Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံမြို့နယ် အ-ထ-က (ဖျာပုံတမံ)ကျောင်း တွင် စာဖတ်ရှိန်မြှင့်တင်ရေး" လူငယ်စကားဝိုင်း" ကျင်းပ

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊လူငယ်အချင်းချင်း ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊လူကောင်းများဖြစ်လာစေရန်၊စာ​ပေဖတ်ရှုတတ်သည့် အလေ့အကျင့် ကောင်းများ ဖြစ်လာစေရန်၊အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး"လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ​ ​စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက် (၁၀ : ၀၀)အချိန်က ဖျာပုံမြို့ နယ် အ-ထ-က (ဖျာပုံတမံ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
                  အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်ရာတွင် အ-ထ-က (ဖျာပုံတမံ) ကျောင်းအုပ် ဆရာမဒေါ် ဝင်းဝင်းသန်းကအဖွင့်အမှာစကားပြောကြားပြီးဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ထို့နောက်"လူငယ်စကားဝိုင်း"ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်နှင့်အတူ အထက(ဖျာပုံတမံ)ကျောင်းမှ Grade (11) မှ မဝင်းကေသွယ်က " ကျောင်းသားနှင့်ကိုယ်ကျင့်တရား" ၊ မသွယ်ထက်ဇင်က " ကျောင်းသားနှင့်စာအုပ်စာပေ"၊ Grade (10)မှမောင်ညီဝဏ္ဏကျော်က"အချိန်၏တန်ဖိုး"၊မောင်စန်းလင်းက " ကျောင်းသားနှင့်စာအုပ်စာပေ" စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )

ဖျာပုံမြို့တွင်(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက် 

        ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ယာယီဒုတိယရဲမှူးကြီးသန်းဦး ဦးဆောင်​သော တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို စက်တင်ဘာလ (၁၄)ရက်နေ့ နံနက် (၇)နာရီအချိန်ကဖျာပုံမြို့၊ အမှတ်(၁၈)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်ကျိုက္ကမျွမ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
                အဆိုပါ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ယာယီဒုတိယရဲမှူးကြီးသန်းဦး၊ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးနိုင်ဦး၊ လုံခြုံရေးတပ်ခွဲမှူး ရဲမှူးစိန်လွင်အောင်၊(ဖျာပုံ၊ကျိုက်လတ်၊ဒေးဒရဲ၊ဘိုကလေး)မြို့နယ်များမှ ဒုရဲအုပ်များနှင့် တပ်ဖွဲ့ဝင်များ၊ သတရ (ဖျာပုံ)မှတပ်ဖွဲ့စုမှူး ရဲအုပ်နိုင်ဦး ၊ လတန(ဖျာပုံ)စိတ်-၃မှ ရဲအုပ် အောင်ထွန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊အမှတ် (၈၀) ယာဉ်ထိန်းတပ်ဖွဲ့စု(ဖျာပုံ) မှ ဒုရဲအုပ် ဝိုင်းအောင်ချစ်နှင့်တပ်ဖွဲ့ဝင်များ ပါဝင်သော စုပေါင်းအဖွဲ့မှ ဖျာပုံမြို့အမှတ်(၁၈)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်ကျိုက္ကမျွမ်စေတီတော်ကြီး ဝန်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရာ စေတီတော်မြတ်ကြီးအား ရောင်တော် ဖွင့်ခြင်း၊ ဘုရားရင်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပရိဝုဏ်အတွင်း/အပြင်ရှိ အမှိုက်များ၊ချုံနွယ်များ ရှင်းလင်းခြင်း၊ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

( Doca ဧရာဝတီ )

ကျေးရွာများသို့ စားအုန်းဆီထုတ်ယူမှုစာအုပ်ဖြန့်ဝေခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်ဆင်ကူးကျေးရွာအုပ်စုရှိအိမ်ထောင်စု (၃၉၆)စုအတွက်(၁၈.၉.၂၀၂၅)နေ့(၁၀:၀၀)အချိန်တွင်စားသုံးသူရေးရာဦးစီးမှူးရုံး၌ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်တကွငါးဦးကော်မတီဖြင့် လာရောက်ထုတ်ယူရာတွင် တစ်အိမ်ထောင်စုလျှင် ( ၁ ) ပိဿာနှုန်းဖြင့်ဆင်ကူးကျေးရွာအုပ်စုရှိအိမ်ထောင်စု( ၃၉၆ )စုအတွက် စာအုပ်( ၃၉၆ )အုပ် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျေးရွာများသို့ စားအုန်းဆီထုတ်ယူမှုစာအုပ်ဖြန့်ဝေခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်မငေးကလေးကျေးရွာအုပ်စုရှိအိမ် ထောင်စု(၄၅၁)စုအတွက်(၁၇.၉.၂၀၂၅)နေ့(၁၀:၀၀)အချိန်တွင်စားသုံးသူရေးရာဦးစီးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွငါးဦးကော်မတီဖြင့် လာရောက်ထုတ်ယူရာတွင် အိမ်ထောင်စု တစ်စုလျှင် (၁)ပိဿာ နှုန်းဖြင့်  မငေးကလေးကျေးရွာအုပ်စုရှိ   အိမ်ထောင်စု ( ၄၅၁ )စုအတွက်   စာအုပ်(၄၅၁)အုပ်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင်စက်သုံးဆီဆိုင်များအားကွင်းဆင်း

           ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်    ၂၀၂၅ခုနှစ်၊  စက်တင်ဘာလ၂၂ရက်နေ့ ၊နံနက်(၁၁:၀၀)နာရီအချိန်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့နှင့်အတူ ဒေးဒရဲမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းခြင်းကို ဆောင်ရွက်ခဲ့  ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့က စက်သုံးဆီ  ဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချရေးနှင့် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ မီးဘေး အန္တရာယ်ကြို တင်ကာကွယ်ရေးဆောက်ရွက်ထားရှိမှုနှင့် စက်သုံးဆီသိုလှောင် ထားရှိမှု အခြေအနေများနှင့်ရောင်းချ  နေသောစက်သုံးဆီများအခြင်အတွယ်မှန်ကန်စွာရောင်းချခြင်း ရှိ / မရှိအားရတနာကောင်းကင်စက်သုံးဆီဆိုင်၊ဧရာရွှေဝါစက်သုံးဆီဆိုင်၊နန်းထိုက်ဧရာစက်သုံးဆီ ဆိုင်၊ Denkoစက်သုံးဆီဆိုင်တို့ကိုသွား  ရောက်၍ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA (ဧရာဝတီ)

မှော်ဘီ မြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၂၄.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မှော်ဘီ မြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ စားအုန်းဆီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် ဦးဝေလင်းအောင် စားအုန်းဆီအရောင်းဆိုင်မှ မိမိသည် ဝေမာကုမ္ပဏီမှရရှိသောခွဲတမ်းအား ဝါးနက်ချောင်းကျေးရွာရှိ သရက်တော၊ ဈေးကွက်သစ်နှင့် ရှမ်းပိုင်ရွာများမှ အိမ်ထောင်စုများသို့လည်း‌ကောင်း၊ ဒေါ်နွယ်နွယ်ဝါလက်လီအရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိရရှိသောခွဲတမ်းအား ဝါးနက်ချောင်းကျေးရွာအရှေ့ပိုင်း ၁၊ ၂၊ ကျောက်တောင်စု ၁၊ ၂နှင့် ဝါးဖြူ တော (၆)ပိုင်းမှ အိမ်ထောင်စုများသို့လည်း‌ကောင်း တစ်အိမ်ထောင်လျှင် (၅၀)ကျပ်သားနှုန်းဖြင့် အပိုင်အလိုက်ခွဲဝေပေးပါကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်များမှ သတ်မှတ်ပေးသော ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး နေ့စဉ် လက်ကျန်မထားရှိဘဲ ခွဲတမ်းများ ကုန်စင်အောင်ရောင်းချပေးပါကြောင်း၊ မိမိတို့ဌာနမှလည်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ၊ သိုလှောင်ထားခြင်းများရှိခဲ့လျှင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ဖေ” နနွင်းမှုန့် လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးကွင်းဆင်း

               ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဒေးဒရဲမြို့ ၊ အောင်မင်္ဂလာရပ်ကွက်၊ အနော်ရထာ လမ်းရှိ  “ဖေ” နနွင်းမှုန့် လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

            ထိုသို့ ကွင်းဆင်းခဲ့ရာတွင် “ဖေ” နနွင်းမှုန့် လုပ်ငန်းပိုင်ရှင်က အိမ်တွင်း တပိုင်တနိုင် ထုတ်လုပ်သည့် လုပ်ငန်းဖြစ်ကြောင်းနှင့် ရောင်းချမှုအနေဖြင့် မြို့ပေါ်ရှိ ဈေးဆိုင်များသို့သာ ရောင်းချကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် တစ်ထုပ်လျှင လက်ကား (၂၅၀၀) ကျပ်၊ လက်လီ(၃၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ လုပ်သားဌားရမ်းမှု မရှိဘဲ မိသားစုဝင်များဖြင့်သာ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ UIDနံပါတ်ထုတ်ပေးခြင်းတို့ဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြန့်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လစာလာရောက်ထုတ်ယူကြသည့်  နိုင်ငံဝန်ထမ်းအငြိမ်းစားများအား စက်တင်ဘာလ(၂၃)ရက်၊ နံနက်(၈)နာရီမှစတင်၍  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
           ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေါက်တာ ရဲဝင်းထွန်းနှင့် အဖွဲ့က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ခဲ့ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူ၍ UID နံပါတ်များ ထုတ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ၎င်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊  ဥက္ကဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေး၍ လိုအပ်သည်များအား ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအားဈေးနှုန်းချိုသာစွာရောင်းချပေးခြင်း

                 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြန့်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လစာလာရောက်ထုတ်ယူကြသည့်  နိုင်ငံဝန်ထမ်းအငြိမ်းစားများအား စက်တင်ဘာလ၂၃နံနက်(၈)နာရီမှ စတင်၍  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံ စားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။
          အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံး သူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းရောင်းချပေးခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတစ်ဦးလျှင် ဆီ(၅၀)သား၊ ကြက်သွန်(၅၀)သား၊ ဘဲဥ(၅)လုံး၊ အိုင်အိုဒင်းဆား(၁)ထုတ်၊ စုစုပေါင်း အခြေခံစားသောက်ကုန် (၄)မျိုးအား (၇၅၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

DOCA (ဧရာဝတီ)

ဖျာပုံခရိုင်းအတွင်းစားအုန်းဆီများသတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့်သတ်မှတ်စျေး နှုန်းဖြင့် ရောင်းချစေရေး ဆွေးနွေး

              ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်လှိုင်နှင့်တာဝန်ရှိသူများသည် စားအုန်းဆီများ သတ်မှတ်ချက် များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချစေရေး အတွက်ခရိုင်အတွင်းရှိ စားအုန်းဆီလက်လီ၊လက်ကား ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ (၁)ရက်နေ့နေ့လယ်ပိုင်းအချိန်ကဖျာပုံမြို့သီရိအဏ္ဏဝါခန်းမ၌ကျင်းပသည်။
        အဆိုပါ စားအုန်းဆီများ သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ် စျေးနှုန်းဖြင့် ရောင်းချစေရေး ဆွေးနွေးရာတွင် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူးစားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က ခရိုင်အတွင်းရှိ စားအုန်းဆီလက်လီ၊လက်ကား ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများသို့ စားအုန်းဆီကို သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးကြစေရေး၊ သတ်မှတ် စျေးနှုန်းဖြင့်ရောင်ချကြစေရေးနှင့်စားအုန်းဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်တစ်လျှောက်မှန်(၆)မှန်ဖြင့်စနစ်တကျ၊ မှန်ကန်စွာဆောင်ရွက်ရန်ကိစ္စများနှင့် စပ်လျဉ်း၍ဆွေးနွေးပြောကြားသည်။ ထိုနောက် စားသုံသူရေးရာဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးမှူးဦးဝင်းထွန်းက တိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများပတ်သက်၍အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြား ပြီး အခမ်းအနားသို့တက်ရောက်လာကြသောခရိုင်အတွင်းရှိ စားအုန်းဆီလက်လီ၊လက်ကား ကိုယ်စားလှယ်များက သိရှိလိုသည်များပြန်လည်မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။
       အဆိုပါအခမ်းအနားသို့ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ၊လက်ကား ကိုယ်စားလှယ်များတက်ရောက်ကြကြောင်းသိရှိရသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ