
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ဦးဆောင် ၍ ညောင်းဦးမြို့နယ် မဏိစည်သူဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချသောဝင်းစတားဆန်ဆိုင်သို့ (၂၁-၁၁-၂၀၂၅)ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ဝင်းစတား ဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ် ဆန်း(၂၄) ပြည်တစ်အိတ်လျှင် (၁၉၃၀၀၀) ကျပ်၊ ဧရာပဒေသာ (၂၄) ပြည်တစ်အိတ်လျှင် (၁၄၃၀၀၀) ကျပ်၊ မနောသုခဆန် (၂၄)ပြည်တစ်အိတ် လျှင်(၈၀၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည် တစ်အိတ် လျှင်(၇၀၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး၊ ဝင်းစတားဆန်ဆိုင် ပိုင်ရှင်အားဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင် ရုံမှတ်ပုံတင်သက်တမ်းပြည့်ပါက My RO တွင် ဆက်လက်မှတ်ပုံတင် သက်တမ်းတိုးသွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရသည်။
DOCA(မန္တလေး)
