
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ငဝန်ဧရာလမ်းရှိ မြို့နယ်တာဝန်ခံရုံး၌ စတိုးဆိုင်နှင့် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ်ငန်းကိုဆိုလိုကြောင်း၊ အွန်လိုင်းမှဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက် များကို ရှင်းလင်းဆွေးနွေးခြင်း၊ အွန်လိုင်းရောင်းချသူများမှ စားသုံးသူပြည်သူများအား လိမ်လည်မှု ပုံစံ(၂)မျိုး၊ စားသုံးသူများက အွန်လိုင်းဝယ်ယူသည့်အခါ စိစစ်သင်သည့်အချက်များ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလာဒ်များ၊ အွန်လိုင်းဈေးဝယ်ယူခြင်းဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်မှု အခြေအနေများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
