Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ကျေးရွာများတွင် ရောင်းချဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဝန်ထမ်းများနှင့်အတူ ၂၅.၁၀.၂၅ ရက်နေ့၊ နေ့လည် (၁၃း၀၀) အချိန်တွင် တိုက်ရွာအုပ်စုရှိ မိသားစုများသို့  စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် (၁၀) ရက်တစ်ကြိမ် ရောင်းချပေးလျက်ရှိသော ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ လက်ကားဆီဆိုင်မှ သတ်မှတ်ပေးသော ရောင်းဈေးအတိုင်း ရောင်းချပေးရန်၊ ရက်ချိန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ ရောင်းချပေးရန်၊ ရောင်းချပေးသည့်အတိုင်း ဆီဝယ်ယူခွင့် စာအုပ်တွင် စနစ်တကျ ရေးသွင်းထားရှိရန်များမှာကြာပြီး ကျေးရွာအတွင်းပြည်သူများ၏ ဆီဝယ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ သင်္ဂဟဆန်စက်အား ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့၊ နေ့လယ် (:၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ သင်္ဂဟဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

          သို့ဖြစ်ပါ၍ သင်္ဂဟဆန်စက် လုပ်ငန်းရှင် ဦးထွန်းဝင်းနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ ရောင်းချ ကြောင်းနှင့် ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ် သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ Myro သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

MEIZAN ဆီဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၅) ရက်နေ့ ၊ နံနက် (၁:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်ရှိ MEIZAN ဆီရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

      ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ် အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချ ရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

BRAVO ငရုတ်ဆီအချိုဆီဘူးတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၄) ရက်နေ့ ၊ နံနက် (၁:၃၀) နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်အတွင်းရှိ BRAVO ငရုတ်ဆီအချိုဘူးများရောင်းချသော ဆိုင်များသို့ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

CODE အချိုချဉ် ဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာဘာလ(၂၅) ရက်နေ့ ၊ နံနက် (၁:၃၀) နာရီအချိန်တွင် အမှတ်(4)ရပ်ကွက်အတွင်းရှိ CODE အချိုချဉ် ဘူးများ ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ် အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကိုမရောင်းချ ရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အမှတ်(5)ရပ်ကွက်ရှိ ရွှေဇင်ယော်ဆန်စက်အား ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ရွှေဇင်ယော်ဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

    သို့ဖြစ်ပါ၍ ရွှေဇင်ယော်ဆန်စက် လုပ်ငန်းရှင် ဒေါ်အမ်းကူနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ ရောင်းချ ကြောင်းနှင့် ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ် သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ Myro သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီး အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးဦးဆောင်၍ တိုင်း အဆင့်ဆန်စပါးကြီးကြပ်ရေးအဖွဲနှင့် ခရိုင်အဆင့် အဖွဲ့များ လုပ်ငန်းညှိနိူင်းအစည်းအဝေး ပြုလုပ်

            ၂၉.၁၀.၂၀၂၅နေ့ နံနက်(၁၀)နာရီမှ (၁၃)နာရီအချိန်အထိ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးဆောင်၍ တိုင်းအဆင့် ဆန်စပါးကြီးကြပ်ရေးအဖွဲနှင့် ခရိုင်/မြိုနယ်အဆင့် ဆန်စပါးကြီးကြပ်ရေး အဖွဲများ လုပ်ငန်းညှိနိူင်းအစည်းအဝေး ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးတွင် zoomဖြင့်တက်ရောက်ခဲ့ပါသည်။

            အစည်းအဝေးတွင် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ ပြည်ပတင်ပို့သည့် ဧည့်မဝ၊ ငစိန် အုပ်စုဝင်စပါးဈေးနှုန်း ကျဆင်းသဖြင့် စပါးဈေးကျဆင်းမှုများကို စိုက်ပျိုးရေးဆိုင်များအချို့က အနည်းဆုံးဈေးဖြင့် ဝယ်ယူနေကြောင်း အင်တာနက်စာမျက်နှာများတွင် ဖော်ပြနေကြောင်းတွေ့ရှိ ရသဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် မြို့နယ်ဆန်စက်အသင်းတို့မှ အချက်အလက်ပြည့်စုံစွာဖြင့် သတင်းပေးခြင်းဖြင့် ထိုက်သင်းသော ဈေးနှုန်းဖြင့် ဝယ်ယူမှုတို့ကို ပူးပေါင်းဆောင်ရွက်ရန် မှာကြားခြင်း၊ စပါး ဆန်ဈေးကွက်တွင် အဓိကလုပ်ဆောင်ရသော အချက်များဖြစ်သည့်ဝယ်၊ သယ်၊ သို၊ ကြိတ်၊ တင်ပို့ရောင်းချသည့် လုပ်ငန်းစဉ်များကို မှန်ကန်မြန်ဆန်စွာ လုပ်ဆောင်နိုင်ရေး စိုက်ပျိုးမှု၊ ပြည်တွင်းသုံးစွဲမှု၊ ပြည်ပတင်ပို့မှု၊ ကိန်းကဏန်းအချက်အလက်များစုဆောင်း မှန်ကန်နိုင်ရန်လိုအပ်ကြောင်း၊ စပါး/ဆန် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ကြောင်း၊ စပါးတင်း(၂၅၀၀)အထက်နှင့်၊ ဆန်အိတ်(၅၀၀)အထက်၊  သိုလှောင်သော ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ My Ro တွင်မှတ်ပုံတင်ထားရှိစေရေးနှင့် စပါးဆန်လက်ကျန် Update စာရင်းဖြည့်သွင်းကြီးကြပ်နိုင်ရေး၊ ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ဒေသထွက် စပါး/ဆန်များ ဈေးကွက်ဈေးနှုန်းမှန်ကန်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ အသင်းအဖွဲ့များ ရှင်သန်လုပ်ကိုင်ဆောင်ရွက်မှ ဒေသတွင်းဖွံ့ဖြိုးမည်ဖြစ်ကြောင်း ဌာနဆိုင်ရာများကို ရှင်းလင်းပြီး၊ တက်ရောက်သော သက်ဆိုင်ရာ ဌာနဆိုင်ရာ အရာရှိများက  တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

   ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ရှိ ပင်စင်စားများအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၅) ရက်နေ့၊ နံနက်(၇)နာရီအချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြပါသည်။

          ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပင်စင်စား များအား သွေးတိုး၊နှလုံး၊ဆီးချိုရောဂါအခြေအနေများကို တိုင်းတာပေး၍ လိုအပ်သည့် သောက်ဆေး များခြင်း၊  မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူစေခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးတို့နှင့် ပူးပေါင်း၍ ဧည့်မထဆန် တစ်ပြည်လျှင် (၂၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃30) ကျပ်၊ ဗူးခွံအပါ ဆီ(၅၀) ကျပ်သား တစ်ဘူးလျှင် (၃700) ကျပ်နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များအား သက်သာသောဈေးနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အတွင်းရှိ အလှကုန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁:၀၀) နာရီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ ကယ်ရင်း(မ်) ခေါင်းလျှော်ရည်ရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

  အဆိုပါစစ်ဆေးမှုတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ ထုတ်လုပ် သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ မိဘမေတ္တာ စက်သုံးဆီဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

  ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်သည် ၂၅.၁၀.၂၅ ရက်နေ့တွင် လှေကြီးတက်ကျေးရွာအုပ်စု၊ လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာစက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်း၍ ရေကျနောက်စိုက်စပါးများ စတင်စိုက်ပျိုးလာသဖြင့် တောင်သူများ စက်သုံးဆီ ဝယ်ယူရာတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီအမျိုးအစားအလိုက် ကြိုတင်ဝယ်ယူ စုဆောင်းထားရှိရေးနှင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းချရန် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ