
ရှမ်းပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၏ (၂/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၅-၁၁-၂၀၂၅ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အစည်းအဝေးတွင် ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် က အဖွင့်အမှာစကားပြောကြားရာမှာ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ လစဉ်ခွဲဝေချပေးသော စားသုံးဆီများကို ပြည်နယ် အတွင်း ပြည့်ပြည့်ဝဝ ရောက်ရှိအောင်သယ်ယူရေး၊ ဖြန့်ဖြူးရောင်းချရာတွင်လည်း အခြေခံရည်ညွှန်းဈေးအပေါ် ဒေသအလိုက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထည့်ပေါင်း၍ တွက်ချက်ထားသော တစ်ပိဿာ ဈေးနှုန်းအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချဖြန့်ဖြူးရေး၊ ရရှိသောစားသုံးဆီများ ကိုလည်း ပြည်သူထံသို့ မှန်ကန်စွာရောင်းချဖြန့်ဖြူးရေး၊ စားသုံးဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်ကိစ္စရပ်များကို ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက ယခုအချိန်ဟာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလည်း ကျင်းပပြုလုပ်ရန် ပြင်ဆင်နေဆဲကာလဖြစ်တဲ့အတွက် စားသုံးဆီဈေးနှုန်း တည်ငြိမ်ဖို့ မလိုလားအပ်တဲ့ အခက်အခဲပြဿနာများမဖြစ်ပေါ်ဖို့ ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ထိန်းသိမ်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ စားသုံးဆီဟာ လိုအပ်ချက်များတဲ့ အခြေခံစားကုန်ဖြစ်တဲ့အတွက် ဈေးနှုန်းတည်ငြိမ်ဖို့အရေးကြီးပြီး ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြရာမှာ လုပ်ထုံး လုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန်နှင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မမှန်မကန်လုပ်ဆောင်ခြင်းများ စစ်ဆေးတွေ့ရှိရပါကလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး (၂/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြ အတည်ပြုချက်ရယူခဲ့သည့် အမှာစာ(၁၄)စောင်အား ဖတ်ကြားတင်ပြခဲ့ပြီး ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှု ကြီးကြပ်ရေးအဖွဲ့၊ သက်ဆိုင်ရာအဖွဲ့ဝင်များမှ အတည်ပြုမှတ်တမ်းတင်ပြီး အစည်းအဝေးအား (၁၀:၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
