Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့၊ ကန်သာစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် အသိပညာပေးဟောပြောပွဲကျင်းပ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ် စတစ်မသုံးစွဲရေးနေ့ဟု သတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုးသုံးစွဲစေရေး စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်စျေးကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၂၅.၈. ၂၀၂၅)ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်တွင် မကွေးမြို့၊ ကန်သာစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ ကန်သာစျေးအတွင်း စျေးဝယ်သူပြည်သူများနှင့် စျေးရောင်းချသူဆိုင်ရှင်များအား စျေးတာဝန်ခံရုံး၌ ဖိတ်ကြား၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများ၏ အခွင့် အရေးများနှင့်တာဝန်များ၊ ကုန်စည်နှင့်အစားအစာများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန် အညွှန်းအမှတ် အသားဆိုင်ရာ သတ်မှတ်ချက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားပုံနည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

ကင်ပွန်းတောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကင်ပွန်း တောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်း သူများကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက ကုန်အညွှန်း အမှတ်အသားဆိုင်ရာသိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သဘာဝဘေးအန္တရာယ်အကြောင်းကိုလည်းကောင်း၊ မြို့နယ် တိုင်းရင်းဆေးမှူးဒေါ်ခင်မေဦးက သန့်(၄)သန့်အကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်ခင်မျိုးဆေးက လူငယ်နှင့်ခေါင်းဆောင်အကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ချောက်မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသောပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလပ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာ (၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် ချောက်မြို့မစျေး၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်း၊ ပလပ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုး ထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသော ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

တောင်တွင်းကြီးမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့် လုပ်ငန်းရှင်အား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် တောင်တွင်းကြီးမြို့ပေါ်ရှိ KUU'S Choices အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားသည့် အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က အချက် အလက်များနှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်း ဆိုင်ရာ အမိန့်ကြော်ငြာစာများ၊  အွန်လိုင်းမှတ်ပုံတင် လက်မှတ်ရရှိထားသူ၏တာဝန်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်အာမခံရမည့်အချက်များ၊ စားသုံးသူအခွင့် အရေးနှင့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ အွန်လိုင်းဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၇..၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် Online စနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချ ရာတွင် အွန်လိုင်းမှတ်ပုံတင်ရန်နှင့် အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိမှသာ ရောင်းချရန်၊ အွန်လိုင်း မှတ်ပုံတင်၏ တာဝန်များအားလိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာမှုမရှိသည့် လုပ်ငန်းရှင် များအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြား ခဲ့ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှလည်း အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် အချို့လုပ်ငန်းများတွင် အကောင့်အတုများဖြင့်ရောင်းချနေသောကြောင့် စားသုံးသူများနစ်နာရှုံးမှုဖြစ်ပေါ်၍ တိုင်းကြားရာ၌ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် လိပ်စာမှန်ကန်မှုမရှိသဖြင့် စစ်ဆေးဆောင်ရွက်၍မရကြောင်း ကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ် ငန်းများတွင် အွန်လိုင်းမှတ်ပုံတင်ရရှိထားသော အလှကုန်ပစ္စည်းများရောင်းချသည့်လုပ်ငန်းရှင်၊ လက်ဝတ်ရတနာပစ္စည်းများ ရောင်းချသည့်လုပ်ငန်းရှင်၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်၊ အခြားဝန်ဆောင်မှုများပေးသည့် လုပ်ငန်းရှင်၊ ဆေးဝါးကုသရေးသုံးပစ္စည်းများနှင့် ဖြည့်စွက်စာများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ရောင်းချသည့်လုပ်ငန်းရှင်၊ အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုး ရောင်းချသည့်လုပ်ငန်းရှင်တို့အား  မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်ရောင်းချသည့် ကုန်စည် (သို့)ဝန်ဆောင်မှုတို့တွင် အာမခံချက်များရရှိမည်ဖြစ်ကြောင်းနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၁.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲမျိုးလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။

     အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဖြစ်သော စားသုံးသူရေးရာဌာနခွဲမှ အကြီးတန်းစာရေး ဦးဝေယံဖြိုးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ E-Government တွင် သင်ကြားပို့ချခဲ့သော Advanced Microsoft Cources (Computer) အား ဆင့်ပွားသင်တန်းအဖြစ် ပြန်လည်ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် Mail Merge, Pivot Tables, Data Validation, VLOOKUP, Google Form ပြုလုပ် နည်းများနှင့် စပ်လျဉ်း၍ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း၊ သင်ကြားပို့ချခဲ့သည့် အကြောင်း အရာများအား သင်တန်းသား/ သင်တန်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ သင်တန်းသို့ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများ၊ အရာထမ်း/ အမှုထမ်းများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြပြီး နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(မကွေး)

ဘားအံမြို့ရှိ အမှတ်(၁) ရပ်ကွက်အတွင်း ဆေးဆိုင်များအား  ကွင်းဆင်းစစ်ဆေးခြင်း

     (၂၆-၈-၂၀၂၅) ရက် ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  အမှတ်(၁) ရပ်ကွက်အတွင်း  ရောင်းချနေသော ဆေးဆိုင်များသို့  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသီရိမောင်က စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ဆေးဝါးများကိုသာ ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများ၏  ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် ၊ ဆေးဝါးများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(DOCA ကရင်)

ဘားအံမြို့ အမှတ် (၁) ရပ်ကွက်အတွင်း ရပ်ကွက်လက်လီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသီရိမောင် နှင့် စားသုံး/ထုတ်လုံ ဝန်ထမ်းများသည် (၂၆-၈-၂၀၂၅) ရက် ၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  ရပ်ကွက်လက်လီဆိုင်များတွင်  ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုး ဖြစ်သည့်   Cake & Bakery မိုးသူဇာအမှတ်တံဆပ်နှင့် ဆာလာယိုပေါင်မုန့် ပြည်မြန်မာအမှတ်တံဆိပ်တွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိသည်ကိုတွေ့ရှိရပါသည်။ ဆက်လက်၍  စစ်ဆေးရေးအရာရှိ ဒေါ်စုနွေး သီရိမောင်က အမှတ်(၁) ရပ်ကွက် လက်လီဆိုင်များ တွင် စားသောက်ကုန်များ ရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်း သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကို သာရောင်းချကြရန်၊ သက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ  စားသောက်ကုန်များကို ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(DOCA ကရင်)

ဘားအံမြို့ရှိ ဗားဗား ဆေးဆိုင်သို့  ကွင်းဆင်းစစ်ဆေးခြင်း

     (၂၆-၈-၂၀၂၅) ရက် ၊ နံနက် (၁၀:၀၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အမှတ်(၁) ရပ်ကွက်အတွင်း  ရောင်းချနေသော ရပ်ကွက်လက်လီဆိုင်သို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ဗားဗားဆေးဆိုင်သို့ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးနှင့် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးဖြစ်သည့် ကလေးအာဟာရနို့မှုန့် Dupro အမှတ်တံဆိပ် နှင့် Gaullac အမှတ်တံဆိပ်တို့ တွင် ကုန်အညွှန်းအမှတ် အသား ပြည်စုံစွာဖော်ပြထားမှု ရှိကြောင်းစိစစ်တွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသီရိမောင် က ဗားဗား ဆေးဆိုင် တွင် ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် ကလေး အသုံးအဆောင် ပစ္စည်းအမျိုးမျိုး တို့ကို သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(DOCA ကရင်)

ကရင်ပြည်နယ်ပဲမျိုးစုံနှင့်ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦး ဦးဆောင်၍ ၂၃-၈-၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

      ပြည်နယ်ဦးစီးမှု ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့်စားသုံးသူ‌ကာကွယ် ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး  တိုးတက် စေရေး ဆောင်ရွက်ရာတွင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေး အထောက်အကူပြု အလားလာရှိသော  ပဲမျိုးစုံနှင့်ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်းနှင့်အသင်းဘက်မှ  မိမိတို့လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ နေရသည့်အခက်အခဲများ လိုအပ်ချက်များ တင်ပြဆွေးနွေးနိုင်ပါကြောင်း၊ ဆက်လက်၍ ကရင်ပြည်နယ် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ပြည်တွင်းပဲမျိုးစုံ သယ်ယူ ပို့ဆောင်ရာတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ အသင်းအနေဖြင့် အသင်းအဖွဲ့စည်းမျည်း‌ရေးဆွဲဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကရင်ပြည်နယ် အတွင်း ပဲမျိုးစုံစီးဝင်/စီးထွက်မှု အခြေအနေ/ဈေးနှုန်းဈေးကွက်ဖြစ်ပေါ်မှုအခြေအနေများကို လည်း ကောင်း ၊ပဲမျိုးစုံထွက်ပစ္စည်းများ ရောင်းချမှုအပေါ် နိုင်ငံခြားငွေလဲလှယ်ခြင်းနှင့်ပတ်သက်၍ ကုန်သွယ်ဦးစီးဌာနက ထုတ်ပြန်ထားသည့် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာအကြောင်းကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ကရင်ပြည်နယ်တွင် ပြည်နယ်အဆင့်(၄၂)အသင်းထိ ဖွဲ့စည်းထားရှိသော်လည်း  လှုပ်ရှားသက်ဝင်မှု အားကောင်းသောအသင်း (၁၁)သင်းသာရှိသောကြောင့် အသင်းများသက်ဝင် လှုပ်ရှားမှု အားကောင်းစေရေး အသင်းဖွဲ့စည်းမျဉ်းရေးဆွဲတင်ပြနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးက စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ