Main menu

ကော့သောင်းမြို့ပေါ်ရှိ ရေထွက်ပစ္စည်းအမျိုးမျိုးရောင်းချနေသည့် ကရဝိတ်(ငပိထောင်း)လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် ကော့သောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မိတ်ဖက်ဌာနများနှင့်အတူပူးပေါင်း၍ ကော့သောင်းမြို့ ပေါ်ရှိ ရေထွက်ပစ္စည်းအမျိုးမျိုးရောင်းချနေသည့် ကရဝိတ်(ငပိထောင်း)လုပ်ငန်းအား ထုတ်ကုန် လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ စားသုံးဆီအမျိုးမျိုးတို့အား ကုန်စည်‌‌ပေါ်တွင် အမျိုးအမည်၊ အရွယ်အစား၊ အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းစသည်တို့ကို သတ်မှတ်ချက် များနှင့်အညီဆောင်ရွက်ရန်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်များကို‌ ရောင်းချမည်ဆိုလျှင် စားသုံး သူကာကွယ်ရေးဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)