Main menu

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မှတ်ပုံတင်လျှောက်ထားခြင်းအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ၂၅ ရက်နေ့၊ နံနက်(:၀၀)နာရီ အချိန်တွင် ကော့သောင်းမြို့၊ ကမ်းနားလမ်း၊အဏ္ဏဝါရပ်ကွက် ကရဝိတ်(ငပိထောင်း)လုပ်ငန်းအား အွန်လိုင်းလုပ်ငန်းမှတ်ပုံတင် လျှောက်ထားခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်အား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်လျှောက်ထား ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)မှ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားရာ တွင်တင်ပြရမည့် အထောက်အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ( လုပ်ငန်းအမည်ပါရှိရန်) ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင် ကြောင်းဖြစ်ရန်)၊ ရဲစခန်း ထောက်ခံစာ(ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း)၊ Business Logo ၊ ပိုင်ရှင် မှတ်ပုံတင်၊ ပတ်စ်ပို့တို့ကိုလိုအပ်မည်ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်အမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)