Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်ထိုမြို့နယ်တွင် ဆန်၊ စပါးသိုလှောင်ရုံများအား MyRoတွင် မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

     ၁၄.၇.၂၀၂၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် ဆန်၊စပါး သိုလှောင်ရုံများအား MyRoတွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး ကော့စံနိုင် ရပ်ကွက်ရှိ ဦးဆန်းဝင်းပိုင် (၃၀)တန်ကျ ဆန်စက်နှင့်သိုလှောင်ရုံအား MyRoတွင် မှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်ရန်၊ ဆန်၊စပါး ဝင်/ထွက် လက်ကျန်စာရင်းအား လစဥ်ပုံမှန် ဖြည့် သွင်းရန်၊  ဆန်စပါး သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်စျေးနှုန်းတည်ငြိမ်ရှိ/မရှိ၊ စျေးကွက် စျေးနှုန်းနှင့် ဆန်စပါး ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းမေးမြန်း ဆောင်ရွက်ခဲ့ကြောင်း  သိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

      ၁၁.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူကာကွယ်ရေးဦးစီးဌာန၊ ကျိုက်ထိုခရိုင် တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

          ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်ထို-တောင်စွန်း ရွှေဝါရောင်လမ်းမဘေး၊ ကျိူက်ပိကျေးရွာရှိ ဦးသက်လွင်ပိုင် (၅၀)တန်ကျ ဆန်စက်နှင့် ဆန်၊ စပါးသိုလှောင်ရုံအား ကွင်းဆင်းခဲ့ရာ MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် ဆန်၊ စပါး ဝင်/ထွက် လက်ကျန် စာရင်းအား လစဥ်ပုံမှန်ဖြည့်သွင်းရန်၊ ဆန်စပါးသိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်စျေးနှုန်း တည်ငြိမ်မှု ရှိ/မရှိ၊ ဆန်ကြိတ်ခွဲနိုင်စွမ်းအား၊ စျေးကွက်စျေးနှုန်းအခြေအနေ၊ ဆန်စပါးရောင်းဝယ် ဖောက်ကားမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်တာဝန်ခံမှ ကော့ဘိန်းကျေးရွာရှိ စပါးစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

    ၁၁.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် တာဝန်ခံ ဦးဇော်ဦးသည် ကော့ဘိန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ စပါးစိုက်ပျိုးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာရှိ စပါးစိုက် တောင်သူ ဦးချစ်တိုးအား တွေ့ဆုံမေးမြန်းရာ စပါးဧက (၂၀) စိုက်ပျိုးပြီး စိုက်ပျိုးပြီးစီးမှု အခြေ အနေ၊ ယခင်ထွက်ရှိနှုန်း၊ သွင်းအားစုသုံးစွဲမှုနှင့် ကုန်ကျစရိတ်အခြေအနေ၊ တောင်သူ အကျိုး အမြတ်ရရှိမှု အခြေအနေများအား ကွင်းဆင်းမေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မိတ္ထီလာခရိုင်စားဖိုဆောင်သီးနှံထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အလုပ်အမှုဆောင်ရွေးချယ်

   မိတ္ထီလာခရိုင် စားဖိုဆောင်သီးနှံထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်ခြင်းအခမ်းအနားကို မိတ္ထီလာမြို့ ကုန်သည်နှင့်စက်မှု၊လက်မှုလုပ်ငန်းရှင်များ အသင်း အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ဇွန်လ(၂၉)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦီးစီးဌာန၊ ကြက်သွန်နီ၊ ငရုတ်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့်လုပ်ငန်းရှင်များ စုစုပေါင်း (၂၁)ဦီး တက်ရောက်ခဲ့ကြပါသည်။

    အဆိုအပါအခမ်းအနားတွင် စားဖိုဆောင်သီးနှံထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ လက်ရှိစားဖိုဆောင်သီးနှံများတင်ပို့ ရောင်း ချ နေမှုအခြေအနေများကို အသီးသီးဆွေးနွေးခဲ့ကြပြီး အလုပ်အမှုဆောင်ကို နယက(၄)ဦီး၊ ဥက္ကဌ၊ဒု-ဥက္ကဌ ၊အတွင်းရေးမှူး၊တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ သတင်းနှင့်ပြန်ကြားရေး စုစုပေါင်း (၁၂)ဦီး ဖြင့် ပြန်လည်ရွေးချယ်ခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် “စိန်” အမှတ်တံဆိပ်ဖြင့် ဟင်းမွှေးမဆလာထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးမင်းခိုင်စိုးသည် ၁၁..၂၀၂ ရက်နေ့တွင် “စိန်” အမှတ်တံဆိပ်ဖြင့် ဟင်းမွှေးမဆလာထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

လည်သာကျေးရွာ၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ခရိုင်ဦီးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦီးစီးအရာရှိနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ရမည်းသင်းမြို့နယ်ရှိ လည်သာကျေးရွာအုပ်စု၌ စားသုံးသူပြည်သူများအား စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

 အဆိုပါဆွေးနွေးပွဲတွင် ရမည်းသင်းမြို့နယ်တာဝန်ခံ ဦီးစန်းအောင်(ဒု-တိယဦီးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊တာဝန်များ၊ ကုန်စည်(သို့) ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍အာမခံချက်များအပေါ် စားသုံးသူမှတောင်းဆိုနိုင်သည့်အချက်များ၊ စားသုံးသူပြည်သူများ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ် ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသား နှင့်စပ်လျဉ်းသည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)နှင့် Consumer Call Center (1535) သို့  ဆက်သွယ်နိုင်တိုင်ကြား နိုင်သည့်နည်းလမ်းများကိုအကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီးတက်ရောက် လာသူများမှလည်းသိရှိလိုသည်များ မေးမြန်းခဲ့ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း  သိရပါသည်။

DOCA(မန္တလေး)

အ.ထ.က-၂ (မုဒုံ)မှ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

     ၁၁.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံ မြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အ.ထ.က-၂(မုဒုံ)မှ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟော‌ပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့ပြီး ‌ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၅) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၆၅) ဦး တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင် ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၁၁.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

     ဟောပြောပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦး၏ အထ္တုပ္ပတ္တိ၊ အာဇာနည်၏ အဓိပ္ပါယ်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား/ သူများက ခေါင်းစဥ်အလိုက် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား/သူအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိနှင့် ဆရာ၊ ဆရာမများကဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

    ဆက်လက်၍ အာဇာနည်နေ့အကြောင်းနှင့် အသိပညာပေးနံရံကပ်ပိုစတာများ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ရာ တက်ရောက်ကြသည့် ကျောင်းသား/ သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲသို့ ပေါင်မြို့နယ်တာဝန်ခံ တက်ရောက်

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ၁၁.၇.၂၀၂၅ ရက်နေ့ ၊နေ့လယ်  (၁၄:၀၀)နာရီက ကန်ဖြူကျေးရွာ၊ ကျေးလက်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သထုံခရိုင် အသေးစားစက်မှု လက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ပေါင်မြို့နယ် ဌာနဆိုင်ရာ များ၊ သဲဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် သင်တန်းသူများ တက်ရောက်ခဲ့သည်။

    ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့သည် ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းထွန်းလှက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်က သင်ထောက်ကူပစ္စည်းများကို သင်တန်းသူတစ်ဦးထံပေးအပ်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ အဆိုပါ သင်တန်းကို သင်တန်းဆရာ (၂)ဦး၊ သင်တန်းသား (၁၀)ဦးတို့ဖြင့် (၇)ရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

     ၁၁.၇.၂၀၂၅ ရက်နေ့ မွန်းလွှဲပိုင်းအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့သည် ကျိုက်ထိုမြို့နယ်၊ တောင်သူစု ရပ်ကွက်ရှိ သီရိမြိုင်(၅)လမ်း၊ ဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

     အဆိုပါ ဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းက ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာ ဝယ်ယူတတ်စေရန် အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဦးဇော်ဦးမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ