသောဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်း ချက်များအား မြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ စားသုံးဆီ လက်လီ/ လက္ကား အရောင်းဆိုင်ပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင် (၅၇)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်(၁၈.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ မြရတနာဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

               ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၅.၈.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မြောက်ပိုင်းရပ်ကွက်ရှိ မြရတနာဆန်စက်သို့ သွားရောက်၍ စပါး၊ ဆန်လက်ကျန်၊ ဆန်ကြိတ်ခွဲနိုင်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး မေးမြန်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         ဆန်စက်ပိုင်ရှင်အား ဧည့်မထ၊ ပေါ်ဆန်းစပါးများ သိုလှောင်ရုံတွင် ကျန်ရှိသေးသည့် လက်ကျန် အခြေအနေများ၊ တစ်ရက်လျှင် စက်လည်ပတ်မှုအချိန်နှင့် ကြိတ်ခွဲရရှိသော ဆန်အိတ်အရေအတွက်၊ ဧည့်မထဆန်နှင့် ပေါ်ဆန်းဆန်အိတ်များ၏ တင်ပို့ရောင်းချမှု ဈေးနှုန်းးများကို  မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

“ကောက်ညှင်းကျည်တောက် လုပ်ငန်းအားကွင်းဆင်းလေ့လာ”

         ကျောက်ဆည်မြို့ တစ်လပွဲဈေးတွင် ကောက်ညှင်းကျည်တောက် ရောင်းချသူများ လာရောက်ရောင်းဝယ်လျက်ရှိရာ စားသုံးသူဝယ်ယူသူများပြားလျက်ရှိကြောင်း သိရှိရသဖြင့် ကောက်ညှင်းကျည်တောက်ရောင်းချသူနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ကောက်ညှင်းကျည်တောက်ကို ပေါင်းတင်ဝါးဖြင့် ပြုလုပ်ရောင်းချကြောင်း၊ ကုန်ကြမ်းအနေဖြင့် ကောက်ညှင်းအဖြူနှင့် ပေါင်းတင်ဝါး၊ အုန်းသီးဖြင့် ပြုလုပ်ရောင်းချကြောင်း၊ ကောက်ညှင်း ဆန် (၅)ပြည်လျှင် အုန်းသီးတစ်လုံးထည့်၍ ပြုလုပ်ကြောင်း၊ ကောက်ညှင်းကို ရေဆေးပြီး ပွလာအောင် (၄)နာရီခန့် ရေစိမ်ပေးရကြောင်း၊ အုန်းသီးစံကို ပါးပါးလှီးပေးရကြောင်း၊ ဝါးအတွင်းသို့ သန့်စင်အောင် ရေဆေးပေးရကြောင်း၊ အုန်းသီး၊ ကောက်ညှင်းနှင့် ဆားအနည်းငယ်ရော၍ သမအောင်မွှေပေးရကြောင်း၊ သမအောင်နယ်ထားသော ကောက်ညှင်းများကို ဝါးထဲသို့ဇွန်းဖြင့် ဖြေးဖြေးချင်းထည့်ပေးရကြောင်း၊ ကောက်ညှင်းတစ်ဇွန်း ထည့်လျှင် ရေအနည်းငယ်ထည့်ပေးရကြောင်း၊ ရေများလျှင် ကောက်ညှင်းပျော့သွားကြောင်း၊ ဝါးအတွင်းသို့ ထည့်ပြီးပါက ငှက်ပျောဖက်ဖြင့် ထိပ်ဝသို့ ပိတ်၍မွေးသွေးဖိုတွင် နာရီဝက် (သို့မဟုတ်) ၄၅ မိနစ်ခန့်ကြာအောင် ကောက်ညှင်းကျည်ထောက်ကို မီးကင်ပေးရကြောင်း၊ ဝါးမီးကျွမ်းပြီး ငှက်ပျောဖက်လဲ မီးကျွမ်းပါက ကောက်ညှင်းကျည်ထောက် ကျက်ပြီဖြစ်ကြောင်း၊ ရောင်းတန်းဝင်ရန်အတွက် အပေါ်ရံမည်းနေသော ဝါးများကို တစ်ထပ်ခွာပေးရကြောင်း၊ ခွာပြီးပါက အသင့်စားသုံး ၍ရပြီဖြစ်ကြောင်း၊ ကောက်ညှင်းတင်းဝါး တစ်ချောင်းလျှင် အရှည် (၂၂)လက်မ၊ (၁၂) လက်မ ဝန်းကျင်ဖြင့် ပြုလုပ်ကြောင်း၊ ကောက်ညှင်းပြုလုပ်ရာတွင် ကောက်ညှင်းဆန်ကို အရှည် (၂၂)လက်မ တွင် ကောက်ညှင်းအလေးချိန်မှာ (၅၀)ကျပ်သား ခန့်ရှိပြီး၊ (၁၂)လက်မ တစ်ချောင်းတွင် (၂၅)ကျပ် သား ခန့်ပါရှိကြောင်း၊ ကောက်ညှင်းဆန်၊ အုန်းသီး၊ တင်းဝါးနှင့် လုပ်အားခအပါအဝင် တစ်ချောင်းကို အတို/အရှည်ပေါ်မူတည်၍ စုစုပေါင်းကုန်ကျငွေ (၂၅၀၀-၃၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပြန်ရောင်းလျှင် (၂၂)လက်မ တစ်ချောင်းလျှင် (၁၀၀၀၀/- )ကျပ်၊ (၁၂) လက်မ တစ်ချောင်းလျှင် (၅၀၀၀/-)ကျပ် ရောင်းဝယ်လျက်ရှိကြောင်း၊ ကောက်ညှင်းကျည်တောက်ကို စားသုံးသူများပြား သောကြောင့် တစ်ရက်လျှင် (၃၀) မှ (၅၀)အထိ ရောင်းချရသဖြင့် စီးပွားဖြစ်ဝင်ငွေတိုးကြောင်း ကောက်ညှင်းကျည်တောက်ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အ.လ.က ဝက်ဆူကျောင်း အသိပညာပေးဟောပြောခြင်း

      ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားဌာနတို့ ပူးပေါင်း၍ (၁၅.၈.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၄း၀၀) အချိန်တွင် ငပုတောမြို့၊ ဝက်ဆူကျေးရွာ အ.လ.က ဝက်ဆူကျောင်းသို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူ များအား အသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဂ) တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ အလေးချိန်၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့အား ပြည့်စုံစွာပါဝင်မှုရှိ/မရှိ သေချာစွာကြည့်ရှုပြီး ဝယ်ယူစားသုံးသင့်ကြောင်း အသိပညာပေးဟောပြော ခဲ့ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

ကျုံပျော်မြို့နယ် အတွင်းရှိ စားသောက်ဆိုင် ဝန်ဆောင်မှုများ စစ်ဆေးခြင်း

        ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၈.၈.၂၀၂၅ ရက်နေ့ ၊ နံနက် (၇:၃၀) အချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်မှ တာဝန်ရှိသူများနှင့်အတူ အစားအသောက်ရောင်းချ သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော ဗိုလ်ချုပ်လမ်း၊တေဇရပ်ကွက်ရှိ“ဖြိုးလေး” စားဖွယ်စုံဆိုင်သို့ သွားရောက်၍ အစားအသောက် ချက်ပြုတ်ပြင်ဆင်သည့်နေရာများ ၏သန့်ရှင်းမှုအခြေအနေ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ အစားအသောက် များ လတ်ဆတ်သန့်ရှင်းမှု ရှိ၊မရှိအခြေအနေများ၊ စားသောက်ဆိုင်မှ စားသုံးသူသို့ ပေးနိုင်သည့် ဝန်ဆောင်မှုနှင့် စပ်လျှဉ်း၍ လုံလောက် သည့် သတင်းအချက်အလက် အသိပေးထားရှိမှု နှင့် ရရှိနိုင် မည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစားအလိုက် ပွင့်လင်းမြင်သာစွာ ဖော်ပြထားရှိမှု ရှိ၊ မရှိတို့ အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ပြီး လုပ်ငန်းရှင်အား မိမိဆိုင်၏ အစားအသောက်နှင့် ဝန်ဆောင်မှုများမှ စားသုံးသူ ထိခိုက်နစ်နာမှု မရှိစေရေး အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ