Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လူမှုစီးပွားရေးတိုးတက်ရေးအတွက် အိမ်တွင်းလက်ရက်ကန်းလုပ်ငန်း ဖော်ဆောင်နေ

 

          ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရွာသာအေးကျေးရွာ ကမ်းနားဒေသတွင် ဒေသခံများ၏လူမှုစီး ပွားဘဝ တိုးတက်စေရန် ရိုးရာလက်ရက်ကန်းလုပ်ငန်းကို အိမ်တွင်းအသေးစားစီးပွားရေးလုပ်ငန်း တစ်ရပ်အဖြစ် လုပ်ကိုင်လျက်ရှိသည်။

          လက်ရက်ကန်းလုပ်ငန်းသည် ဒေသခံများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေသည့်အပြင် မိရိုးဖလာရက်ကန်းများကို ဆက်လက်ထိန်းသိမ်းနိုင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ရက်ကန်းစင် များဖြင့် ချည်မျှင်များကို အရောင်အသွေး၊ ဒီဇိုင်းများအလိုက် ရက်လုပ်၍ ဝတ်စုံနှင့် လူသုံးကုန်ပစ္စည်း များအဖြစ် ထုပ်လုပ်ရောင်းချလျက်ရှိသည်။

          အဆိုပါလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာခြင်းဖြင့် ဒေသခံမိသားစုများ၏ ဝင်ငွေတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်နှင့် ဒေသထွက်ရိုးရာထုတ်ကုန်များ ဈေးကွက်အ တွင်းပိုမိုကျယ်ပြန့်စွာ ဝင်ရောက်နိုင်ရန်အထောက်အကူပြုမည်ဖြစ်သည်။

          ထို့ပြင်ရွာသာအေးကျေးရွာ ကမ်းနားလက်ရက်ကန်းလုပ်ငန်းသည် “အိမ်တွင်းလုပ်ငန်းမှ ဝင်ငွေတိုး၊ ရိုးရာပညာကို ထိန်းသိမ်း၊ ဒေသစီးပွားကို မြှင့်တင်” ဆိုသည့်ရည်မှန်းချက်နှင့်အညီ ဒေသခံ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်လျက်ရှိသည်။

DOCA(ကရင်)

စပါးစိုက်တောင်သူများ၏ အခက်အခဲများကို တွေ့ဆုံဆွေးနွေး

          ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၂ ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် ဘားအံမြို့နယ်၊ အိန္ဒု၊ ရွှေနတ်ကျွန်းကျေးရွာရှိ ဒေါ်ခင်သန်း ဆန်စက်၌ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်း၊ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်နိုင်နှင့် ဆန်စက်လုပ်ငန်းရှင် ဦးအောင်ဇော်ထက်တို့က စပါးစိုက် တောင်သူ ၁၆ ဦးနှင့် တွေ့ဆုံ၍ တောင်သူများ၏ လက်ရှိအခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။

          တွေ့ဆုံရာတွင် တောင်သူများက စပါးစိုက်ပျိုးရေးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာနှင့် ဒီဇယ်ဆီဝယ်ယူရရှိမှု ၊ယခုနှစ်စပါးဈေးကောင်းရရှိရေး၊ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်းက တောင်သူများ၏လိုအပ်ချက်နှင့် အခက် အခဲ့များကို စုစည်း၍ ပြည်နယ်ဝန်ကြီးထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် စပါးစိုက်ပျိုးတောင်သူများ၏ လက်တွေ့အခက်အခဲ့များကို သိရှိပြီး လိုအပ်ချက်များကို သက်ဆိုင်ရာအဆင့်သို့ တင်ပြနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

DOCA(ကရင်)

ကလေးများအတွက်အစားအသောက်ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲကျင်းပ

 

          ဘားအံမြို့၌ ၂၄-၈-၂၀၂၆ ရက်နေ့ နံနက်၁၀၀၀နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစု ၃၀ဦးအားကလေးများအတွက်  အစားအသောက် ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်ရေး၏အရေးပါမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပွဲ ကိုကျင်းပပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲတွင် ကလေးများ၏ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘေးကင်းပြီးအ ရည်အသွေးပြည့်မီသော အစားသောက်များစားသုံးနိုင်ရေးသည် အရေးကြီးကြောင်း၊ ကလေးများအ တွက် အစားအသောက်ဝယ်ယူရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်း များနှင့် အစားအသောက်ကုန်ညွှန်းအမှတ်အသားများကို စစ်ဆေးရွှေးချယ်ရန် လိုအပ်ကြောင်း အသိ ပညာပေးဟောပြောခဲ့သည်။

          ထိုပြင်ကလေးများအတွက် အဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံသည့် အစားအသောက်များကို ရွေးချယ်ပေးရန်၊ အရောင်အဆင်း၊ အရသာနှင့် ထုပ်ပိုးမှုကိုသာ အခြေခံ၍ မရွှေးချယ်ဘဲ အစားအ သောက်၏ အရည်အသွေးနှင့် ဘေးကင်းမှုကို လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ စာသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်၍လည်း ကလေးများအတွက် ဝယ်ယူသည့်ကုန်စည်နှင့် အစားအသောက် များ ဘေးကင်းလုံခြုံမှုရှိစေရေးသည် မိဘများနှင့် အုပ်ထိန်းသူများ၏ အရေးကြီးသည့် တာဝန်တစ်ရပ် ဖြစ်ကြောင်း၊ မသင့်လျော်သော (သို့) အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကြောင့် ထိခိုက်နစ် နာမှုရှိပါက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့သည်။

          အဆိုပါအသိပညာပေးဟောပြောပွဲမှတစ်ဆင့် ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နမှ ဝန်ထမ်းများအနေဖြင့် ကလေးများအနေဖြင့် ကလေးများအတွက် အစားသောက်ဘေးကင်းရေး နှင့် စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိလာပြီး မိမိတို့၏ မိသားစုနှင့် လူမူအသိုက် အဝန်းအတွင်း ပြန်လည်မျှဝေပေးရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်တွင် အိမ်ထောင်စုအလိုက် ဆီစာအုပ်အသစ်များ ပြုလုပ်ပေးလျက်ရှိ

            စားသုံသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးက ခရိုင်/မြို့နယ်အသီးသီးတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် အိမ်ထောင်စုအလိုက် (၁)လလျှင် စားအုန်းဆီ(၂.၅ပိသာ) နှုန်းကို သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ဝယ်ယူခွင့်ရရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီး ဌာနက သက်ဆိုင်ရာမြို့နယ်တာဝန်ခံများ၊မြို့နယ်/ ရပ်ကွက်တာဝန်ခံများ၊ မန္တလေးတိုင်းဒေသကြီး ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အလိုက် တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အတွင်း ဆီ ရောင်းချခွင့်ရရှိသည့် လက်လီ/လက်ကား ကိုယ်စားလှယ် လုပ်ငန်းရှင်တို့ပါဝင်သည့် ပူးပေါင်း အဖွဲ့က ပြည်သူများအတွက် One stop service ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

           ၇-၈-၂၀၂၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ကြီးတံခွန် မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများ၊ (စ)ရပ်ကွက်ရှိ ရပ်ကွက်တာဝန်ခံနှင့် ရာအိမ်မှူးများ၊ ဆီအသင်း တာဝန်ခံများနှင့် ဆီလုပ်ငန်းရှင်တို့က ပြည်ကြီးတံခွန်မြို့နယ်၊ ၅၉လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅လမ်းကြား (တတ ၆ ဓမ္မာရုံတွင်) အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်(အသစ်) ပြုလုပ်ပေးခြင်း၊ အဟောင်း လဲလှယ်ခြင်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အိမ်ထောင်စုများအနေဖြင့် ဆီ ဝယ်ယူခွင့် ရရှိစေရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများဖြစ်သည့် မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိပ်စာတို့ လိုအပ်မည်ဖြစ်ကြောင်း၊ ပူးပေါင်း အဖွဲ့မှ ဆီဝယ်ယူခွင့် စာအုပ်များတွင် အိမ်ထောင်စုအလိုက် လိုအပ်သည့် အချက်အလက်များ ထည့်သွင်း၍ အိမ်ထောင်စုများမှ တင်ပြလာသည့် မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ပြည်သူ များအနေဖြင့် မိမိတို့ဝယ်ယူရမည့် ဆီဆိုင်အမည်၊ ဖုန်းနံပါတ်၊ ဝယ်ယူရမည့် အချိန်နှင့် ဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ တစ်စုံတစ်ရာ ကျေနပ်မှုမရှိပါက တိုင်ကြားရမည့် ဖုန်းနံပါတ်တို့ ပါဝင်သည့် ဆီဝယ်ယူခွင့် စာအုပ်များ ရရှိမည်ဖြစ်ပါသည်။

           ၇-၈-၂၀၂၆ ရက်နေ့တွင် အိမ်ထောင်စုအလိုက် စာအုပ်ထုတ်ပေးခြင်းများ ဆောင်ရွက်နိုင်မှု အနေဖြင့် အိမ်ထောင်စု ၁၉၉ အတွက် ဆီဝယ်ယူခွင့်စာအုပ် ၁၉၉ အုပ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ပြည်ကြီး တံခွန်မြို့နယ်အတွင်း နေထိုင်သည့် ဆီဝယ်ယူခွင့်စာအုပ် မရရှိသေးသည့် ပြည်သူများအတွက် ဆီဝယ်ယူခွင့်စာအုပ်များ ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

 

“ဗဟို”ပိုက်နှင်ဆက်စပ်ပစ္စည်းဆိုင်သို့ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းရှင်အား မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးမင်းလွင်၊ ဦးစီးအရာရှိသည် ၁၀-၈-၂၀၂၆ ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီ အချိန်တွင် “ ဗဟို ” ပိုက်နှင့်ဆက်စပ်ပစ္စည်း လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ရုံးခန်းအတွင်း၌ အသိပညာပေး ဆွေးနွေးခဲ့ ပါသည်။         

                    ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ မှ ဦးမင်းလွင်၊ ဦးစီးအရာရှိက အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန်ကို အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး(၆)လပြည့်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ‌ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူ ခံရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့် ကြော်ငြာစာ အမှတ်(၅၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ကြောင်း ထို့အပြင် အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင် လျှောက်ထားရာတွင် လျှောက်ထားရမည့် Link ဖြစ်သည့် https://www.ecomreg.gov.mm သို့ ဝင်ရောက်၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက်အထားများဖြစ်သည့် လုပ်ငန်း၏ Logo(Jpg File)၊ လုပ်ငန်းလိပ်စာ မှန်ကန် ကြောင်းအတွက် ရပ်ကွက် ထောက်ခံချက်(Pdf File)၊ လုပ်ငန်းပိုင်ရှင် Passport Size ဓါတ်ပုံ((Jpg File)၊ လုပ်ငန်းပိုင်ရှင်မှတ်ပုံတင် Color ရှေ့/နောက်((Pdf File)၊ လုပ်ငန်းပိုင်ရှင် လိပ်စာမှန်ကန်ကြောင်း အတွက် ရပ်ကွက်ထောက်ခံချက်(Pdf File) နှင့် လုပ်ငန်းပိုင်ရှင် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက ်(Pdf File) စသည့်အထောက်အထားများအား သတ်မှတ်ချက်များအတိုင်း ပူးတွဲ၍တင်ပြ လျှောက်ထား ရမည်ဖြစ်ကြောင်းနှင့် မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ ၏ထောက်ခံချက်များကိုပါပူးတွဲတင်ပြရမည်ဖြစ်ကြောင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းများအား အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားရှိမှုနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

                 စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးမျိုးထွန်း၊ ဦးစီးအရာရှိနှင့် ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးတို့သည် မန္တလေးမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်သည်မြို့နယ်အတွင်းရောင်းချနေသောလုပ်ငန်း၊နေရပ်လိပ်စာနှင့်ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို (၉-၈-၂၀၂၆) ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင်မှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များထံသို့မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

                ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင် ထားသည့် လုပ်ငန်းများဖြစ်သည့် အထည်အလိပ်အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ စီးပွားရေးဝန်ဆောင်မှု လုပ်ငန်းများ၊ အခြားဝန်ဆောင်မှုများ၊ ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ ရောင်းချသည့်  လုပ်ငန်းရှင်များထံသို့  သွားရောက်၍   အွန်လိုင်း မှတ်ပုံတင်စဉ်က ဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ ရောင်းချရန်ကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစားများ အတိုင်း ကိုက်ညီမှု ရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးရာ မြေပြင်တွင် အမှန် တစ်ကယ် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရခြင်း၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း လုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက် လျက်ရှိပြီး မှတ်ပုံတင်လက်မှတ် ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှု ရှိ/မရှိကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အရလည်း အရေးယူခံရမည် ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အ‌ရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်းများကို အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)

 

စားအုန်းဆီရောင်းချပေးမှုများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့နှင့်အတူ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ချိရေး ကြီးကြပ်မှုကော်မတီ၏ အစီအစဉ်ဖြင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ အများပြည်သူသို့ သက်သာ သောသတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိသောလက်လီ၊ လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုများကို ၆.၈.၂၀၂၆ ရက်နေ့၊ နံနက် ၀၉:၃၀နာရီအချိန်တွင် ဆောင်ရွက် ခဲ့ပါသည်။

          စားအုန်းဆီများကို စားအုန်းဆီလက်လီအရောင်းဆိုင်များမှ ရောင်းချရာတွင် ဈေးနှုန်းများ မှန်ကန်မှုရှိစေရေး၊ အလေးချိန်ပြည့်ဝစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ နိုင်ငံတော်မှ သတ်မှတ် ထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်းရောင်းချမှုရှိစေရေး၊ စားအုန်းဆီများဖြန့်ဖြူး ရောင်းချ ရာတွင် အများပြည်သူမြင်သာစေရန် ရောင်းချသည့်နေ့ရက်နှင့် ဈေးနှုန်းများကို ဗီနိုင်းတွင်ရေးသား၍  ချိတ်ဆွဲရောင်းချစေရေး၊ ခွဲတမ်းရရှိထားသော ပမာဏများအလိုက် ပြည့်ဝစွာရောင်းချစေနိုင်ရေး၊ ဖြန့်ဝေထုတ်ထားပေးသော ဆီများကိုသာရောင်းချမှုရှိစေရေးနှင့် အဆိုပါစားအုန်းဆီများအား စားသုံး သူပြည်သူများထံသို့ အပြည့်အဝရောက်ရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှု မရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် ကြီးကြပ်စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပါသည်။

DOCA(မန္တလေး)

 

 

မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင်  စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

               စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၆ ခုနစ်၊ ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီစာအုပ်လာရောက်ဆောင်ရွက်သော သစ်ပင်ရှည်ကျေးရွာရှိ ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ခရိုင်ဦးစီးမှူးက  ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အခြေအနေများနှင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုဝယ်ယူသုံးစွဲနိုင်မှသာ ဘေးကင်း လုံခြုံစိတ်ချရမှု ရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်များဝယ်ယူရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်နှင့် ကုန်အညွှန်းအမှတ်အသားများ စိစစ်ရွေးချယ်ဝယ်ယူသုံးစွဲတတ်သည့် အလေ့အကျင့်များ ရှိရန်လိုအပ်ပါကြောင်း၊ ဆက်လက်၍ Online ဖြင့်ရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင် မှုကိုဖြစ်စေ Online ကို အသုံးချပြီး အရောင်းအဝယ်ပြုလုပ်ခြင်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ Online  ရောင်းချခြင်း၏ အားနည်းချက်များ၊ အားသာချက်များကိုလည်းကောင်း၊ Online မှ ဝယ်ယူ သုံးစွဲခြင်းကြောင့် နစ်နာမှုများမဖြစ်ပေါ်စေရန် လုပ်ဆောင်သင့်သည့်အချက်များကိုလည်းကောင်း၊ အကယ်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် နေရာများ၊ ဖုန်းနံပါတ်များကိုလည်းကောင်း  တက်ရောက်လာသူများမှ Oline Shopping လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများရှိလျှင် မှတ်ပုံတင်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/ကျေးရွာသား(၆၇)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မင်္ဂလာတောင်ညွန့်မြို့နယ်၊ One Stop Mart တွင်လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့်(ဒု-ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၁၈.၈..၂၀၂၆ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ One Stop Mart အတွင်းရှိလူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးမောင်ကျော်မြင့်(ဒု-ခရိုင်ဦးစီးမှူး)က ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့် တက်မှုရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆိုပုဒ်မခွဲ (ခ)၊(ဂ) နှင့် (ဆ)တို့ ပါအချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် သာကေတမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ သာကေတမြို့နယ်ရှိ  သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းများသို့ (၁၈.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ဆောင်ရွက်တွင် ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)က စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာသောက်သုံးနိုင်ရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများ၏ စီးပွားရေးလုပ်ငန်းရှင်များ အား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန် အသိပညာပေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက်စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူသည်ကုန်စည်ကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ် အကြောင်းတို့အား  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ