
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ( ၉ ) ရက်နေ့၊ ( ၁၃:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးရှိ အသင့်စားမုန့်အမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များသို့ မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ရာတွင်လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးရှိ အသင့်စားမုန့်အမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကား ကုန်စုံဆိုင်များ၌ ရောင်းချနေသောအသင့်စားမုန့်အများစုမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိသည့် အသင့်စားမုန့်များကိုသာ တင်သွင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင် ကုန်စည်များ ရောင်းချခြင်း၏ဆိုးကျိုးများအား အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)
