
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး၊ သယံဇာတရေးရာဝန်ကြီးရုံးခန်းတွင် ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မွေးမြူရေးပြိုင်ပွဲကျင်းပပြုလုပ်ရန် အကြိုလုပ်ငန်းညှိနှိုင်းအစည်း အဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် သယံဇာတရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြာခြင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးခြင်းနှင့် သယံဇာတရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးအား ပြီးမြောက်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
