Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ ဒေသတွင်းစက်သုံးဆီတင်သွင်းနေသည့်ကုမ္ပဏီများမှ လက်ကားရယူပြီး အရောင်း ဆိုင်များ၌ လက်လီပြန်လည်ရောင်းခြင်းဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စီမံဆောင်ရွက်မည့် အစည်းအဝေးအား တိုင်းဦးစီးမှူးမှ တက်ရောက်ခြင်း

    ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့၊ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂) တွင် ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး၊ ဒေသတွင်းစက်သုံးဆီတင်သွင်းနေသည့်ကုမ္ပဏီများမှ လက်ကားရယူပြီး အရောင်းဆိုင်များ၌ လက်လီ ပြန်လည် ရောင်းခြင်းဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စီမံဆောင်ရွက်မည့် အစည်းအဝေးအား တိုင်းဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးမှ အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီး ကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိမှ ဆွေးနွေးတင်ပြခြင်း၊ ထားဝယ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များမှ ကိုယ်စားလှယ်(၁)ဦးမှ ဆွေးနွေးတင်ပြခြင်း၊ စက်သုံးဆီတင်သွင်းနေသည့်ကုမ္ပဏီများကိုယ်စား ကိုယ်စားလှယ်(၁)ဦးမှ ဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်း နှင့် ဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအား ညနေ (၁၆း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ကျောက်ပန်းတောင်မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ( ၂၃ ) ရက်နေ့၊ နံနက် (၁၀ : ၃၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေးနှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုမှုရှိစေရေးအတွက် မြို့နယ်တာဝန်ခံနှင့်မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။

           အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က MSME လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှသက်သာသော ဈေးနှုန်းများဖြင့် ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး MSME လုပ်ငန်းများတွင် အသုံးပြုရမည့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများအား လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုကြရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည်အမျိုးအစားတွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူရောင်းချခွင့် မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လစဉ်စားအုန်းဆီလိုအပ်ချက်များကို ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများကြီးထွားလာစေရန် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲများတွင်ပါဝင်ပြသနိုင်ရေး စသည့်လိုအပ်သောပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်စေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များမှ မိမိတို့လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ လုပ်ငန်းရှင်(၆၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စျေးကွက်အတွင်း ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်း

    ၂၀၂၅ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေး‌‌ရေးဦးစီဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့သည် မြိတ်မြို့ပေါ်ရှိဆေးဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ဆေးဝါးများ‌ ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

မြိတ်မြို့တွင် ဆန်နှင့် စားအုန်းဆီ အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီး ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့အတွင်း ကုန်စျေးနှုန်းတည်ငြိမ်စေရေး Super Market, Mini Mart များနှင့် ဆန်ဆိုင်များအား ကွင်းဆင်း လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌‌ရေးဦးစီဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ၂၀၂၅ခုနှစ်၊ သြဂုတ် လ (၂၇)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်မြို့၊ အောင်မင်္ဂလာရပ်နှင့် တိုးချဲ့ရပ်ရှိ ဆန် အရောင်းဆိုင်နှင့် စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးများနှင့် ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များမှ သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့်ရောင်းချနေမှုများကိုစစ်ဆေးခဲ့ပြီး အလေးချိန်မှန်ကန်စွာနှင့် ဖြစ်သင့်ဖြစ်ထိုက် သောစျေးနှုန်းများဖြင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမဖြစ်စေရေး ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ဘိလပ်မြေဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊နေ့လယ်  (၁၅း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူး‌ပေါင်း၍ ထားဝယ်မြို့တွင်းရှိ ဘိလပ်မြေ အရောင်းဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ဘိလပ်မြေစျေးနှုန်းများနှင့် ရရှိမှုအခြေအနေများ၊ လက်ကျန်အခြေအနေများ ဝိသမလောဘဖြင့် သိုလှောင်မှုများရှိ/မရှိ  စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ညောင်ဦးမြို့တွင် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားအား ပူးပေါင်းပါဝင်ဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ညောင်ဦးမြို့အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားအား(၂၃.၈.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

          အခမ်းအနားတွင် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၏ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်(၃၅)ဦးဖြင့် တပ်စုအဆင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း အစီအစဉ်များအရ ရုတ်တရက်ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ ငလျင်လှုပ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ တာဝန်သိပြည်သူတစ်ဦး၏ ဆက်သွယ်သတင်းပေးပို့မှုအရ မီးသတ်တပ်ဖွဲ့ဝင်များသည် အထကညောင်ဦး၊ စေတနာဆောင်၊ (၃)ခန်းတွဲ နှစ်ထပ်အဆောက်အဦးတွင် အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့်  အဆောက်အဦးပြိုကျပြီး လူအများပိတ်မိနေခြင်းဖြစ်စဉ်ကြောင့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ ဝံသာနု၊ လောကပါလ၊ Bagan Rescue အသင်းများ ပူးပေါင်းပါဝင်၍ လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ခရိုတာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ) သည် မြို့နယ်တာဝန်ခံရုံး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ဆက်သွယ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသည့်ဌာနများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၃.၈.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ အင်တာနက်ဝန်ဆောင်မှု ဆက်သွယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပါသည်။

            ခရိုင်တာဝန်ခံမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ခေါ်ဆိုတာဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆ အရ စားသုံးသူအပေါ် အာမခံ ချက်ပေးထားသည့်ကာလတိုင်း ဝန်ဆောင်မှုမပေးနိုင်လျှင် (သို့မဟုတ်) ဝန်ဆောင်မှုပေးရန် ပျက်ကွက်လျှင် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကိုမရခဲ့လျှင် စားသုံးသူ၏ နစ်နာမှုအတွက် ကုစားခွင့်ပေးရန် စားသုံးသူမှတောင်းဆိုပိုင်ခွင့်ရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဆက်လက်၍ သက်ဆိုင်ရာဌာနများမှ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းရှင်များသိရှိလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ ဥပဒေများပါသတ်မှတ်ပြဌာန်းချက်များ အား အသီးသီးအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရတနာဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီး အရာရှိ)သည် (၂၆-၈-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အများပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးနေသော ညောင်ဦးမြို့၊ အမှတ်(၃)နယ်မြေရှိ ရတနာ စားအုန်းဆီအရောင်းဆိုင်သို့  ကွင်းဆင်း၍ အလေးချိန်၊ အရည်အသွေး၊ ဈေးနှုန်းများ မှန်ကန်စွာရောင်းချမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

              ရတနာ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို နေ့ရက်အလိုက် အများပြည်သူ သိရှိမြင်သာစေရန် Vinyl များချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင် အတွယ်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်း ကြပ်မတ်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ အထက ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် (၂၆.၈.၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ခရိုင်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန်မှုရှိ/ မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံးအဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/ မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များနှင့် ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘောထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက်ခြင်းများရှိပါကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ရှိစတိုးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ သုံးစွဲနိုင်စေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားစေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန စသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍(၂၂.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ညောင်ဦးမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ပူးပေါင်းအဖွဲ့သည် ရောင်းချနေသောကုန်စည်များတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ ဥပဒေပါပြဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှုများနှင့် ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြမှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များအား ရောင်းဝယ်မှုမပြုရန်၊ စားသုံးသူအား ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သောကုန်စည်များနှင့် သက်တမ်လွန်ကုန်စည်များ ရောင်းချမှုများမပြုလုပ်ကြရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်နှင့်သုံးစွဲရန်မသင့်သော ကုန်စည်များရောင်းချခြင်းမပြုရန်၊ ဥပဒေပြဌာန်းချက်များ၊ သတ်မှတ်ချက်များ၊ ထုတ်ပြန်ချက်များ၊ ညွှန်ကြားချက်များနှင့် မညီညွတ်သော ကုန်စည်များစစ်ဆေးတွေ့ရှိပါက ဥပဒေများနှင့်အညီ စစ်ဆေးအရေးယူမှုများ ခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ