Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့နယ်၌ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀.၈.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များတွင်‌ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါကုန်စုံဆိုင်များတွင် ရောင်းချနေ သော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော စားသုံးဆီများ ရောင်းချနေခြင်း ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော စားသုံးဆီအမျိုးမျိုးတို့ကိုသာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက်ရှိ‌ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ၂၀.၈.၂၀၂၆ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ‌မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီကဦးစီးပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက် ရှိ ဆေးဆိုင်များအား ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ တရား မဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်ရှိ  ဆေးဆိုင်များ တွင် ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိကြောင်းနှင့် တရားမဝင် ဆေးဝါးများ ရောင်းချခြင်း မရှိကြောင်း သိရှိရပါသည်။

     DOCA (မွန်)

မော်လမြိုင်မြို့နယ်တာဝန်ခံသည် ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးအသိပညာပေး

    ၂၀.၈.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ပြည်တွင်း၌ ကုန်စည်ထုတ်လုပ် သည့် လုပ်ငန်းများ/ စက်ရုံများ/ကုမ္ပဏီများအား စားသုံးသူများကို ဘေးအန္တရာယ်ကင်းရှင်းမှု မရှိသော၊ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော၊ အရည်အသွေးမပြည့်မီသော ကုန်စည်များ ရယူသုံးစွဲခြင်းမှ ကာကွယ်ပေးရန် ရည်ရွယ်၍  မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းရပ်ကွက်ရှိ ပဲငံပြာရည်ထုတ်လုပ်သည့် လုပ်ငန်းသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များ အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉  ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့်အချက်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏  အဓိပ္ပါယ်နှင့် တာဝန်(၁၁)ချက်အကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူ သည်ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ရှိမှု အခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

    ၁၉.၈.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ခရိုင်တာဝန်ခံနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ကျိုက်ထိုမြို့နယ်၊ ဘုရားလမ်း၊ ကံ့ကော်ရပ်ကွက်ရှိ Ma Hnin Thet Oo အမည်ဖြင့် အဝတ်အထည်ရောင်းချသော လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဆိပ်ဖြူမြို့ ပေါ်ရှိ “ ကုဋေဦး” ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်းနှင့် ဝန်ထမ်းများသည် (၁၂.၈.၂၀၂၆)ရက်နေ့၊နံနက် (၀၉:၀၀) နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်ရှိ “ကု‌ဋေဦး” ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ လုပ်ငန်းရှင်နှင့်တွေ့ဆုံရာတွင် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြို့နယ်တာဝန်ခံမှ “ကု‌ဋေဦး”ပဲကြော်လုပ်ငန်းရှင်အား ကုန်ချောထွက်ရှိမှု၊ ဈေးနှုန်း/ ဈေးကွက်နှင့် ဖြန့်ဖြူးမှုအခြေအနေများမေးမြန်းပြီး လုပ်ငန်းရှင်အနေဖြင့် ကုန်ချောထုတ်လုပ်ရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံစေရေး အဓိကထား ဆောင်ရွက်စေလိုကြောင်းနှင့် ပဲကြော်ဖိုထားရှိမှုနှင့် ပတ်ဝန်းကျင်အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောထားရှိမှုအခြေအနေများ၊ စားသုံးသူမိဘပြည်သူများ ဘေးကင်းစွာအသုံးပြုနိုင်စေရန် ထုတ်လုပ်ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ပြီး လုပ်ငန်းအတွင်း/ အပြင်၌ သန့်ရှင်းမှုရှိ/ မရှိနှင့် ရေစီးရေလာကောင်းမွန်စေပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရန်နှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)         

ဘီးလင်းမြို့နယ်၌ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

          ၁၈.၈.၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံသည် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ နှင်းပုလဲ ကျေးရွာရှိ Golden Boat သောက်ရေသန့်လုပ်ငန်းနှင့် ဘိုးလှကြီးရပ်ကွက်ရှိ Moon Teen သောက်ရေသန့်လုပ်ငန်းတို့အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သောက်ရေသန့်ထုတ်လုပ်မှုလုပ်ငန်းများ၏ လုပ်ငန်း လိုင်စင်၊ ထုတ်လုပ်မှုဆိုင်ရာစံချိန်စံညွှန်းများ၊ ထုတ်လုပ်သန့်စင်မှုအခြေအနေ၊ သန့်ရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာလိုက်နာဆောင်ရွက်မှုများကို စစ်ဆေးကြည့်ရှုခဲ့ပြီး စားသုံးသူများ ဘေးကင်းလုံခြုံသော သောက်ရေသန့်ကို သုံးစွဲနိုင်ရေးအတွက် လိုအပ်သည့် အသိပညာပေး နှင့် လမ်းညွှန်မှာကြားမှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့ အ.ထ.က (၇) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    ၁၈.၈.၂၀၂၆‌ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ‌မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည့် မော်လမြိုင်မြို့ အ.ထ.က (၇) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၃၃) ဦး စုစုပေါင်း (၁၄၃) ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သဇင် ဖြိုးမြတ်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများဖြစ် သော လူကိုယ်တိုင်လာရောက်တိုင်ကြားခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားခြင်း၊ Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပုံအဆင့်ဆင့်တို့ကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

    ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြား ပေးခဲ့ပြီး မေးခွန်းများအား မှန်ကန်စွာဖြေဆိုနိုင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၃) ဦးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်၊ အ.မ.က (ကုက္ကိုတန်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

   ၂၀.၈.၂၀၂၅ ရက်နေ့အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ အ.မ.က (ကုက္ကိုတန်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ အ.မ.က ကုက္ကိုတန်းကျောင်းမှ ဆရာမ (၇) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၂၅) ဦး တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့်နေရာများသို့ ကွင်းဆင်းစစ်ဆေးကြည့်ရူ

          ၂၀.၈.၂၀၂၆ ရက်နေ့ မွန်းလွှဲ (၁း၀၀) နာရီအချိန်တွင် ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့်နေရာသို့ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် မြေပြင်ကွင်းဆင်း ကာ သွားရောက်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ စားအုန်းဆီရောင်းချသည့်နေရာသို့ သွားရောက်စစ်ဆေးရာတွင် ခရိုင်တာဝန် ခံက ပြည်သူများအား စားအုန်းဆီရောင်းချသည့် စားအုန်းဆီအရောင်းကိုယ်စားလှယ်များ အနေဖြင့် စားအုန်းဆီရောင်းချရာတွင် ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်၊ အချိန်မှန်၊ နေရာမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန် စသည့် (မှန်) ၆ (မှန်) ဖြင့် ရောင်းချပေးရေး၊ စာအုပ်များ၊ သန်းခေါင်စာရင်း၊ အိမ်ထောင်စုစာရင်း စသည်တို့ဖြင့် တိကျမှန်ကန်စွာ ရောင်းချပေးရေး စသည်တို့ကို စားအုန်းဆီရောင်းချသည့် ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

          ကျိုက်ထိုမြို့ယ်၊ မြို့နယ်တာဝန်ခံလည်း စားအုန်းဆီဝယ်ယူသော ပြည်သူများအနေ ဖြင့် စာအုပ်ဖြင့် စားအုန်းဆီဝယ်ယူရာတွင် ဆက်သွယ်နိုင်ရန်အတွက် ဖုန်းနံပါတ်များ ပေးထားကြပါရန်နှင့် စားအုန်းဆီဝယ်ယူသော ပြည်သူများအနေဖြင့် စိတ်ကျေနပ်မှု ရှိ/မရှိ မေးမြန်းခဲ့ပါကြောင်း သိရှိရပါသည်။

               DOCA (မွန်)

ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ “ဓနပြည့်” ဆီစက်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်းသည် (၁၂.၈.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ “ဓနပြည့်”ဆီစက်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များ ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်ပစ္စည်း အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်းမရှိစေရန်၊ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ