Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့ အလယ်ပိုင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီး

(၁..၂၀၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ဦးအောင်ကျော်နှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် တိုင်းရင်းဆေး ပညာဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးပညာ (အခမဲ့)ကုသပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်က ကျောင်းသား၊ ကျောင်းသူများအား စားသုံးရန်မသင့်သော အစား အသောက်များအကြောင်း၊ ကျောင်းမုန်းဈေးတန်းရှိ မုန့်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပါဝင်သော ကုန်အမှတ်တံဆိပ်ပါဝင်သော၊ ထုတ်လုပ် ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်သူ၏လိပ်စာ၊လုပ်ငန်းအမည်နှင့် လိပ်စာ၊ ကုန်ကြမ်းပါဝင်မှု အမျိုးအမည်၊ ပမဏ၊ပါဝင်မှုအချိုးအစား စသည့်အချက်များပါဝင်သော မုန့်များကိုဝယ်ယူသုံးစွဲတက်ရန် ဥပမာပေး ရှင်းလင်းဟောပြောပြီး၊ စားသုံးသူတို့တွင် အခွင့်အရေးများရှိသည့် စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူတို့သည် ကုန်စည်တစ်ခုကြောင့် နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူ ရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောရှင်းလင်းပြီး ကျောင်းသား/ ကျောင်းသူ-(၉၀)ဦးဆရာ/ဆရာမ-(၅)ဦးတက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့ မြို့မဈေးတွင် ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်

   (၁..၂၀၂) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းတနော်မြို့ မြို့မဈေး အတွင်းရှိ ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်ခြင်း ရှိ/မရှိကို မိတ်ဖက် ဌာနများနှင့်အတူ ကွင်းဆင်း၍ စစ်ဆေးခဲ့ကြပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး နှင့် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့သည် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံ ရောင်းချသူ  ဆိုင်(၁)ဆိုင်မှ  ရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ရာတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။  ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းအကြောင်းများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ ဖော်ပြပါရှိသည့်အချက်များ ပါဝင်သော ကုန်စည်များကိုသာ ဦးစားပေးရောင်းချရန်ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

   DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ဆန်လက်ကား/လက်လီ ရောင်းချသူ လုပ်ငန်းရှင်များနှင့် ဆွေ့ဆုံဆွေးနွေး

  စားသုံးသူရေးရာဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည်  (၁၉.၉. ၂၀၂၅) ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး ခန်းမတွင် ဆန်လက်ကား/ လက်လီ ရောင်းချသည့် ဆိုင်တာဝန်ခံ ၇ဦး နှင့် တွေ့ဆုံ၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ဆွေးနွေးရာတွင် ဆန်ရောင်းချသည့် လုပ်ငန်းရှင်များကို မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက လက်ရှိ ဆန်ရောင်းချနေမှု အခြေအနေများ၊ ဒေသတွင်းဆန်များ ပြတ်လပ်မှု ရှိမရှိ၊ စားသုံးရန် ဖူလုံခြင်းရှိမရှိ၊ လစဉ်သတ်မှတ်ရည်ညွှန်ဈေးများထုတ်ပြန်ထားပြှီး ရည်ညွှန်ဈေးထက်အဆမတန် မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ယခုအချိန်တွင် စပါးများထွက်ပေါ်လာပြီး ဝယ်ယူကြိတ်ခွဲခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း ရှိမရှိနှင့် ဆန်ဆိုင်များမှ ဆန်လက်ကျန်အခြေအနေများကို မေးမြန်း ခဲ့ပြီး ဆန်ဆိုင်များ သိုလှောင်ရုံမှတ်ပုံ တင်ခြင်းလုပ်ငန်းများ တစ်နှစ်ပြည်မီပါက ထပ်မံ သက်တမ်း တိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်ကို မှာကြားရှင်းလင်းပြီး ရောင်းဝယ်လျက်ရှိသော အခြေခံဆန် ဈေးနှုန်းများ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းက ထုတ်ပြန်ထားသည့် ဈေးနှုန်းများ အလိုက် ရောင်းချနိုင်ရေး၊ ဆန်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် စံချိန်စံနှုန်းအရည်အသွေး များ ပြည့်မီရေး၊ ဈေးကစားခြင်း၊ သိုလှောင်ခြင်းများ မပြုလုပ်ရေးနှင့် စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသောဆန်များ ဖြစ်ရေးတို့ကို အသိပညာပေးရှင်းလင်း ဆွေးနွေးသည်။

DOCA(ဧရာဝတီ)

စက်သုံးဆီဆိုင် တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး

  စားသုံးသူရေးရာဉီးစီးဌာန၊ မအူပင်ခရိုင်ဉီးစီးမှူးရုံး မှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည်  (၁၉.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး ခန်းမတွင် စက်သုံးဆီ ရောင်းချသည့် ဆိုင်တာဝန်ခံများနှင့် တွေ့ဆုံ၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက  စက်သုံးဆီအရောင်းဆိုင်တာဝန်ခံ ကျားဆီဆိုင်၊ MMK , Danko, တာမင်နယ် စက်သုံးဆီဆိုင်တာဝန်ခံများအား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များအကြောင်း ဆွေးနွေးပြီး စက်သုံးဆီဆိုင် တာဝန်ခံက မိမိတို့ဆိုင်တွင် အပတ်စဉ်သောကြာနေ့တိုင်း ထုတ်ပြန်သော ရည်ညွှန်းဈေးအတိုင်း ရောင်းချပါကြောင်း၊ ချိန်တွယ်ရာတွင်လည်း လီတာများကို ပြည့်ဝစွာ ချိန်တွယ်ရောင်းချရန် အရောင်းဝန်ထမ်းများကို သင်ကြားပေးပါကြောင်း၊ ဈေးနှုန်းများကိုလည်း အများပြည်သူမြင်သာအောင် LED ဘုတ်များဖြင့် ဖော်ပြထားပါကြောင်းနှင့်  ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ သိုလှောင်ထားခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြား ခဲ့ကြောင်း၊ စက်သုံးဆီ ဆိုင်သို့ ဆီဘောင်ဆာကားများ အချိန်နှင့်တပြေးညီ ရောက်ရှိပါက ရောက်ရှိ ဆီပေပါများကို စာရင်း ပြုစုထားရန်၊ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ ဆီရ ထုတ်ကျန်၊ စာရင်းများ ပြုစုထားရန်တို့ကို ဆွေးနွေးပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန် မြှင့်တင် ရောင်းချမှုများမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးစျေးနှုန်းများ/လက်ကျန် အခြေအနေများ စုံစမ်းမေးမြန်းခြင်း

       ၂၀၂၅  ခုနှစ် ၊ စက်တင်ဘာလ ၂၄ ရက်နေ့ ၊ ၁၄း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အစား အသောက်နှင့်ဆေးဝါးကွပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များ ဆေးစျေးနှုန်း အခြေအနေများ၊ လက်ကျန်အခြေအနေများနှင့်စပ်လျဥ်း၍ စုံစမ်းမေးမြန်းခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဆေးစျေးနှုန်းအခြေအနေများ၊ စျေးကွက်အခြေအနေများ၊ ဆေးဝါး ပြတ်လတ်မှုများ ရှိ/မရှိ နှင့် လက်ကျန်အခြေအနေများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများ ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေးပစ္စည်းများရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါး ရောင်းချမှုလိုင်စင်များ ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်တွင် DUMEX DUPRO ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ ၊ ၁၃း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် စျေးကွက်အတွင်း DUMEX DUPRO ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အတုများ ရောင်းချနေမှုများ ရှိ/မရှိ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ Mo Asia Co,.Ltd ကိုယ်စား လှယ်ဆန်းသစ်မုန့်တိုက်နှင့် ကုန်စုံဆိုင်များ၊ ဆေးဆိုင်များအား စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ DUMAX DUPRO ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အတုများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးရာတွင်  DUMAX DUPRO ကလေးငယ်ဖော်စပ်စာများအား Mo Asia Co,.Ltd ၏ ထားဝယ်ကိုယ် စားလှယ် ဆန်းသစ်မုန့်တိုက်မှ ထားဝယ်မြို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ကုန်စုံဆိုင်များ၊ ဆေးဆိုင်များတွင်လည်း ကုန်ပစ္စည်းအတုများ  ဖြန့်ဖြူးရောင်းချနေမှုများ မရှိကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

မြိတ်မြို့အတွက် စားအုန်းဆီပေပါများရောက်ရှိ

    မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်သည် မြိတ်ခရိုင်အတွက်လိုအပ်သော ဆီများကို ယာဉ်အမှတ် 5S-9017 တွင် ရန်ကုန်မြို့ရှိ  Yadanarbon Global Network Distribution ကုမ္ပဏီမှ (၁၀.၉.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၄၇)၊ Myanmar Oil Alliance ကုမ္ပဏီမှ (၁၀.၉.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၄၄)နှင့် Global Good Pure Group ကုမ္ပဏီမှ (၁၂.၉.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၉)၊ စုစုပေါင်း ပေပါ (၁၀၀)သည်လည်းကောင်း၊ Global Good Pure Group ကုမ္ပဏီမှ (၁၉.၉.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 8J-4858 တွင် စားအုန်းဆီ ပေပါ (၇၂)သည်လည်းကောင်း ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ရောက်ရှိလာသောစားအုန်းဆီများကို ဆီအရောင်းကိုယ်စားလှယ်မှ ၂ ရာခိုင်နှုန်း အမြတ်ဖြင့် လက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးမည်ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ပြန်လည်ရောင်းချမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်ရှိ ဒေသထွက်ကုန်ဌက်သိုက်မျိုးအား ပြည်ပသို့ Exportတင်ပို့နိုင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့တွင် မြိတ်ခရိုင်၊ မြိတ်မြို့သို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လာရောက်စဥ် ဌာနဆိုင်ရာဝန်ထမ်းများ၊ လုပ်ငန်း ရှင်များနှင့် တွေ့ဆုံပွဲ၌ ဒေသထွက်ကုန် MSMESလုပ်ငန်းရှင်များအား ခင်းကျင်းပြသခဲ့ရာ ဒေသထွက်ကုန် ဌက်သိုက်များအား ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပသို့ Export တင်ပို့ နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့ပါသည်။

    ၂၀၂၅ခုနှစ် စက်တင်ဘာလ(၂၃)ရက်‌နေ့ မွန်းလွဲ(၂)နာရီတွင် မြိတ်ခရိုင်၊ သစ်တောဦးစီး ဌာန အစည်းအဝေးခန်းမ၌ သစ်တောဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများသည် မြိတ်မြို့ရှိ ဌက်သိုက်မွေးမြူထုတ်လုပ်သူများ၊ သန့်စင်ရောင်းချသူများနှင့်တွေ့ဆုံပြီး ဌက်သိုက်အား ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပ သို့ Export တင်ပို့နိုင်ရေးအတွက်လိုအပ်သော သင်တန်းများ၊ အရင်းအနှီးနှင့် နည်းပညာများ ဌာနဆိုင်ရာများမှ ပံ့ပိုးပေးရမည့်ကိစ္စများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ရှေးဦး စွာ ဌက်သိုက်မွေးမြူ ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဖွဲ့စည်းရန်နှင့် အသင်းအဖွဲ့အား ဖြင့် လုပ်ငန်းအောင်မြင်ဆောင်ရွက်ကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

Myro မှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံလုပ်ငန်းစဉ်စာရင်းရေးသွင်း ခြင်းအကြောင်းကို ဆန်စက်လုပ်ငန်းရှင်အား ရှင်းလင်း

   (၁၉-၉-၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ရုံးတွင် ခရိုင်ဦးစီးမှူး ဦး‌ဇော်မင်းသည် မအူပင်ဆန်စက်လုပ်ငန်းရှင် အတွင်းရေးမှူး ဦးအောင်ကျော်နှင့် တွေ့ဆုံ၍ Myro မှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံလုပ်ငန်းစဥ် စာရင်းရေးသွင်း ခြင်းအကြောင်းကို မအူပင် ဆန်စက်လုပ်ငန်းရှင်အသင့်းများက သိရှိနားလည်ပြီး ကြပ်မတ်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားခဲ့ပါသည်။

      ဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူးဦးဇော်မင်းက ဥပဒေအရ စီးပွားရေးအလို့ငှာ ဆန်/စပါး သိုလှောင်လုပ်ကိုင်သူ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မိမိတို့ ၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRo)-www.myro.com.mmတွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြပါရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေးကြေငြာပြီးဖြစ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင် အသင်းမှဘည်း ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကူညီဆောင်ရွက်နိုင်ရန်လို အပ်သဖြင့် မှတ်ပုံတင်ပြီးလုပ်ငန်းများမှ  သက်တမ်း၁နှစ်ပြည့်ပြီးသူများလည်း သက်တမ်းတိုးဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းပြီး၊ ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါး စျေးကွက်နှင့် စျေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေ များကို စနစ်တကျ စာရင်းပြုစု မှတ်ပုံတင်ထား နိုင်ရေးအတွက် လစဉ် လဆန်း ၇ရက်‌နေ့တွင် ဆန်စက်/ သိုလှောင်ရုံ လုပ်ငန်းရျင်များက စပါး/ဆန် လက်ကျန် ရထုတ်ကျန် စာရင်းများ ဖြည့်သွင်‌းဆောင်ရွက်ခြင်းလုပ်ငန်းကို  ဆောင်ရွက်နိုင်ရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း မအူပင်ဆန်စက်လုပ်ငန်းရှင် အသင်းအတွင်းရေးမှူးက လုပ်ငန်းစဉ် အကြောင်းကို လေ့လာခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီး မှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့တွင်  မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စုရှိ PETRO POINT စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Octane 95 (၁လီတာ)လျှင် ၃၀၅၀ကျပ်၊  Octane 92 (၁လီတာ)လျှင် ၂၉၅၀ကျပ်၊ ဒီဇယ်(ရိုးရိုး) (၁လီတာ)လျှင် ၃၁၀၀ကျပ်နှင့် အဆင့်မြင့် ဒီဇယ် (၁လီတာ)လျှင် ၃၁၅၀ကျပ်နှုန်းဖြင့် ရောင်းချနေရောင်းစစ်ဆေးတွေ့ရှိရ၍ သတ်မှတ်ရည်ညွှန်း စျေးနှုန်းအတိုင်းရောင်းချရန်၊ သတ်မှတ်လီတာအတိုင်းပြည့်မှီအောင်ရောင်းချပေးရန်၊ စားသုံး သူနစ်နာမှုမဖြစ်စေရေး အရည်အသွေးပြည့်မှီစွာရောင်းချရန်နှင့် သက်ဆိုင်ရာဦးစီးဌာနများ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင် ရွက်ရန်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ