Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“My RO တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီး ဆန်/စပါး သိုလှောင်ရုံများအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး ကွင်းဆင်းအသိပေး”

      ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်မင်းလက် ဦးဆောင်၍ စက်တင်ဘာလ (၂၅) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး မြို့သားမြို့နယ်၊ ကူမဲမြို့၊ အိုးကြီးကွေ့ရပ်ရှိ သိန်းကျော်ဆန်စက်သို့ မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Onlin My Ro)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန် (၂၅)နှင့်အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးသော သက်တမ်းတိုး ဆောင်ရွက်နိုင် ရေးနှင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား ဖြည့်သွင်းပေး နိုင်ရေးနှင့် လစဉ်၊ လဆန်း (၁)ရက်နေ့မှ (၇)ရက်အတွင်း Update ပြုလုပ်နိုင်ရေး ကွင်းဆင်းအသိပေးဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

မအူပင်မြို့နယ် အတွင်း ဆေးဆိုင်များတွင် Dumeh Dupro အမှတ်တံဆိပ်အတုများ ရောင်းချမှုရှိမရှိစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် Dumex Dupro Brand အမှတ်တံဆိပ်အတုများရောင်းချမှုရှိမရှိ စစ်ဆေးခြင်းကို ၁၀-၁၀-၂၀၂၅ ရက်နေ့ နံနက် ၉နာရီ အချိန်က မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံနှင့် FDA ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ စစ်ဆေးခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရရှိထား သော DKSH Myanmar Ltd. မှ တင်သွင်းသည့် Dumex Dupro Brand (နို့စို့ကလေးနှင့် ကလေးငယ်များအတွက်ဖော်စပ်စာ) များကိုသာ စစ်ဆေးတွေ့ရှိရကြောင်း ကုန်ပစ္စည်းရောင်းချသူ ဆိုင်ရှင်များကိုလည်း အတုအစစ်ခွဲခြားနည်းနှင့် Dumex Dupro Brand အမှတ်တံဆိပ်အတုများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြာင်း သိရသည်။

DOCA(ဧရာဝတီ)

အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်း စာရင်းကောက်ယူခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ၉-၁၀-၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန်က ပန်းတနော်မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏ လမ်းညွှန်မှု ဖြင့် ပန်းတနော်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်တွင်းမှ ထွက်ရှိ သည့် လယ်ယာထွက် ကုန်သီးနှံများ အပါအဝင် အခြေခံစား သောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း စွာ သုံးစွဲနိုင်ရေး၊ ဈေးကွက်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ နှင့် လွယ်ကူစွာ ဝယ်ယူရရှိစေရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေး အတွက် မြို့မဈေးကြီး အတွင်း ရှိ ကုန်စုံဆိုင် များ အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

၎င်းအပြင် မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိ ကုန်စုံဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက် ရှိ သော ကုန်ပစ္စည်း များကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စွာ သုံးစွဲနိုင် ရေး၊ အခြေခံ စားသောက်ကုန်များ မြို့နယ်အတွင်း ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ နှင့် ဈေးနှုန်းဈေးကွက် အချက်အလက်များအား  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“မြစ်သားမြို့နယ်အတွင်းရှိ OK စက်သုံးဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး”

             ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၂၅) ရက်နေ့တွင် မြစ်သားမြို့နယ် ၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊အိုးကြီးကွေ့ကျေးရွာရှိOK စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့်နိုင်ငံတော်မှစက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊စျေးနှုန်းမြင့်တက်မှုမရှိစေရေး၊စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း၊ စက်သုံးဆီရောင်းချသည့် ကုမ္ပဏီများမှလည်း သုံးစွဲသူပြည်သူများအား စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းစျေးနှုန်းများထက် ပိုမိုကျော်လွန်၍ ရောင်းချ ခြင်းမရှိရန်လိုကြောင်း၊ အချင်အတွယ်မှန်ကန်စွာ ရောင်းချရန်နှင့်အရည်အသွေးကောင်းမွန်သော စက်သုံးဆီများကိုသာ ဝယ်ယူရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပန်းတနော်မြို့နယ်အတွင်း ရှိရေသန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ ဈေးကွက်အတွင်း ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးတွင် သတ်မှတ်ချက် ပြည့်မီစေရေးအတွက် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့်  ပူးပေါင်းအဖွဲ့မှ  ၉-၁၀-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ပန်းတနော် ဘုရင့်နောင်လမ်းမပေါ်ရှိ ရေသန့်အမျိုးမျိုးရောင်းချသော ဆိုင် ၄ ဆိုင်အား ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

   အဆိုပါ စစ်ဆေးမှူတွင် ပန်းတနော်မြို့နယ်တာဝန်ခံမှ ၂၀၂၅-၂၀၂၆ခုနှစ် ဦးစားပေးကုန်စည် ၁၀မျိုးမှ ရေသန့်အမျိုးမျိုးကို အောက်တိုဘာလအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင့်  မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများ နှင့် ရေသန့်ဗူးသေးအမျိုးမျိုးရောင်းချစော ဆိုင်များ၊  စားသောက်ကုန်အရောင်းဆိုင်များနှင့် ကုန်ပစ္စည်းအရောင်းဆိုင်များမှ စားသုံးသူများအတွက်  ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် သောက်ရေသန့် အမျိုးမျိုးတွင် (FDA)  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ပါ/မပါနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိ စသည်ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အသင့်သောက်သုံးရန် ရောင်းချနေသော ရေသန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် -၁၀-၂၀၂၅ ရက်နေ့ နံနက်()နာရီအချိန်က ခရိုင် အစားအေသာက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ အသင့်သောက် ရေသန့်ဗူး အမျိုးမျိုးအား ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်မှု ရှိမရှိနှင့်၊ သက်ဆိုင်ရာထောက်ခံချက်များ ပါဝင်မှု ရှိမရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးက ရေသန့်ရောင်းချသည့် ကုန်မျိုးစုံအရောင်းဆိုင် ၈ဆိုင်တို့မှ လုပ်ငန်းရှင်တို့ကို ဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ပြီး မိမိတို့ဒေသအတွင်း ‌ရောင်းချနေသော ရေသန့်အမျိုးမျိုးတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ရန်ဖော်ပြထားသည့် အချက်အလက်များ၊ ထောက်ခံခွင့်ပြုချက်များ ပါဝင်မှု ရှိ မရှိ၊ ကုန်အညွှန်အမှတ်အသားဖော်ပြချက်များ ပါဝင်မှု ရှိ မရှိစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆိုင်တွင်ရောင်းချနေသော ရေသန့်ဗူးများကို စနစ်တကျ အရိတ်ပ်အောက်တွင်ထားရှိပြီး ရောင်းချရန်၊ နေရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် ချ၍ ‌ရောင်းချခြင်းမျိုး မပြုလုပ်ရန် ရောင်းချသည့် လုပ်ငန်းရှင်တို့ကလည်း ကုန်စည်များတွင် ဖော်ပြထားသည့် အချက်များကို လိုက်နာ၍ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်စွာရောင်းချကြရန်ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဆီကုန်သည်များနှင့် ဆီအရောင်းကိုယ်စားလှယ်များ နှင့်တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီရောင်းချသူ လုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံ၍ ၉-၁၀-၂၀၂၅ ရက်နေ့ နေ့လည် ၃နာရီအချိန်တွင်  ဆီထုတ်ယူမှုနှင့် ရောင်းချနိုင်မှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

  ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်မှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက  မအူပင်ခရိုင်အနေဖြင့် မြို့နယ်မျးအတွက် ကုမ္ပဏီများမှ စားအုန်းဆီခွဲတမ်းရရှိမှုအပေါ်  စနစ်တကျထုတ်ယူပြီး ဆီလက်လီကိုယ်စားလှယ်များထံသို့ ခွဲဝေပေးလျက်ရှိပြီး ရရှိသော စားအုန်းဆီများကို သတ်မှတ်စည်ကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့ရောင်းချနေသော စားအုန်းဆီများ သတ်မှတ်နေရာ ပြည်သူများထံ အမှန်တကယ်ရောက်ရှိရေးကို အစိုးရမှ စိစစ်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များကလည်း ပူးပေါင်းကူညီဆောင်ရွက်ကြရန်၊ လိုအပ်သောနေရာကို ရောက်ရှိစေရေး၊ မြို့ပေါ် ရက်ကွက်ပြည်သူများ ပြည့်မီစွာ ရရှိနေသလို ကျေးရွာနေပြည်သူများထံလည်း ရောက်ရှိစေရေး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စနစ်တကျဆောင်ရွက်နိုင်ရေး ကိုချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း စားအုန်းဆီရောင်းချမှုကို စစ်ဆေးရေးအဖွဲ့တို့မှလည်း မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိသောကြောင့် လိုက်နာဆောင်ရွက်မှုမရှိပဲ သိုလှောင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ပြုလုပ်သူ လုပ်ငန်းရှင်များကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပျက် အသိပညာပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒုခရိုင်ဦးစီးမှူးက ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင် ၂၀ဦးတက်ရောက်ခဲ့ကြောင်း  သိရပါသည်။

DOCA(ဧရာဝတီ)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြစေရေးဆွေးနွေး”

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  ‌ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များအနေဖြင့် လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျှက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံ စိတ်ချရမှုရှိစေရေး ကုန်စည်များကို သတ်မှတ်စံချိန်းစံညွှန်းများ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက် ရှိပါသည်။ စက်တင်ဘာလ(၂၅)ရက်၊ မွန်းလွှဲ (၁၂:၃၀)နာရီအချိန်တွင် ‌ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံး၌ ချမ်းမြေ့သောက်ရေသန့် ရောင်းချသည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ‌ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာ တွင်မိမိတို့ရောင်းချသည့် ကုန်ပစ္စည်းများပေါ် တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား‌ဖော်ပြရမည့် အသေးစိတ် အချက်အလက်များအား ပြည့်စုံစွာထည့်သွင်း ဖော်ပြထားရန်လိုကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာရောင်းချရန်လိုကြောင်း၊ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈) ချက် ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း ဥပဒေပြစ်မှု ၊ ပြစ်ဒဏ်များ အကြောင်းကိုလည်း အကျယ် တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ကွင်းဆင်းစစ်ဆေးဆောင်ရွက်

           ၁၀.၁၀.၂၀၂၅ ရက်နေ့တွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန့်ဇင်လင်း ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူ ရေးရာ ဦးစီးဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ FDA ထောက်ခံချက်သက်တမ်း ကုန်ဆုံး နေသော  သူရိန်လင်း သောက်ရေသန့်လုပ်ငန်းမှ သက်တမ်းတိုး ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် ဆက်လက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ရောင်းချခြင်းရှိ/မရှိ၊ ဆေးဝါးလက်လီ၊လက္ကား ရောင်းချခွင့် လိုင်စင် သက်တမ်း ကုန်ဆုံး၍ သက်တမ်းတိုးလျှောက်ထားသော KY & Associates Distribution (မန္တလေးကိုယ်စားလှယ်)ဆေးဆိုင်သို့ ဆေးဂိုဒေါင်များ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုနှင့်အတူစားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊အောင်မြေသာစံမြို့နယ်တာဝန်ခံမှကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

              ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁၀ ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို နံနက်(၁၀)နာရီအချိန်တွင် စတင်ခဲ့ပြီး စီးပွားရေးရာဝန်ကြီးမှ တက်ရောက်အဖွင့်အမှာ စကားပြော ကြားခဲ့ပါသည်။ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်တကွ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ကုန်ပစ္စည်းစစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဌနှင့် အသင်းသားများ၊ စုစုပေါင်း အယောက်(၅၀) ခန့်  တက်ရောက် ခဲ့ကြပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဆီစက်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းဥက္ကဌမှလည်း မန္တလေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်း များလည်ပတ်မှုအခြေအနေနှင့်ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မန္တလေးတိုင်း ဒေသကြီး၏ ဆီထွက်သီးနှံတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် လိုက်နာ ရမည့် စည်းကမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ အာဖလာတော့ဆင်အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုန်ပစ္စည်း စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနမှ စားသုံးဆီနှင့်အာဖလာတော့ဆင်မှိုဆိပ်၊ ကျန်းမာရေး နှင့်ညီညွတ်သောစားဆီများ ပြည်တွင်းဈေးကွက် တွင်ရရှိရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ရှင်းလင်းဆွေးနွေးပြီးနောက် အခမ်းအနားသို့ တက်ရောက် လာသော ဆီစက်ပိုင်ရှင်အသင်းသားများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ  သက်ဆိုင်ရာ ဌာနအသီးသီးက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို  ညနေ (၁၄:၅၅) အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ