Main menu

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊  လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  (၂၀.၄.၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:00) အချိန်တွင် နမ့်စန်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားကွင်းဆင်းစစ် ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော် ပြရမည့်  ကုန်အညွှန်း အမှတ်အသားများဖြစ်သည့်  ကုန်စည်၏ တံဆိပ်အမှတ်အသား၊  အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်  အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း ၊  ကုန်စည်ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊  ထုတ်လုပ်မှု အမှတ်စဉ် နှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ  အစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ   ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ ကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံး သူများစိတ်ကျေနပ်မှုရရှိ စေရေးနှင့်သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသော ကုန်စည်များကိုသာရောင်း ချရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။   

DOCA(ရှမ်း)