Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား အပတ်စဉ်ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များသို့ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေအနေအားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း အခြေအနေများအားလည်းကောင်း၊ ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ “‌ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၇)” အား ဆွေးနွေးဟောပြော

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ သင်တန်းများကို ဟောပြောပို့ချလျက်ရှိရာ ၁၁.၉.၂၀၂၅ ရက်နေ့တွင် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာန/ CICCဌာခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးကျော်ဆန်းဝင်းမှ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၇)အား ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

    ဆွေးနွေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများသည် စားသုံး သူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအတွက် အလွန်အရေးကြီးကြောင်း၊ ဝန်ထမ်းများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများ၏ အဓိပ္ပာယ်နှင့် သဘောတရားများကို ကျေညက်နေရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၇)ပါ စားသုံးသူရေးရာကော်မတီ ဖွဲ့စည်းခြင်းအကြောင်း၊ ရည်ရွယ်ချက်နှင့် ကော်မတီအဖွဲ့ဝင်ဦးရေကိုလည်း ငါးဦးမှ ကိုးဦးအထိ “မ” ဂဏန်းဖြင့်သာ ဖွဲ့စည်းရမည့်အကြောင်းကိုလည်း အသေးစိတ်ရှင်းလင်းဟောပြောခဲ့ရာ တက်ရောက် လာသောဝန်ထမ်းများကလည်း မရှင်းလင်းသည်ကို ဆွေးနွေးမေးမြန်းခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့၊ မြို့မ (၁)၊ ဒရယ်မီးရပ်ကွက်၊ အ.လ.က(ခွဲ)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိရာ ၁၁.၉.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ဒိုက်ဦးမြို့၊ မြို့မ (၁) ဒရယ်မီးရပ်ကွက်၊ အ.လ.က (ခွဲ) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

      ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့် အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၁၀ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၁၅၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဒေါ်ကြည်ကြည်စိုးနှင့် ဝန်ထမ်းများသည် (၁၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်း ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ()ဦး နှင့် ကျောင်းသား/ကျောင်းသူ(၈၇)ဦး၊ စုစုပေါင်း (၉၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်ကြည်ကြည်စိုးက  စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း အားလည်းကောင်း၊  ဒု-ဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်စည် များတွင် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသားများအကြောင်းနှင့် Online လုပ်ငန်းမှတ်ပုံတင်ခြင်း ဆိုင်ရာ အကြောင်းအားလည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်ခိုင်ဇင်ကျော်က စားသုံးသူအခွင့် အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန်၊ တိုင်ကြား နိုင်သည့် လူပုဂ္ဂိုလ်များ၊ နေရာနှင့်နည်းလမ်းများ အကြောင်းအားလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေး ခဲ့ပြီး စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော “ ရုံးလုပ်ငန်းသုံး ကွန်ပျူတာ ကျွမ်း ကျင်မှုဆိုင်ရာ ” ပြိုင်ပွဲသို့ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် ရုံးချုပ်၏ လမ်းညွှန်မှာကြားချက်အရ ရုံးလုပ်ငန်းသုံး ကွန်ပျူတာ ကျွမ်းကျင်မှုဆိုင်ရာ ” ပြိုင်ပွဲကို ၁၀.၉.၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်ကာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

    အဆိုပါ ပြိုင်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲ၏ စည်းကမ်းချက်များ၊ ပြိုင်ပွဲဝင်များ လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ အမှတ်ပေး စည်းမျဉ်း များအကြောင်းကို အသေးစိတ် ရှင်းပြခဲ့ပါသည်။ ထိုနောက် တိုင်းဒေသကြီးဦးစီးရုံးနှင့် ခရိုင်ရုံးများရှိ ဝန်ထမ်းအသီးသီးမှ ရုံးလုပ်ငန်းသုံး ကွန်ပျူတာ ကျွမ်းကျင်မှုဆိုင်ရာ မေးခွန်းများကို ယှဉ်ပြိုင်ကြရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံများက အကဲဖြတ် အမှတ် ပေးကြပါသည်။ ထိုပြိုင်ပွဲသို့ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၃)ဦး တက်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့၊ အမှတ်(၄)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးမှူး ဦးမြတ်မင်းနှင့် ဝန်ထမ်းများသည် (၁၂.၉.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၁၅)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ် ရေးအသိပညာ ပေးဟောပြောပွဲပြု လုပ်ခဲ့ရာ ဆရာ/ဆရာမ(၁၄)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၇၀)ဦး၊ စုစုပေါင်း(၂၈၄)ဦးတက် ရောက်ခဲ့ ကြောင်း သိရသည်။

   အဆိုပါ ဟောပြောပွဲတွင် ဦးမြတ်မင်းက  စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန်နှင့် တိုင်ကြားနိုင်သည့် နေရာနှင့်နည်းလမ်းများအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးစင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ Consumer Call Center ဖုန်းနံပါတ်(1535)သို့လည်းခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းနှင့် ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦး က စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းကို လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်သန္တာခင်က စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား အကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် “ ရုံးလုပ်ငန်းသုံး ကွန်ပျူတာ ကျွမ်းကျင်မှုဆိုင်ရာ ” ပြိုင်ပွဲ ကျင်းပ

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် ရုံးချုပ်၏ လမ်းညွှန်မှာကြားချက်အရ ရုံးလုပ်ငန်းသုံး ကွန်ပျူတာ ကျွမ်း ကျင်မှုဆိုင်ရာ ” ပြိုင်ပွဲ ကို ၁၀.၉.၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်ကာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

    အဆိုပါ ပြိုင်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲ၏ စည်းကမ်းချက်များ၊ ပြိုင်ပွဲဝင်များ လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ အမှတ်ပေး စည်းမျဉ်းများအကြောင်းကို အသေးစိတ် ရှင်းပြခဲ့ပါသည်။ ထိုနောက် တိုင်းဒေသကြီးဦးစီးရုံးနှင့် ခရိုင်ရုံးများရှိ ဝန်ထမ်းအသီးသီးမှ ရုံးလုပ်ငန်းသုံး ကွန်ပျူတာ ကျွမ်းကျင်မှုဆိုင်ရာ မေးခွန်းများကို ပါဝင်ယှဉ်ပြိုင် ကြရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံများက အကဲဖြတ်အမှတ် ပေးကြပါသည်။ ထိုပြိုင်ပွဲကို တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက Imperson စနစ်ဖြင့် လည်း ကောင်း၊ ခရိုင်ရုံးများရှိ ဝန်ထမ်းများက Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ကြပြီး ယှဉ်ပြိုင် သူများထဲမှ အကောင်းဆုံးတစ်ယောက်ကို ရွေးထုတ်ကာ နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)သို့ ပို့ဆောင်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်အား အသိပညာပေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည်  (၁၂.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင် ပခုက္ကူ မြို့၊ အမှတ်()ရပ်ကွက်ရှိ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

   စားသုံးဌာနခွဲတာဝန်ခံက ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ ဟင်းသီး ဟင်းရွက်ဆီ(Vegetable Oil, Cooking Oil )နှင့်စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် ပါဝင်ပစ္စည်းကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန် (ဥပမာ- ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ၊ (အဆင့်မြင့် စားအုန်းဆီ)နှင့် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ် ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(/၂၀၁၉)ပါ ကုန်စည် အုပ်စု(က)ရှိ စားသုံးဆီအမျိုးမျိုး တွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့် အချက်များ၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်၏အရည် အသွေးအချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရန်လိုအပ်ကြောင်း၊ မိမိတို့ထုတ်လုပ် ဖြန့်ဖြူးရောင်းချသော စားသုံးဆီများအား အရည်အသွေး ကိုအဓိကထား၍ ထင်ယောင်ထင်မှား မဖြစ်စေရန် ရောင်းချစေလိုကြောင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များအားဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများ မိသားစုမိတ်ဆုံစားပွဲ ကျင်းပ

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များ၊ မြို့နယ်များတွင် ဝန်ထမ်းများ လက်ရည်တစ်ပြင်တည်း မိသားစုမိတ်ဆုံစားပွဲများကို ကျင်းပရန် ညွန်ကြားထားရာ ၅.၉.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ မိသားစုမိတ်ဆုံစားပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာနအတွင်း ဝန်ထမ်းများ စည်းလုံးညီညွတ်မှုရှိစေပြီး လက်ရည်တစ်ပြင်တည်း အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြရန် ရည်ရွယ်ချက်ဖြင့် ဌာနအတွင်း မိသားစုမိတ်ဆုံ စားပွဲများကို ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များ၊ မြို့နယ်များတွင် မိတ်ဆုံ စားပွဲများ ကျင်းပလျက်ရှိပြီး ညောင်လေးပင်ခရိုင်အတွင်းရှိ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးတွင် အခါအားလျော်စွာ အဆိုပါ အလေ့အကျင့်ကောင်းများကို ကျင့်သုံးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့အတွင်းရှိ အွန်လိုင်းဖြင့် ရောင်းချသော လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိတို့ကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ  ၃.၉.၂၀၂၅ ရက်နေ့၌ ညောင်လေးပင်မြို့ရှိ  အွန်လိုင်းလုပ်ငန်းတစ်ခုအား သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

    ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဒေါ်ဝါဝါအာင်တို့သည် အမှတ် (၆၂)၊ ဘုရားကြီးလမ်း၊ မြို့မ (၂) ရပ်ကွက်၊ ညောင်လေးပင်မြို့ရှိ “မိုးနတ်မယ်” အွန်လိုင်းအမည်ဖြင့် အထည်လက်ကားဖြန့်ချိရေးကို မှတ်ပုံတင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထား သည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိရမည်ဖြစ်ကြောင်း၊ ရောင်းချရန်တင်ပြထားသော ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချရန်၊ လျှောက်လွှာတွင် ဖြည့်သွင်းထားသည်များနှင့် မကိုက်ညီလျှင် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ဟောပြောရှင်းပြခဲ့ကြောင်း သတင်းရရှိပါသည်။ “မိုးနတ်မယ်” အထည်လက်ကားဖြန့်ချိရေးသည် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း များကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ