Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေတောင်မြို့နယ်တွင် စားသုံးသူ အသိပညာပေး ဟောပြောပွဲ ကျင်းပ

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက် အ.မ.က ကြာနီကန်ကျောင်းတွင် (၈.၉.၂၀၂၅)ရက်နေ့၊ နံနက် (၉:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိ ပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ၊ ဒေါ်ဇင်မာချောစုကြည်               (ဒု-ဦးစီးမှူး)မှ ကုန်အညွှန်းအမှတ်အသား (၈)ချက်နှင့် (၁၅၃) Call Center အကြောင်းကို လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ ကလေးအလုပ်သမားများ အကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်မှ မသုံးစွဲသင့်သော တိုင်းရင်းဆေးများအကြောင်းနှင့် ခွေးရူးပြန်ရောဂါအကြောင်းများကို ကျောင်းသား/သူ (၅၅)ဦးအား အသိပညာပေး ဟောပြောခဲ့ပါ သည်။

DOCA(ပဲခူး)                                         

တောင်ငူခရိုင် အစိုးရစက်မှုလက်မှုသိပ္ပံ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခြင်း

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ (၁၁.၉.၂၀၂၅) ရက်နေ့ နံနက် ၁၁နာရီအချိန်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးအခမ်းအနား ကျင်းပခဲ့ပါသည်။

    ဟောပြောပွဲအခမ်းအနားတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး  ဦးဟန်ထွန်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ ထုတ်ကုန်များ အပေါ်၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ပေါ်ပေါက်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ တိုင်ကြားနိုင်ကြောင်း စသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပါသည်။

   ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ဦးစီးမှူးမှ ပြန်လည် ဖြေကြားခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို နေ့လယ်  ၁၂ နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။ အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ စက်မှုလက်မှုသိပ္ပံကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း အင်အား ၈၅ ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ၊ ဖြူးမြို့နယ် ရေသျှံကြီးနှင့်ဝဲဒေါင့်အခြေခံပညာမူလတန်းလွန်ကျောင်းများတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

     တောင်ငူခရိုင်၊  ဖြူးမြို့နယ် ရေသျှံကြီးနှင့် ဝဲဒေါင့်အခြေခံပညာ မူလတန်းလွန် ကျောင်းတို့မှ ကျောင်းသား /ကျောင်သူများအား သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ အသိပညာပေးဟောပြောပွဲကို (၁၀.၉.၂၀၂၅) ရက်နေ့ နံနက်(၉)နာရီ အချိန်ခန့် တွင်ဖြူးမြို့နယ် ရေသျှံကြီးအခြေခံမူလတန်းလွန်ကျောင်းနှင့် နေ့လည်(၁)နာရီအချိန်တွင် ဝဲဒေါင့် အခြေခံမူလတန်းလွန်ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ရေသျှံကြီးအခြေခံ မူလတန်းလွန်ကျောင်းမှကျောင်းသား/ကျောင်းသူ (၅၀) ဦးနှင့် ဝဲဒေါင့်အခြေခံမူလတန်းလွန် ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်းလည်းသိရပါသည်။

    ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး၊ ဒု-ဦးစီးမှူးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များ၏ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြရန် ဥပဒေတွင် ပြဌာန်းထားပြီးဖြစ်ရာ ကျောင်းသား/ကျောင်းသူများအနေဖြင့် မုန့်များနှင့် အချိုရည်များဝယ်ယူ စားသောက်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် မုန့်နှင့်အချိုရည် များကိုသာ ဝယ်ယူစားသောက်သင့်ပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထိုဟောပြောပွဲ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကြောင်းစရာများကို လည်းကောင်း၊ ကျောင်းသား/ကျောင်းသူ များအား ပန်းချီးကားချပ်ပုံပြင်များ၊ စာအုပ်ဖက်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများသည် ကျောင်းမုန့်ဈေးတန်းများ သို့လည်း သွားရောက်စစ်ဆေးခဲ့ကြောင်းလည်းသိရသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ် နတ်စင်ကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

     တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ နတ်စင်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ ကျောင်သူများအား သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီး ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ အသိပညာပေးဟောပြောပွဲကို (၁၀.၉.၂၀၂၅) ရက်နေ့ နံနက်(၉)နာရီ (၃၀)မိနစ် အချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှ အုတ်တွင်း မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်၊ ဒု-ဦးစီးမှူးက ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်းကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေသည့်အကြောင်းအရင်းများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများကို ဦးစားပေးဖတ်သင့်ကြောင်း နှင့် အွန်လိုင်းဈေးရောင်းချမှုနှင့်ပတ်သက်သည့် သိသင့်သိထိုက်သည့်အချက်များ၊ သတိပြုရမည့်အချက်များကို  အသိပညာပေးရှင်းလင်း ပြောကြားခဲ့ ပါသည်။

      ထိုဟောပြောပွဲ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက ကျောင်းသား/ကျောင်းသူများအား သရုပ်ပြပုံပြင်နှင့် မှတ်သားဖွယ်ရာ ဗဟုသုတ စာအုပ်များအား ဖတ်ရှု့ပြသခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ် ကွမ်းသီးခြံအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ကွမ်းသီးခြံအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ ကျောင်သူများအား သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ အသိပညာပေးဟောပြောပွဲကို (၁၂.၉.၂၀၂၅) ရက်နေ့ နံနက်(၉)နာရီ အချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

       ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် တာဝန်ခံရုံးမှ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်၊ ဒု-ဦးစီးမှူးနှင့် ဦးအောင်ဝင်း၊ ဌာနခွဲစာရေးတို့သည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်းကြောင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများကို ဦးစားပေးဖတ်သင့်ကြောင်းနှင့် အွန်လိုင်းဈေးရောင်းချမှုနှင့်ပတ်သက်သည့် သိသင့်သိထိုက် သည့်အချက်များ၊ သတိပြုရမည့်အချက်များကို  အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။

    ထိုဟောပြောပွဲ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ် ခင်မူမူဝင်းက ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုး ကျေးဇူးများအကြောင်း ဖတ်ရှု့ပြသခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၁၇၄) ဦး တက်ရောက်ခဲ့ကြောင်းလည်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ပညာရေးဒီဂရီကောလိပ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခြင်း

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ပညာရေးဒီဂရီကောလိပ်၊ မြတ်ပညာခန်းမ၌ (၁၀.၉.၂၀၂၅) ရက်နေ့ နံနက်၉နာရီအချိန်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေး အခမ်းအနားကျင်းပခဲ့ပါသည်။

    ဟောပြောပွဲအခမ်းအနားတွင် တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာ လွင်လွင်စန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူး ဦးမျိုးအောင် က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ ထုတ်ကုန်များအပေါ်၌ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ပေါ်ပေါက်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့တိုင်ကြားနိုင်ကြောင်း စသည်ဖြင့် အကျယ်တဝင့်ဆွေးနွေး ဟောပြောခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ဦးစီးမှူးမှ ပြန်လည် ဖြေကြားခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို နံနက် ၁၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။ အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ တောင်ငူပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း အင်အား ၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)

ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးတွင် ရုံးတွင်းရုံးပြင် သန့်ရှင်းရေးပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးတွင် ရုံးတွင်း အင်္ဂါရပ်များနှင့် ပြည်စုံပြီး သာယာလှပစေရန် ရည်ရွယ်၍ ၁၂.၉.၂၀၂၅ ရက်နေ့၌ ရုံးတွင်းရုံးပြင် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးသည် ဒိုက်ဦးမြို့ (မြန်မာ့မီးရထား) ဘူတာရုံ၏ အဝင်ပေါက် လမ်းတွင် တည်ရှိပြီး အချက်အချာကြကာ လမ်းသွား၊ လမ်းလာများပြားသော နေရာတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းလေးဆုံ/ လမ်းခွနေရာတွင် တည်ရှိနေသောကြောင့် ရုံးအင်္ဂါရပ်များနှင့် ညီညွတ်ပြည့်စုံစေရန် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းတို့သည် ၁၂.၉.၂၀၂၅ ရက်နေ့၌ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအား ရုံးတွင်းရုံးပြင်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် “ မှန် (၆)မှန် ”ဖြင့် ရောင်းချခြင်း ရှိ/ မရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၁၂.၉.၂၀၂၅ ရက်နေ့တွင် ပဲနွယ်ကုန်းမြို့ရှိ ဆီကိုယ်စားလှယ် (၇)ဦး၏ ဆီဆိုင်များအား “ မှန် (၆)မှန် ”ဖြင့် ရောင်းချခြင်း ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

      ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးနှင့် ညောင်လေးပင်ခရိုင်ဦးစီး မှူးရုံးမှ အကြီးတန်းစာရေး ဒေါ်ဝါဝါအောင်တို့သည် မိတ်ဖက်ဌာနများ ဖြစ်ကြသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ပဲနွယ်ကုန်းမြို့ရှိ ဆီကိုယ်စားလှယ် (၇)ဦး တို့၏ ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဆီကိုယ်စားလှယ်များအား ပြည်သူများကို ဆီရောင်းချရာ၌ “ မှန် (၆)မှန် ”ဖြင့် ရောင်းချရန်၊ သတ်မှတ်ထားသည့် ရည်ညွှန်းဈေး ထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ “‌ ငွေစာရင်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခြင်း  ” ခေါင်းစဉ်ဖြင့်  Thursday Talk ဆွေးနွေးဟောပြော

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ အပတ်စဉ် ကြာသပတေးနေ့တိုင်း Thursday Talk အစီအစဉ်ကို ကျင်းပလျက်ရှိရာ ၁၁.၉. ၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်နှင်းနှင်းရီသည် “ ငွေစာရင်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခြင်း ” ခေါင်းစဉ်ဖြင့် Online(Zoom Meeting)မှ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

     Thursday Talk ဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီး မှူးမှ ဦးဆောင်၍ ကျင်းပလျက်ရှိရာ ၁၁.၉.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အလှည့်သို့ တစ်ဖန် ပြန်လည်ကျရောက်လာပါသည်။ ထိုကြောင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ငွေစာရင်းဌာနခွဲမှ ဒေါ်နှင်းနှင်းရီ (ဦးစီးမှူး)သည် “ ငွေစာရင်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ အား ရှင်းလင်းဆွေးနွေးခြင်း ” ခေါင်းစဉ်ဖြင့် ငွေစာရင်းဌာနခွဲ၏ တစ်လတာ၊ တစ်နှစ်တာ လုပ်ငန်း ဆောင်တာများအကြောင်း၊ ဌာနတစ်ခု၊ အဖွဲ့အစည်းတစ်ခု အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် ငွေစာရင်းဌာနခွဲအနေဖြင့် ထိန်းကျောင်းဆောင်ရွက်ပေးရကြောင်း၊ စေ့စပ်သေချာစွာ လုပ်ဆောင်ရ ကြောင်း  ဌာနမှဝန်ထမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ရာ ဌာနခွဲတာဝန်ခံများကလည်း အပြန်အလှန် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့(အ.ထ.က)(၂)ကျောင်းရှိ ဆရာ/ ဆရာမနှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာ ကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင် ဘာလ ၁၅ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့(အ.ထ.က)(၂)ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

        အဆိုပါဟောပြောပွဲတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံး၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊  စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားရမည့်ပုံစံများအား အသိပညာပေးဟောပြောဆွေနွေးခြင်း၊ Online မှတဆင့် ကုန်စည်များဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ကြောင်း၊ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များကို ဟောပြောဆွေးနွေး အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ