
ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် နိုဝင်ဘာလ(၂၁) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး မြစ်သားမြို့နယ် ၊ ကူမဲမြို့ရှိ ပြည်စုံဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice On line My Ro) တွင် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅) နှင့် အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mm တွင် မှတ်ပုံတင်ခြင်းလုပ်ငန်း များကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆန်များရောင်းချရာတွင် လစဉ်ထုတ်ပြန်သော သတ်မှတ်ရည်ညွှန်းဆန်စျေးများဖြင့် ရောင်းချရန်လိုအပ်ကြောင်း ကွင်းဆင်းအသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
