
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံများ MyRoတွင် မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ်အမှတ် (၆)ရပ်ကွက်ရှိ ဇေယျာသီရိဆန်စက်၊ အမှတ်(၁၁)ရပ်ကွက်ရှိ အောင်အောင်ဆန်စက်၊ အမှတ် (၃)ရပ်ကွက်ရှိ အောင်နိုင်မြင့်ဆန် စက်များ၏ စက်ဝန်းအတွင်းရှိ ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် သက်တမ်းတိုးဆောင်ရွက်ရန်၊ ဆန်၊ စပါးအဝင်အထွက်လက်ကျန်စာရင်းများအား လစဉ် လဆန်း(၇)ရက်မတိုင်မီ ဖြည့် သွင်းစာရင်းတင်ရန်နှင့် သိုလှောင်ရုံများအတွင်းရှိ ဆန်၊ စပါး သိုလှောင်ထားရှိမှုနှင့် လက်ကျန်များအား စစ်ဆေးခဲ့ပြီး စပါးဆန်များ၏ ဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းစုံစမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
