Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ(၂)ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည် မရမ်းကုန်းမြို့နယ်အတွင်းရှိ ဦးကျော်မင်း (ဆီဆိုင်) နှင့် ဒေါ်ရီရိထွေး (ကုန်စုံဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြီး ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုအား ၂၀.၈.၂၀၂၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “နီလာ” စတိုးတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ် တာဝန် ခံသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့ နံနက်(၀၉း၀၀)နာရီ အချိန်တွင်  ကျွန်းလှမြို့၊ ပိတောက် မြိုင်ရပ်ကွက်ရှိ “နီလာ”စတိုးဆိုင်အား စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့ ဈေးကွက် စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ “နီလာ” စတိုးတွင် ရောင်းချလျက်ရှိသော အစားအသောက် ကုန်စည်များ နှင့် ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရေသာအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွန်း အမှတ်အသားများကို မြန်မာ ဘာသာဖြင့် အသေးစိတ်စိစစ်ချက်များအတိုင်း  အမျိုး အမည်၊ အရွယ်အစား အရေအတွက်၊ အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင် သတိပေးချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်တင်သွင်း ဖြန့်ဖြူး သူ၏ အမည်နှင့်လိပ်စာဖော်ပြထားရှိမှု၊ ထုတ်ပိုးမှုအခြေအနေနှင့် စားသုံးရန်သင့်လျှော်မှုတို့ကို စနစ်တကျ စိစစ် စစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် ရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ အကြောင်း နှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ အကြောင်းကို အသေးစိတ်ရှင်းလင်း ပြော ကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစား အသောက်များကို သာရောင်းချရန်၊ သက်တမ်းလွန် ကုန်ပစ္စည်းများနှင့် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကို ရောင်းချခြင်း မပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်း များ နှင့် သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက်များပါရှိသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ရောင်းချရန် အသိပညာပေး ပြောကြား ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် ဈေးသည်အား မိမိတို့ဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၉) ကုန်အညွှန်း အမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လွိုင်ကော်မြို့သို့ စားအုန်းဆီရောက်ရှိမှုအား ဖွင့်ဖောက်စစ်ဆေးခဲ့ခြင်း

    ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့၊ ညနေ(၄:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အတွက် ဩဂုတ်လ စားအုန်းဆီခွဲတမ်းရရှိမှုအပေါ် တတိယအကြိမ် စားအုန်းဆီတန်(၅၀) လွိုင်ကော်မြို့သို့ ရောက်ရှိမှုအား နောင်ယား(ခ)ရပ်ကွက်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၏ အုပ်ချုပ်ထောက်ပံ့သိုလှောင်ရုံ ဝန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သည့် စားအုန်းဆီ ရောက်ရှိ ဖွင့်ဖောက်စစ်ဆေးခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေး ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးရာတွင် ရန်ကုန်မြို့မှ စတင်ထုတ်ယူသယ်ဆောင်လာသည့် စားအုန်းဆီပမာဏ(ပေပါ ၊ ပိဿာ)အရေအတွက်အတိုင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ သို့ အမှန်တကယ် ရောက်ရှိမှု ရှိ/မရှိ ၊ စားအုန်းဆီများထုတ်ယူရာတွင် ပေပါပေါ်၌ ကုမ္ပဏီအလိုက် စည်းပိတ်ထားသည့် အဖုံးများပျက်စီးမှု ရှိ/မရှိနှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ကယား)

ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ “ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ကျင်းပ

          ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်း ဆောင်ရည်မြင့်တင်ရေးသင်တန်း (၁/၂၀၂၆) သင်တန်းအား ၂၀-၈-၂၀၂၆ရက်နေ့ နံနက်(၀၉၃၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး၌ သင်တန်းဖွင့်လှစ်ပွဲကျင်းပခဲ့ကြောင်း သိရှိ ရပါသည်။

          အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဦးမျိုးဝင်းနိုင် ဦးစီးအရာရှိက သင် တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းနည်းပြများနှင့် သင် တန်းသား/သူများ ရင်းနှီးစွာမိတ်ဆက်စကား ပြောကြား၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          သင်တန်းတွင် ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်းက နိုင်ငံဝန်ထမ်းနည်းဥပဒေ အကြောင်းသိ ကောင်းစရာများအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင် ဦးစီးအ ရာရှိက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့အတွက် နှစ်စဉ်ဆောင်ပုဒ်များအဓိပ္ပါယ်အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်၍ လုပ်ဆောင်မှုနှင့် လုပ်ငန်းတာဝန်များအကြောင်းကိုလည်းကောင်း၊ ရုံးစာရေးသားရာတွင် စံပြုလိုက် နာရမည့် အချက်များကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံ ဒေါ်စမ်းစမ်းမြင့် ဦးစီးအရာရှိက ငွေစာရင်းဆိုင်ရာကိစ္စရပ် ဌစများအကြောင်းကိုလည်းကောင်း ဘားအံခရိုင် ထွေအုပ်မှဒု-ဥပဒေအရာ ရှိက ဥပဒေဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ထွေ/အုပ်မှ ကိုင်တွယ်ကျင့်သုံးသောဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် မြို့/ရွာ/ရက်ကွပ်/ကျေးရွာများဆိုင်ရာမြေရရှိရေးကိစ္စများကိုလည်းကောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသားဦးရေ (၁၄)ဦး တက်ရောက်ခဲ့ ကြောင်းနှင့် သင်တန်းအား (၂၀-၈-၂၀၂၆) ရက်နေ့နှင့် (၂၁-၈-၂၀၂၆) ရက်နေ့အထိ (၂) ရက်တာ သင်တန်းအဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

တောင်သူလယ်သမားအသင်းဖွဲ့စည်းနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် တောင်သူလယ်သမားအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ဩဂုတ်လ ၁၉ရက်နေ့ မွန်းလွဲ ၁၃၀၀ နာရီတွင် ဘားအံ-ထုံးအိုင် အဖြောက်လမ်း၊ ကော့တရုတ်လှကျေးရွာရှိ ငွေလဝန်းဆန်ဆက်၌ တောင်သူလယ်သ မားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဦးဉာဏ်လင်း၊ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် အငယ်တန်းစာရေး ဦးရန်အောင်ထွန်းတို့ တက် ရောက်ခဲ့ပြီး တောင်သူလယ်သမား ၁၉နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံရာတွင် တောင်သူ လယ်သမားများအနေဖြင့် မိမိတို့၏လယ်ယာထွက်ကုန်များကို ဈေးကွက်အတွင်း ပိုမိုကောင်းမွန်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေး၊ လယ်ယာကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို စုပေါင်းတင်ပြနိုင်ရေးနှင့် တောင်သူများ၏အကျိုးစီးပွားကို ပိုမိုထိရောက်စွာ ဖော်ဆောင်နိုင်ရေးတို့အတွက် တောင်သူလယ်သ မားအသင်းဖွဲ့စည်းနိုင်ရေးကို အဓိကထားဆွေးနွေးခဲ့ကြသည်။

          ထို့ပြင်တောင်သူများအနေဖြင့် အသင်းအဖွဲ့စနစ်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် လယ်ယာထွက်ကုန်များ၏ ဈေးကွက်အခြေအနေ၊ ကုန်သွယ်မှုအခွင့်အလမ်းများနှင့် စားသုံးသူများ၏ လိုအပ်ချက်များကို ပိုမိုနားလည်သိရှိနိုင်မည်ဖြစ်သည့်အပြင် တောင်သူနှင့်ဈေးကွက် အကြား ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသည် ကရင်ပြည်နယ်အတွင်း တောင်သူလယ်သမား များ၏ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်ရေးနှင့် တောင်သူလယ်သမားများ စုပေါင်းပါဝင် ဆောင်ရွက် နိုင်မည့် အသင်းအဖွဲ့တစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် အရေးပါသည့်တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ဖြစ်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၂၁-၈-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ စိမ်းရတနာမွန်(တောင်)ရပ်ကွက်ရှိ AKB (စတိုး)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “Asia” အမှတ်တံဆိပ်ပါ မန်ကျည်းသီးအချိုရည်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက် တို့ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စတိုးဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်း မပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုရန်တို့ကို အသိပညာ ပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

“လားရှိုးမြို့ရှိ MSME လုပ်ငန်းဖြစ်သော Happy အမှတ်တံဆိပ် အာလူးကြော်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး”

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးတို့နှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁၇)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပက်သက်၍ လားရှိုးမြို့နယ်၊  ရပ်ကွက်(၇)၊ အောင်သစ္စာလမ်းရှိ Happy အာလူး ကြော်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

           အဆိုပါကွင်းဆင်းရာတွင် ထုတ်လုပ်သောကုန်စည်များ အရည်အသွေးကောင်းမွန်စေပြီး ဈေးကွက်ရရှိမှုအခြေအနေများ ခေတ်မီစက်ကရိယာများ တပ်ဆင်အသုံးပြုရေး၊ ထုတ်လုပ်မှုနည်းပညာ များရရှိရေးအတွက် မိမိဌာနနှင့် သက်ဆိုင်ရာဌာနများမှ ဖွင့်လှစ်သောသင်တန်းများ တက်ရောက်နိုင် ရေးဆောင်ရွက်ပေးမှုအခြေအနေများကို ဆွေးနွေးပြောကြားခြင်း၊ ထုတ်လုပ်သော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိခြင်းရှိ/ မရှိ စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင် များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရှမ်း)      

ချောင်းဆုံမြို့နယ် မူလွန်(ကတောင်စိန်) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    ၂၀.၈.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ်၊ မူလွန်(ကတောင်စိန်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါ‌ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြော ဆွေးနွေးခဲ့ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများဖြစ်သော လူကိုယ်တိုင်လာရောက်တိုင်ကြားခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားခြင်း၊ Consumer Call Center 1535 သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပုံအဆင့်ဆင့်၊ DOCA Application ၌ တိုင်ကြားခြင်း၊ DOCA  Website သို့ တိုင်ကြားခြင်းတို့ကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပင်လုံမြို့ပေါ်ရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး(ဦးသန်းတိုး)နှင့် ဝန်ထမ်း များသည် (၁8.၈.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀0)နာရီ အချိန်တွင် ပင်လုံမြို့ပေါ်ရှိ ဦးစိုင်းအေးဆန်အရောင်းဆိုင်နှင့် ဒေါ်ယဉ်မေ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်အရောင်းဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှထုတ်ပြန်ထားသော ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ (စပါးသစ်ပေါ်ချိန်) အထိ ရောင်းချရမည့် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ၊ ဆန်အမျိုးအစား အလိုက်ရောင်းချနေသည့် ဈေးနှုန်းများ ကိုက်ညီမှုရှိ/မရှိ၊ အရည်အသွေးနှင့် အချိန်အတွယ်များ ပြည့်ဝမှန်ကန်မှု ရှိ/မရှိ အခြေအနေများအား စစ်ဆေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပြည်တွင်း ကုန်သွယ်မှု ဖွံဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကုန်စည် စီးဝင်/စီးထွက်မှု အခြေအနေများကို စာရင်းကောက်ယူခြင်း၊ ဈေးကွက်အတွင်း နေ့စဉ်ကုန်ဈေးနှုန်း ဖြစ်ပေါ်မှု အခြေအနေများကို သုံးသပ်တင် ပြခြင်းများအား သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)      

 

မုဒုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေး

     ၂၀.၈.၂၀၂၆ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ အဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်ရှိ ကျော်ဇံ၊ အာရှမွန်၊ အပါးချမ်း၊ Always စက်သုံးဆီဆိုင်များ၌ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အရောင်းဆိုင် ပိတ်ထားမှု ရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ အရည်အသွေး/အလေးချိန် တိကျန်မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ