Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

    ဆန်စျေးကွက်စျေးနှုန်းနှင့် Consumer Packaging ဖြင့် ရောင်းချမှုများအတွက် သင့်တင့်မျှ တသော ဆန်စျေးနှုန်းများအားချမှတ်ခဲ့ပြီးဖြစ်ရာ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန တို့သည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ ဆန်အ‌ရောင်းဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသောဈေးနှုန်းများကို သတ်မှတ်ရည် ညွှန်းဈေးအတိုင်းရောင်းချနေခြင်းရှိ/မရှိနှင့် ဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်း စားသုံးဆီများဖူလုံစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ လ(၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့်ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့သည် မြိတ်မြို့၊ ရှမ်းချောင်းရပ်သို့ သွားရောက်၍ စားအုန်း ဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနှိုင်းများကပ်၍ ရောင်းချနေကြောင်းသိရှိရပြီး လက်ကားကိုယ်စား လှယ်များမှ ရရှိကြောင်း၊ မြိတ်မြို့တွင်သယ်ယူပို့ဆောင်စရိတ်နှင့် ၂ ရာခိုင်နှုန်းပေါင်း၍ ရောင်းချ ကြောင်း သိရှိရပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (2.12.၂၀၂၅) ရက်နေ့၊ နံနက် (၁1:၀၀) နာရီအချိန်တွင် လင်းခေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား   ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်‌ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး အိမ်သုံး ဆေးဝါများ ဈေးကွက်အတွင်းပြတ်လပ်မှု ရှိ/မရှိ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

မလှိုင်ဈေးအတွင်းရှိဈေးဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုး ရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်စန်းသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  မလှိုင်မြို့မ ဈေးအတွင်းရှိ ဈေးဆိုင်များအား    ၂၀၂၅ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၇ ရက်နေ့တွင် အသင့်စားမုန့် အမျိုးမျိုး ရောင်းချခြင်းရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ် ထားသည့်မုန့်များ ရောင်းချခြင်း ရှိ/ မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်း ရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှုရှိ/ မရှိအား ဌာနမှစျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား‌ရောင်းချခြင်း မပြုကြရန်ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန် စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်အမျိုးမျိုးကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၊ နေ့လည် (၁း၀၀) နာရီအချိန်တွင်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ) အစည်းအဝေးအား (Virtual) စနစ်ဖြင့်ပြုလုပ်ခဲ့ပါသည်။

   လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဝန်ထမ်းများအား လမ်းညွှန်ချက် များ ပြောကြား၍ ခရိုင်မှူးများက မိမိတို့ ဆောင်ရွက်နေသော လုပ်ငန်းများအားတင်ပြခဲ့ရာ တိုင်းဦးစီး မှူးမှ လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင်ရာခရိုင်များမှ မိမိတို့ ခရိုင်များ၏ လိုအပ်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှ လိုအပ်သည်များအား ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးခဲ့ပြီး အစည်းအ‌‌ဝေးအား (၃း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်အသစ်များကြိုဆိုခြင်းနှင့် မိတ်ဆုံညစာစားပွဲအခမ်းအနားအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

   ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ ည (၇း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ထားဝယ် ဟိုတယ်တွင် ကျင်းပပြုလုပ်သော ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်အသစ်ကြိုဆိုခြင်းနှင့် မိတ်ဆုံညစာစားပွဲအခမ်းအနားအား တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးနှင့်အတူ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

     အခမ်းအနားတွင် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ရှင်းလင်းပြောကြားခြင်း၊ ထားဝယ်ခရိုင်ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော တိုင်းဒေသ ကြီးအဆင့်ဌာနဆိုင်ရာများမှ ရှင်းလင်းပြောကြားခြင်း၊ မိတ်ဆုံစားခြင်းနှင့် စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကျင်းပသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီတင်သွင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

   ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ နေ့လည် (၂း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကျင်းပသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီတင်သွင်း၊ ဖြန့်ဖြူး ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ Virtual စနစ်ဖြင့်တက်ရောက် ခဲ့ပါ သည်။

          အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာ နိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူမှ ရှင်းလင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များမှ ရှင်းလင်းဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌနှင့်တွေ့ဆုံခြင်း

  ၂၀၂၅  ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ ညနေ (၄း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါ သည်။

          တွေ့ဆုံရာတွင် ထားဝယ်ခရိုင်ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌမှ လမ်းခရီးအခြေအနေ များအရ ဆန်စပါးသယ်ယူမည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ် သည်များအား ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရုံးချုပ်မှ ကျင်းပပြုလုပ်သော MyRo တွင် ဆန်စပါးသိုလှောင်ရုံများမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခွင့်လျှောက်ထားခြင်းနှင့်စပ်လျဥ်းသည့် အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှတက်ရောက်

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၅ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်မှ ကျင်းပပြုလုပ်သည့် မြန်မာဆန်စပါးအွန်လိုင်း MyRo တွင် ဆန်စပါးသိုလှောင် ရုံများမှတ်ပုံတင်စာရင်းမှပယ်ဖျက်ခွင့်လျှောက်ထားခြင်းနှင့်စပ်လျဥ်းသည့်အစည်းအဝေးသို့ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးနှင့် MyRo တာဝန်ခံ ဦးစီးအရာရှိတို့မှ Online Virtual စနစ်ဖြင့်တက်ရောက်ခဲ့ ပါသည်။

          အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့် အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးမှ MyRo စနစ်တွင် သိုလှောင်ရုံမှတ်ပုံတင် ပယ်ဖျက်ခြင်း၊ လစဥ် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ ဖြည့်သွင်း နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးခြင်း တက်ရက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ အထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ဆီကားရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

   တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် စားသုံးဆီများကို မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ် မှ ရန်ကုန်မြို့ဆီကုမ္ပဏီများမှဝယ်ယူလျက်ရှိပြီး Global Good Pure Group ကုမ္ပဏီမှ (၂၉.၁၁.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၂၈) သည် မော်တော်ယာဉ်အမှတ် 5R-8298 ဖြင့် (၆.၁၂.၂၀၂၅) ရက်နေ့တွင်ရောက်ရှိလာပြီး  Myanmar Oil Alliance ကုမ္ပဏီမှ (၃.၁၂. ၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၆၆) သည် မော်တော်ယာဉ် အမှတ် 4S-7078 ဖြင့် (၈.၁၂. ၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့သဖြင့် ၎င်းစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးချက်အရ မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်မှ ၂% အမြတ်ဖြင့် မြိတ်မြို့ဆီအရောင်းဆိုင်များသို့ ရောင်းချပေး မည်ဖြစ်ကြောင်း၊ ၎င်းတို့မှ တစ်ဆင့် ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးမည်ဖြစ်ကြောင်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ