Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောက်ဥက္ကလာပမြို့နယ်၊ ၂၁/ရွှေပေါက်ကံမြို့သစ်ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         ၁၁.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၆း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စာလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြောက်ဥက္ကလာပမြို့ နယ်၊ (၂၁/ရွှေပေါက်ကံမြို့သစ်ရပ်ကွက်) ရပ်ကွက်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က ဖြန့်ဖြူးသည့်ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီသိုလှောင်ခြင်း/ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီးတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့၌ ဖုရားဖူးပြည်သူများနှင့်စည်းကားခဲ့

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီတင်းကျွတ် လပြည့်(အဘိဓမ္မာအခါတော်)နေ့တွင် ခရီးသွားဘုရားဖူးပြည်သူများ တစ်သိန်းခွဲကျော်ခန့် လာရောက် ခဲ့ကြောင်း ဟိုတည်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင် ထံမှ သိရသည်။

        သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြန်မာ ပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးပြည်သူများသည် သမိုင်းအထင်ကရ ဘုရားများ၊ သာသနိက အဆောက်အဦများ၊ အပန်းဖြေစခန်းတို့တွင် ပျော်ရွှင်စွာလည်ပတ်အပမ်းဖြေလျက်ရှိပါသည်။ ဘုရားဖူး ပြည်သူများသည် ဘုရားဈေးများတွင် ရောင်းချနေသည့် ပုဂံသမိုင်းစာအုပ်များ၊ ပုဂံသုတေသန စာအုပ် များ၊ ပုဂံသမိုင်းရုပ်ပြစာအုပ်များ၊ ပုဂံဒေသထွက်ယွန်းပစ္စည်းအမျိုးမျိုး၊ မန်ကျည်းပလိတ်၊ မန်ကျည်း တော်ဖီ၊ ပုဂံဒေသထွက် ပုဂံရောက်အမှတ်တရအဝတ်အစားများ၊ ဒေသထွက်ထန်းလျက် စသည့်ထုတ် ကုန်များအား ဝယ်ယူမှုများပြားလျက်ရှိသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လေ့လာရေး ခရီးသွားများ၊ ဘုရားဖူးသူများဖြင့် များပြားလျက်ရှိနေကာ ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော် မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ အလိုတော်ပြည့်ဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဒိဘုရား၊ ဗူးဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ စူဠာမဏိဘုရား၊ပြဿာဒ်ကြီးဘုရား၊ဓမ္မရာဇကဘုရား၊ မြစေတီဘုရား၊ မနုဟာ စသည့်ဘုရားစေတီများတွင် ဘုရားဖူးပြည်သူများဖြင့် စည်းကားခဲ့ကြောင်းသိရသည်။  

DOCA(မန္တလေး)

ညောင်ဦးမြို့တွင် MSME ထုတ်ကုန်များ၊ လူသားမျိုးနွယ် ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကျင်းပ

         မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် MSME ထုတ်ကုန်များ၊ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့်ဈေးရောင်းပွဲတော်အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၃)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါပြပွဲနှင့်ဈေးရောင်းပွဲတော်အား ပုဂံရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)) ပြတိုက်ဝန်းအတွင်း၌ပြုလုပ်ခဲ့ရာ ညောင်ဦးခရိုင်ရှိ MSME ထုတ်ကုန်များဖြစ်သည့် ယွန်းထည်ပစ္စည်းအမျိုးမျိုး၊ ပုဂံရောက်အမှတ်တရ အထည်ချုပ်လုပ်ငန်းမှ အဝတ်အထည်များ၊ အာလူး ကြော်နှင့်အချိုရည်လုပ်ငန်း၊ အောင်ပါစေထန်းလျက်လုပ်ငန်းများမှ ထုတ်ကုန်များ၊ ပန်းပဲလုပ်ငန်း (မြန်မာ့ရိုးရာဓားအမျိုးမျိုး)၊ မြင်းနက်ပုန်းရည်ကြီးလုပ်ငန်း၊ ဆုလဒ်စားသောက်ကုန်လုပ်ငန်း၊ မန်ကျည်း တော်ဖီ၊ မန်ကျည်းပလိတ်ပြား၊ ပဲကြော်လုပ်ငန်း၊ ရွှေဥကြော်လုပ်ငန်းနှင့် အနော်ရထားဆီစက်လုပ်ငန်း စသည့်လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားပါသည်။

          အဆိုပါပြပွဲအား အောက်တိုဘာလ(၃)ရက်နေ့မှ(၆)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနတို့မှ ဦးဆောင်၍ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

မြောက်ဥက္ကလာပမြို့နယ်၊ (ဇ) ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူးရုံး)နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ၊  လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ၁၁.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၄း၃၀)နာရီအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က ဖြန့်ဖြူးသည့်ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့်တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊ (ဇ) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြောက်ဥက္ကလာပမြို့နယ်၊ (၁၆)ရပ်ကွက်အတွင်း စားအုန်းဆီ ရောင်းချမှုမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         ၁၁.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူ ဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှတာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စားအုန်းဆီဖြန့် ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က ဖြန့်ဖြူးသည့်ကုမ္မဏီ၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် အိမ်ထောင်စုများအား စားအုန်းဆီရရှိမှုအခြေအနေတို့ကို မြောက်ဥက္ကလာပမြို့နယ်၊ (၁၆) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်နှင့် တံတားကြီး ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           ၁၁.၁၀.၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှတာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် (ခရိုင်ဦးစီးမှူး)ဦးဇော်မင်းလတ်က ဖြန့်ဖြူးသည့်ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်နှင့်(တံတားကြီး)ရပ်ကွက်အတွင်းရှိအိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီကိုယ်စားလှယ်များ၊ စားသုံးဆီ လက်လီ/ကား ရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)သည် (၁၁.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စားသုံးဆီကိုယ်စားလှယ်များ၊ စားသုံးဆီလက်လီ/ လက်ကား ရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့ ဆွေးနွေးရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီ များရောင်းချရာတွင်ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊  ဆီအရောင်းစာအုပ်များနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စျေးနှုန်းမှန်ကန်စွာ ရောင်းချရန်အရေအတွက် အချင်အတွယ်မှန်ကန်စွာ ရောင်းချပေးရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

MyRo မှတ်ပုံတင်ထားသော ဆန်စက်သိုလှောင်ရုံအား သက်တမ်းတိုး လုပ်ငန်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်း ဖြည့်သွင်းခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်(၁၁း၀၀)အချိန်တွင် စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ ရတနာထွန်းဆန်စက် MyRo မှတ်ပုံတင်ထားသည့် သိုလှောင်ရုံသို့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် MyRo မှတ်ပုံတင်ထားသည့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း(၁)ရက်နေ့မှ (၇)နေ့အတွင်း MyRo ဖြစ်သော www.MyRo.com.mm တွင် ဖြည့်သွင်းရန် ဆန်စက်၊ ဆန်ဆိုင်လုပ်ငန်းရှင်များအား ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းတိုးခြင်းလုပ်ငန်းအပြင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းသည့်လုပ်ငန်းများလည်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Myanmar Eugenia Manufacturing Company Limited မြန်မာသပြေ ဖိနပ်အမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နေ့လည်(၁၅း၀၀)အချိန်တွင် စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ Myanmar Eugenia Manufacturing Company Limited မြန်မာသပြေ ဖိနပ်အမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံသို့ မြေပြင်ကွင်းစစ်ဆေးခဲ့ရာ ကုန်ကြမ်းများကို တရုတ်နှင့်မြန်မာနိုင်ငံတို့တွင် ဝယ်ယူပြီး ကုန်ချောများကို မြန်မာနိုင်ငံအနှံ့အပြား တင်ပို့ပြီး လုပ်သားအင်အား(၁၈၁)ရှိပြီး တစ်ဦးလျှင်လုပ်အားခ တစ်လကျပ်(၂၀၀၀၀၀/- မှ ၃၀၀၀၀၀/-)ထိ အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်ကြောင်း စက်ရုံမန်နေဂျာ ဦးထွန်းထွန်းဇော်ထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

JINXIN Techonology Sagaing Company Limited ဖုန်းအားသွင်းကြိုး အပိုပစ္စည်းထုတ်လုပ်သည့် စက်ရုံသို့ မြေပြင်ကွင်းဆင်း

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ (၁၆း၀၀)အချိန်တွင် စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ JINXIN Techonology Sagaing Company Limited ဖုန်းအားသွင်းကြိုးအပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံသို့ မြေပြင်ကွင်းစစ်ဆေးခဲ့ရာ CMP” စနစ်ဖြင့် ကုန်ကြမ်းယူ၊ ကုန်ချောပေး၊ လက်ခစားလုပ်ငန်းဖြင့် လုပ်ကိုင်ခဲ့ပြီး ကုန်ကြမ်းများကို တရုတ်နိုင်ငံတွင် ဝယ်ယူပြီး ကုန်ချောများကို တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ပြီး လုပ်သားအင်အား(၁၀၀၀)ကျော်ရှိပြီး တစ်ဦးလျှင်လုပ်အားခ တစ်လကျပ်(၂၀၀၀၀၀/- ၃၀၀၀၀၀/-မှ ၃၅၀၀၀၀/-)ထိ အလုပ်အကိုင် အခွင့်အလမ်းများပေးနိုင်ကြောင်း စက်ရုံမန်နေဂျာ ဦးမြင့်လွင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ