
ရှမ်းပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့နှင့် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများမှ လက္ကား/လက်လီကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၅-၁၁-၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားတွင် ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးဆီများ ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြရာမှာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန် ကန်ကန်နှင့် ဆောင်ရွက်ရမှာပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မမှန်မကန်လုပ်ဆောင်ခြင်းများ စစ်ဆေးတွေ့ရှိ ရပါကလည်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားမှာဖြစ်ကြောင်း သိရှိရပါသည်။ ဆက်လက်၍ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက ရှမ်းပြည်နယ်အတွင်း စားသုံးဆီဖြန့်ဖြူးရောင်းချနေသော စားသုံးဆီ တန်(၈၀၀)ကို ကုမ္ပဏီ(၄)ခုမှ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိမြို့နယ် များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်)ပိုင်းရှိ မြို့နယ်များတွင်လည်းကောင်း ရောင်းချဖြန့်ဖြူးလျက်ရှိရာ စားသုံးဆီများ ရောင်းချ ဖြန့်ဖြူးရာတွင် မှန်(၆)မှန်ဖြင့် ကိုက်ညီပြီး တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး အစည်းအဝေးအား နေ့လည်(၁၂) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရှမ်း)
