Main menu

ဟင်းသီးဟင်းရွက်ဆီဗူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုရှိ/မရှိ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန် ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ(၁၆-၉-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင်   မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့၊ ငွေသာစည်ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဆီနှင့် ဗူးသွပ်ဆီများအား  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေး ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ခရိုင် FDA အဖွဲ့မှ ဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ စားးသုံးသူရေးရာဦးစီးဌာန အင်္ဂပူ မြို့နယ်တာဝန်ခံ မှ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး နှင့် သတ်မှတ် အရည် အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိ ပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

 (DOCA ဧရာဝတီ)