Main menu

ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/အောင်လံခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၂.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သရက်ခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ ဟောပြောပွဲတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်တာဝန်ခံက ဆေးဝါးရောင်းချသည့်ဆိုင်များ လိုက်နာကျင့်သုံးဆောင်ရွက်ရမည့် အချက်အလက်များအားလည်း ကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းက ဆေးဆိုင်ပိုင်ရှင်များအား စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ တရားမဝင်ဆေးဝါးများ ရောင်းချမှု မရှိစေရေး၊ သက်တမ်း လွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းများအဆမတန်မြင့်တက်မှုမရှိစေရေး၊ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိခဲ့လျှင် အထောက်အထား စုံလင်စွာဖြင့် တိုင်ကြားခွင့်ရှိကြောင်း၊ ခရိုင်စားသုံးသူ သတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ(CICC)သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း နှင့် Consumer Call Center Hotline (၁၅၃၅)သို့ ဆက်သွယ်တိုင်ကြားနိုင်သည့် အကြောင်းအား လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)