Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံမြို့နယ် ကျုံစုတ်ဂုံညင်းတန်းကျေးရွာ စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်ရန်အတွက် စာအုပ် ထုတ်ပေးရန် တွေ့ဆုံခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့တွင် ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံး၌ ကျုံစုတ်ဂုံညင်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ များအားခေါ်ယူ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါတွေ့ဆုံမှုတွင် ခရို်ငဦးစီးမှူးဦးထွေးသိမ်းသည် မှော်ဘီကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများ စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်ရေးအတွက် ခေါ်ယူ တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားခြင်း၊ ကျုံစုတ်ဂုံညင်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် စားအုန်းဆီ ဖြန့်ဖြူးရေးကော်မတီ ဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စားအုန်းဆီ ဈေးနှုန်း/အချိန်အတွယ် မှန်ကန်မှုနှင့် အိမ်ထောင်စု(၃၆၅)စုအား ဆီစာအုပ်ဖြင့် ဝယ်ယူနိုင်ရန် အဖွဲ့ဝင်များမှ  ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်းတို့ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ် သစ်ဖြူချောင်းကျေးရွာ စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်ရန်အတွက် တွေ့ဆုံခြင်း

          ဖျာပုံခရိုင်၊ ဘိုကလေးမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်နေ့တွင် မြို့နယ်တာဝန်ခံရုံး၌ သစ်ဖြူချောင်းကျေးရွာရှိ ရွာသူ/သားများ စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်ရန်အတွက် အုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်မိ/ရပ်ဖ များအား  တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံမှုတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံ အကြောင်းပြောကြားခြင်း၊ စားသုံးသူတိုင်းတွေ စားသုံးသူ အခွင့်အရေး(၈)ချက်ရှိကြောင်း၊  ပြည်သူများ စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဆီဖြန့်ဖြူရေးကော်မတီအဖွဲ့ ဖွဲ့စည်း၍ ကြီးကြပ် ဆောင်ရွက်စေရန်၊ သစ်ဖြူချောင်းကျေးရွာရှိ အိမ်ထောင်စုဦးရေ မေးမြန်းခြင်း၊ စီစဉ်ဆောင်ရွက်မည့် အခြေအနေအား မေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

         ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး (၂၂.၉.၂၅) ရက်နေ့၊ နေ့လည် (၁၃း၀၀) အချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ ညောင်ဝိုင်းကျေးရွာရှိ ကုန်စုံဆိုင်ပိုင်ရှင် (၂) ဦးမှ ဆီရောင်းချမှုနှင့် မိမိကျေးရွာတွင် သက်သာသော ဈေးနှုန်းဖြင့် ဆီရောင်းချပေးနိုင်ရေး လာရောက် ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံမှ ကျေးရွာရှိ အိမ်ခြေအလိုက် ဆီရောင်းချမှုအခြေအနေများအား ပြောကြားခြင်း နှင့် ဆီစာအုပ်များဖြင့် ရောင်းချပေးရန်၊ သတ်မှတ်ဈေးနှုန်းဖြင့် ကျော်လွန်ရောင်းချခြင်း မရှိစေရေး ဆွေးနွေးပြောကြားခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် ဆီစာအုပ်များဖြန့်ဝေခြင်း

       ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုတ်ပုံရေကျော်အုပ်စုသို့  စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကိုယ်စားလှယ်တို့သည် (၂၀.၉.၂၅) ရက်နေ့၊ နံနက် (၇:၀၀) အချိန်တွင် ဆီစာအုပ်များ ဖြန့်ဝေပေး ခြင်းနှင့် ဆီရောင်းချခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ကျေးရွာရှိ ပြည်သူများအား ဆီစာအုပ်ဖြင့် ဆီဝယ်ယူရရှိနိုင်စေရန် ကျေးရွာရာအိမ်မှူးနှင့် အတူ အိမ်ထောင်စုတစ်စုလျှင် ဆီစာအုပ်(၁) အုပ်နှုန်းဖြင့် ဆီစာအုပ်ပြုလုပ်ဖြန့်ဝေပြီး ဆီကိုယ်စားလှယ်များ ဆီလာရောက်ရောင်းချပါက စာအုပ်ဖြင့် လာရောက်ဝယ်ယူကြရန် အုတ်ပုံကျော်ကျေးရွာရှိ ပြည်သူများအား ဆီစာအုပ်ဖြင့် ဝယ်ယူသူများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကြာကွင်းအုပ်စု အ.လက ကျောင်းအသိပညာပေးဟောပြောခြင်း

    ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားဦးစီးဌာနတို့ ပူးပေါင်း၍ (၂၂.၉.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကြာကွင်းအုပ်စု၊ အ.လ.က (သော်ကကွင်း) ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူ များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းသည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပါ၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ အလေးချိန်၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ တို့အား ကြည်ပြီးမှ ဝယ်ယူစားသုံးသင့်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

(DOCA ဧရာဝတီ)

  ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသော မုန့်ဆိုင်များအားစစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၂၃.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ငပုတောမြို့နယ် အုန်းပင်စုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  အုန်းပင်စုကျောင်းရှိ ဆရာ/ဆရာမများနှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းသို့ သွားရောက်စစ်ဆေး ခဲ့ပါသည်။

           ထိုသို့သွားရောက်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက ကျောင်းမုန့် ဈေးတန်းတွင်ရောင်းချနေသောသူများအား သန့်ရှင်းလတ်ဆက်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသောကုန်ပစ္စည်းများကိုသာရောင်းချစေရေး၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး သည့်ရက်စွဲမပါသော မုန့်များအားရောင်းချခြင်းမပြုရန်၊ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာ ရောင်းချရန်၊ ကျောင်းသား/ကျောင်းသူများ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထိခိုက်ဆုံးရှုံးမှုများမရှိစေရေး စသည့်အကြောင်းအရာများကို ရှင်းလင်းမှာကြား ခဲ့ပါသည်။

(DOCA ဧရာဝတီ)

  ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

                  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၂၃.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ငပုတောမြို့နယ် အုန်းပင်စုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ပူးပေါင်း၍ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ များအား လူငယ်အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစွာမိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေး များအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက် များအားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

(DOCA ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အုန်းပင်စုကျေးရွာ သန္တိသုခကျောင်းတွင် စားအုန်းဆီရောင်းချနေသော စိန်ဇော်ဂျီဆိုင်အား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၈.၉.၂၀၂၅)ရက်နေ့ နေ့လည်(၁၁:၀၀)အချိန်တွင် ငပုတောမြို့နယ်  အုန်ပင်စုကျေးရွာ သန္တိသုခကျောင်းတွင် စားအုန်းဆီရောင်းချနေသော စိန်ဇော်ဂျီဆိုင်အား သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း ဗွီနိုင်းချိတ်ဆွဲထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ စားအုန်းဆီလက်လီ ရောင်းချနေသော စိန်ဇော်ဂျီဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေခြင်း၊ ဗွီနိုင်းချိတ်ဆွဲ ထားရှိခြင်း ရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ဈေးနှုန်းနှင့် ရောင်းချသည့်ပိဿာချိန်အရေအတွက်အား ဗွီနိုင်းဖြင့် အများပြည်သူမြင်သာအောင် ချိတ်ဆွဲရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စိန်ဇော်ဂျီဆီဆိုင်ပိုင်ရှင်အား စားအုန်းဆီ လက်လီ/လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများစစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိန်ဇော်ဂျီဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

(DOCA ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာ သန္တိသုခကျောင်း မြရတနာဓမ္မာရုံတွင် ရပ်ကွက်နေပြည်သူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၂၀.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာ သန္တိသုခကျောင်း မြရတနာဓမ္မာတွင် ရပ်ကွက်နေပြည်သူများအား စားသုံးသူအသိပညာ ပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

       ထို့သို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် တစ်ခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်းဟောပြောဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm.website တွင်လည်းဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြား နိုင်ပါကြောင်းအသိပေးဟောပြောခဲ့ပြီး ထို့ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ စုစုပေါင်း (၆၀) ဦး ခန့်တက်ရောက်ခဲ့ကြပါသည်။

(DOCA ဧရာဝတီ)

ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ(၂၄)ရက်နေ့၊နံနက်(၁၀:၀၀)အချိန်တွင်ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိအခြေအနေများ၊ Apache တံဆိပ် ဘိလပ်မြေတစ်အိပ်လျှင် (၂၄၀၀၀)ကျပ်၊ Alphaတံဆိပ် ဘိလပ်မြေတစ်အိပ်လျှင် (၂၆၀၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်းသိရှိရပြီး ယခင်အပတ်ဖြင့်နှိုင်းယှဉ်ပါက ဘိလပ်မြေဈေး နှုန်းများမှာ သိသိသာသာ ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သတင်းရရှိ ပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ