
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးဦးဆောင်၍ ဝန်ထမ်းများသည် အမှတ်(၁၃-ရပ်ကွက်) ကားကြီးဝင်းအတွင်းရှိ ဆန်လက်လီလက်ကား ရောင်းချသော ရန်သူအောင် ဆန်ဆိုင်သို့ ၂၁-၁၁-၂၀၂၅ ရက်နေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ရန်သူအောင်ဆန် လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ် အိတ်လျှင် (၁၉၅၀၀၀) ကျပ်၊ မနောသုခဆန်(၂၄)ပြည်တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်နှင့် ဖန်သီးသုခ (၂၄) ပြည်တစ်အိတ်လျှင် (၇၈၀၀၀) ကျပ်နှင့် သီးထပ် (၂၄) ပြည်တစ်အိတ်လျှင် (၆၈၀၀၀) ကျပ် ဈေးနှုန်းများဖြင့် သင့်တင့်မျှတသောနှုန်းထားများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ရန်သူအောင်ဆန်ဆိုင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့် မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင် သက်တမ်းပြည့်ပါက My RO တွင်ဆက်လက် မှတ်ပုံတင်သက်တမ်း တိုးလုပ်ငန်းများ ဆက်လက်ဆောင် ရွက်သွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
