Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသိပညာပေးဟောပြောခြင်း

            ၁၆.၉.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ် အ.လ.က(၄) အလယ်တန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ကျော်နှင့် ဆရာမများနှင့် ကျောင်းသား/သူ (၁၃၀) တို့အား စားသုံးသူကာကွယ်ရေးဥပဒေ စတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအဓိပ္ပါယ်၊ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား  ရွေးချယ်စားသောက်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များအား စားသုံးရန်၊ ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန် ကြားချက်ရှိသော ဆေးများကိုသာဝယ်ယူသောက်သုံးရန်၊ မသန့်ရှင်းမလတ်ဆတ်သော အစားအစာများအားစားသောက်မိပါက ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားတက်ကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/သူများအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အသိပညာပေးဟောပြောခြင်း

             ၁၅.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကမာရွတ်မြို့နယ် အ.ထ.က(၂) အထက်တန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်မင်းနှင့် ဆရာမများနှင့် ကျောင်းသား/သူ (၁၃၀) တို့အား စားသုံးသူကာကွယ်ရေးဥပဒေ စတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအဓိပ္ပါယ်၊ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား  ရွေးချယ်စားသောက်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များအား စားသုံးရန်၊ ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန်ကြားချက်ရှိသော ဆေးများကိုသာဝယ်ယူသောက်သုံးရန်၊ မသန့်ရှင်းမလတ်ဆတ်သော အစားအစာများအားစားသောက်မိပါက ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားတက်ကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/သူများအား အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အသိပညာပေးဟောပြောခြင်း

            ၁၅.၉.၂၀၂၅ ရက်နေ့ နံနက် (၁၂:၃၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ် အ.မ.က(၁၇) မူလတန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်းနှင့် ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၇၀) တို့အား စားသုံးသူကာကွယ်ရေးဥပဒေ စတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအဓိပ္ပါယ်၊ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား  ရွေးချယ်စားသောက်ရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များအား စားသုံးရန်၊ ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန်ကြားချက်ရှိသော ဆေးများကိုသာဝယ်ယူသောက်သုံးရန်၊ မသန့်ရှင်းမလတ်ဆတ်သော အစားအစာများအားစားသောက်မိပါက ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားတက်ကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/သူများအား အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တနင်္သာရီတိုင်းဒေသကြီးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်းပို့ချခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Online Virtual စနစ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်းကျင်းပပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူးရုံး၊ မြိတ်၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးများမှဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

      အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်း ကျင်းပပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ MC (12/2025-2026) အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meeting ဖြင့်တက်ရောက်

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ MC (12/2025-2026)အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး မှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

      ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်းနှင့် MC အဖွဲ့ဝင်များမှ အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ်(၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

       ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ(၂)ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည်  လသာမြို့နယ်အတွင်းရှိ ဦးစိန်ဝင်း (ဆီဆိုင်) နှင့် ဒေါ်မြမြအေး (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှု အခြေ အနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၂၃.၉.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်း ချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရန်ကုန်ဆီကန်မှ ထုတ်ယူလာသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိ

     မြိတ်ခရိုင်ဆီကိုယ်စားလှယ်သည် မြိတ်မြို့အတွက်လိုအပ်သောဆီများကို ရန်ကုန်မြို့ ဆီကန်များမှ ခွဲတမ်းများဖြင့်ဝယ်ယူလျက်ရှိပါသည်။ စက်တင်ဘာလ ဒုတိယအပတ်တွင် ခွဲတမ်းရရှိခဲ့သော Myanmar Oil Alliance ကုမ္ပဏီ၏  စားအုန်းဆီပေပါ(၆၆)ပေပါနှင့် Yadan arbon Global Network Distribution ကုမ္ပဏီ၏  စားအုန်းဆီပေပါ (၄၇)ပေပါ၊ စုစုပေါင်းပေပါ (၁၁၃)ကို ယာဉ်အမှတ် 5M-4415 ဖြင့်သယ် ဆောင်လာပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါစားအုန်းဆီများကို မြိတ်မြို့အရောင်းဆိုင်များသို့ခွဲဝေရောင်းချပေးသွားမည်ဖြစ် ကြောင်းနှင့် မြိတ်မြို့အရောင်းဆိုင်များမှ တစ်ဆင့်ပြည်သူများသို့ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

စျေးကွက်အတွင်း ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့သည် မြိတ် မြို့ပေါ်ရှိဆေးဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေ ရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြင့် ရောင်းဝယ်ဖောက်ကားခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသောဆေးဝါးများ‌ ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

မြိတ်မြို့တွင် ဆန်နှင့် စားအုန်းဆီ အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့အတွင်း ကုန်စျေးနှုန်းတည်ငြိမ်စေရေး စားအုန်းဆီအရောင်းဆိုင်များနှင့် ဆန်ဆိုင်များအား ကွင်းဆင်း လျက်ရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့၊ ကန်ကြီးရပ်ရှိ စားအုန်းဆီအရောင်းဆိုင်များနှင့် ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်း စျေးများနှင့် ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များမှ သတ်မှတ်ရည်ညွှန်း စျေးနှုန်းများဖြင့်ရောင်းချနေမှုများကိုစစ်ဆေးခဲ့ပြီး အလေးချိန်မှန်ကန်စွာနှင့် ဖြစ်သင့်ဖြစ်ထိုက် သောစျေးနှုန်းများဖြင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမဖြစ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့သို့  စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နား စခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ် သော ဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့သော စက်တင်ဘာလ ဒုတိယအပတ် စားအုန်းဆီ(၇၈)ပေပါအား ယာဉ်အမှတ် 3L/2665 ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၂၀.၉.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ