Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် “‌‌ရွှေပူး” အမှတ်တံဆိပ် သဘာဝ ရှောက်ရှည်နှင့်နာနတ်ပေါင်းရည်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၁၉..၂၀၂ ရက်နေ့တွင် ရွှေပူး အမှတ်တံဆိပ် သဘာဝရှောက်ရည်နှင့်နာနတ်ပေါင်းရည်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

      ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်း မှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၌ “စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show” ကျင်းပပြုလုပ်

   ၁..၂၀၂ ရက်‌နေ့ နံနက် (၁ဝး၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show”အား လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ Talk Show တွင် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမြတ်ထွေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီက စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့၏ အခွင့်အရေးများ သိရှိထားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် လိုက်နာရမည့်အချက်များ၊ ဌာနမှစားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေခြင်းနှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများ ရှိခဲ့ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်တာဝန်ခံသည် စာရေးကိရိယာ အရောင်းဆိုင် လုပ်ငန်းရှင်နှင့်တွေ့ဆုံ

    ၁၈.၂.၂၀၂၆ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်အတွင်းရှိ “နေခြည်ပွင့်” စာရေးကိရိယာ အရောင်းဆိုင် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာ ကျိုက်မရောမြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်အား မိမိရောင်းချသည့်ကုန်စည်နှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက် များပေးရန်၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံရန်၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည်ကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

     DOCA (မွန်)

ဗိုလ်ချုပ်လမ်း၊ မြောက်ပိုင်းရပ်ကွက်၊ ကျိုက်ထိုမြို့ပေါ်ရှိ “ဋ္ဌေးမြင့်အောင်” အမှတ်တံဆိပ် ယိုမျိုးစုံလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

    မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထို ခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် ဗိုလ်ချုပ်လမ်း၊ မြောက်ပိုင်းရပ်ကွက်၊ ကျိုက်ထို မြို့ပေါ်ရှိ “ဋ္ဌေးမြင့်အောင်” အမှတ်တံဆိပ် ယိုမျိုးစုံလုပ်ငန်းသို့ (၁၉.၂.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားအတည်ပြုချက်ရယူ နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ တွေ့ဆုံရာတွင် ယိုအမျိုးမျိုးထုတ်လုပ်ရာ၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည့်စုံစွာဖော်ပြရန်၊ ယိုတစ်မျိုးချင်းစီအလိုက် စားသုံးသူဘေးအန္တရာယ် မဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံမှုနှင့် ကြိုတင် သတိပေးချက်မရှိသော ယိုအမျိုးမျိး တို့အားရောင်းချခြင်းမပြုရန်၊ ယိုမျိုးစုံလုပ်ငန်းအတွက် ကုန်ကြမ်းသိုလှောင်ထားရှိမှုနှင့် ကုန်ချောထုတ်လုပ်နိုင်မှု အခြေအနေများအား တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     DOCA (မွန်)

ဘီးလင်းမြို့နယ်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ၁၉.၂.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစည်သူနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ ဘီးလင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော အိမ်သုံးလျှပ်စစ်ပစ္စည်းများရောင်းချကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံက အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကိုလည်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

“Online Sale လျောက်ထားမှုနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်း”

                  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ် တာဝန်ခံတို့သည် ဖေဖော်ဝါရီလ(၁၈)ရက်နေ့၌ Onlineမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထား သည့် မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ နယ်မြေ(၄)(၇) လမ်း၊ အိမ်အမှတ်(၄/၃၆) ရှိ  ဝိုင်တီတီတူး အထည် လက်လီ/လက်ကား ရောင်းချသည့်ဆိုင်အား ကွင်းဆင်းစစ် ဆေးခဲ့ပါ သည်။ စစ်ဆေးရာတွင် Online မှတစ်ဆင့်လျှောက်ထားသည့် စာရွက်စာတမ်းများဖြစ်သော ပိုင်ရှင်၏ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရ မည်ဖြစ်ပြီး ၄င်းလက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းစသည့် Online ဖြင့် မှတ်ပုံတင်သည့် အကြောင်းအရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ဝန်ထမ်းအသစ်များ ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ်စာမေးပွဲကျင်းပ

                 စားသုံးသူရေးရာဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် (၁၀)နာရီအချိန်တွင် တိုင်းဒေသကြီးဉီးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ အငယ်တန်းစာရေးရာထူး ဝန်ထမ်းသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ်စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

              အဆိုပါ စာမေးပွဲ၌ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်     ဌာနတွင်းမှ ဖြေဆိုသူ ()ဦး၊ ပြင်ပမှ ဝင်ရောက်ဖြေဆိုသူ () ဦး စုစုပေါင်း ()ဦး ၊ ကလေးခရိုင်ဦးစီးမှူးရုံးစာစစ်ဌာနမှ ()ဉီး၊ ကန့်ဘလူ ခရိုင် ဦးစီးမှူးရုံးစာစစ်ဌာနမှ ()ဦး၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးစာစစ်ဌာနမှ()ဦး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး စာစစ်ဌာနမှ (၂)ဦးဖြစ်ရာ တိုင်းချုပ်အနေဖြင့် စုစုပေါင်း (၁၃)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဝင်းသန်းဆန်ဆိုင်သို့သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဆန်ရောင်းချမှုရှိ/မရှိကွင်းဆင်းခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်ရုံးမှ ဒု-ဦးစီးမှူး ဒေါ်သူဇာမိုးနှင့် ဝန်ထမ်းများသည် အမှတ် (၇)ရပ်ကွက်ရှိ ဆန်လက်လီလက်ကားရောင်းချသော ဝင်းသန်းဆန်ဆိုင်သို့ ၉-၂-၂၀၂၆ ရက်နေ့နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဝင်းသန်းဆန်လက်လီလက်ကား အရောင်း ဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း(‌အသစ်) (၂၄)ပြည် တစ်အိတ် လျှင် (၁၈၅၀၀၀) ကျပ်၊ ဧရာမင်း-ရွှေဘိုဆန်(၂၄)ပြည်တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ်၊ ဧရာပဒေ သာ (မကွေး)ဆန် (၂၄)ပြည်တစ်အိတ် လျှင်(၁၇၀၀၀၀)ကျပ်၊ မနောသုခဆန်(၂၄) ပြည် တစ်အိတ် လျှင် (၆၅၀၀၀)ကျပ်နှင့် ဖန်သီးသုခဟောင်း (၂၄) ပြည်တစ်အိတ် လျှင်(၉၅၀၀၀) ကျပ်၊ ရက် (၉၀)ဆန်အသစ် (၂၄) ပြည် တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်ဈေးနှုန်းများဖြင့် သင့်တင့်မျှတသော နှုန်းထား များအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အောင်မြရင်ဆန်ဆိုင် ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့် မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းပြည့်ပါက MyRO တွင် ဆက်လက် မှတ်ပုံတင်သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းအတွက် မြေပြင်စစ်ဆေးဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း (၂)ဦးသည် ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားလာသည့် မြင်းမူမြို့၊ သီဟရပ်ကွက်ရှိ Guitar Culture (ဂစ်တာကာလ်ချာ) အခြားသုံးပစ္စည်းလုပ်ငန်းအား မြေပြင်စစ်ဆေး  ခဲ့ပါသည်။

            ထိုသို့ မြေပြင်စစ်ဆေးခဲ့ရာတွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြထားသည့်  အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု့ ရှိ၊ မရှိ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက Guitar Culture (ဂစ်တာကာလ်ချာ) အခြားသုံးပစ္စည်း ရောင်းချသည့် အွန်လိုင်းလုပ်ငန်းရှင်အား ၅၀/၂၀၂၃ နှင့် ၅၁/၂၀၂၃ အမိန်ကြော်ငြာစာပါ အကြောင်းအရာများ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများ အကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေအခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

            ၂၀၂၆ ခုနှစ်၊  ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  မုံရွာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ တိုင်းဒေသကြီးရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည် ညွှန်းဈေး အတိုင်းရောင်းချနေမှုရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်အခြေ အနေတို့ကို ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် မုံရွာမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ လက်ကျန်အနေဖြင့် စက်သုံးဆီများလုံလောက်စွာသိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး အတွင်း သာ ရောင်းချကာ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူး နှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများအား အချင်အတွယ် မှန်ကန်မှုရှိစေရေးအလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာရောင်းချရန် အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။ 

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ