Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌  စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခြင်း

       ၆.၁၂.၂၀၂၅ ရက် စနေနေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ် ဈေး၌ Lwin Maung Maung CO. Ltd မှ လက်လီကိုယ်စားလှယ်များမှ စားသုံးဆီ ရောင်းချနေမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ထားသော စျေးနှုန်းရောင်းချခြင်း၊ သတ်မှတ်ပိဿာ အတိုင်းရောင်းချခြင်း၊ ဗီနိုင်းတပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၆၉၄၆) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၄၄၀)စီအား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီပေပါများ ရောက်ရှိမှုအခြေအနေအား စစ်ဆေးခြင်း

    ၆.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားသုံးဆီ ရောက်ရှိလာမှုအား သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်စစ်ဆေးခဲ့ပါသည်။

    ထို့သို့ စစ်ဆေးရာတွင် စားအုန်းဆီကိုယ်စာလှယ်များထံသို့ ယာဥ်အမှတ် (9M-7252)၊ ယာဥ်မောင်း ဦးထွဋ်မြတ်နိုး မော်တော်ယာဥ်ဖြင့် (Myat Ah Kan Co. Ltd) သို့ စားအုန်းဆီ (၁၆) ပေပါ ရောက်ရှိပြီး၊ ယာဥ်အမှတ် (6J-7536)၊ ယာဥ်မောင်း ဦးကျော်မင်းအောင် မော်တော် ယာဥ်ဖြင့် (Lwin Maung Maung Co. Ltd) သို့ စားအုန်းဆီ (၃၉) ပေပါ ‌ရောက်ရှိခဲ့ကြောင်း သိရှိပါသည်။

         DOCA (မွန်)

မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာနှင့်ဂုံညှင်းတန်းကျေးရွာများရှိ စားသုံးဆီ လက်လီဆိုင်များမှ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၅.၁၂.၂၀၂၅) ရက်နေ့ နေ့လည်(၁၂:၀၀) အချိန်တွင် မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာနှင့်ဂုံညှင်းတန်းကျေးရွာများရှိ စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ ၊သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ‌စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို   ဆောင် ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းရာတွင် ခွဲတမ်းရစားအုန်းဆီ ကုန်စုံဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီ ရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေးရန်၊ ဆီရောင်းချရာတွင် လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး ထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ် ခဲ့ပြီး၊ စားသုံးဆီ လက်လီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက် ရှိပြီး၊ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် ဖြန့်ဝေရောင်းချရာတွင်  တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် (၂)ကြိမ် ရောင်းချကြောင်း ၊ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

သထုံမြို့နယ်အတွင်းရှိ MyRo တွင် မှတ်ပုံတင်ထားသော ဆန်စက်၊ ဆန်သိုလှောင်ရုံများသို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခြင်း

    ၃.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံ မြို့နယ် ဆန်စက်/ ဆန်သိုလှောင်ရုံပိုင်ရှင်များအား MyRo တွင် မှတ်ပုံတင်ထားသော ဆန်စက်/ဆန်သိုလှောင်ရုံများသို့ သွားရောက်ပြီး ကွင်းဆင်း စစ်ဆေးခြင်းကို ဒီဇင်ဘာ (၃) ရက်နေ့၊ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် သထုံမြို့နယ် ဆန်စက်/ဆန်သိုလှောင်ရုံ ပိုင်ရှင်များအား MyRo တွင် မှတ်ပုံတင်ထားသော ဆန်စက်/ဆန်သိုလှောင်ရုံများသို့ သွားရောက်ပြီး ဆန်/စပါး ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန် စာရင်းများအား ပုံမှန်လစဥ်ဖြည့်သွင်းနိုင်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         DOCA (မွန်)

မြန်အောင်မြို့ Online Sale ဖြင့်ရောင်းချသော အလှကုန်၊လူသုံးကုန်၊အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၅.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ ညဈေးလမ်းရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော ဝတ်ရည် အလှကုန်၊ လူသုံးကုန်၊ အဝတ် အထည်နှင့် ဆက်စပ်ပစ္စည်းများ လက်လီ/လက္ကား အရောင်းဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်ထားမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် Online စနစ်ဖြင့်ရောင်းချနေသောအ‌ရောင်းဆိုင်တွင် မှတ်ပုံတင်လက် မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာ ပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/မရှိ ၊ မှတ်ပုံတင် လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်း ကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေး ခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/မရှိ ၊စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ လူသုံးကုန်၊ အလှကုန်နှင့် ဆက်စပ်ပစ္စည်းများပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု တို့ကိုစိစစ်ခဲ့ပြီး၊ လုပ်ငန်းရှင် နှင်းဝတ်ရည်ဦး နှင့် တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မဲဇလီကုန်းမြို့ “သစ်ဆန်းရတနာ”ဆန်စက်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၅.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၃၀) အချိန်တွင် အင်္ဂပူမြို့နယ်၊ ဘူတာရှေ့လမ်း၊ မဲဇလီကုန်းမြို့ရှိ “သစ်ဆန်းရတနာ” ဆန်စက်သို့သွားရောက်၍ ဆန်/စပါးဈေးနူန်းဈေးကွက်အခြေအနေ၊ ဆန်အိတ်အလေးချိန်မှန်ကန်စေရေး၊ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ လစဉ် ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက  ဆန်စက်လုပ်ငန်းရှင် ဦးထိန်ဝင်းနှင့် တွေ့ ဆုံ၍  မြန်မာဆန်စပါးအွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန် တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ် ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်  ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင် များအနေ ဖြင့်  ကုန်ရ၊ ကုန် ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ဆန်စပါးဈေးနှုန်းဈေးကွက်နှင့် ဆန်စပါးလက်ကျန်အခြေအနေ များအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် သံလွင်ကွင်းကျေးရွာရှိ ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှု ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြိုနယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာသည် (၅.၁၂.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၀၀)အချိန်တွင် ဇလွန်မြို့နယ်၊ သံလွင်ကွင်းကျေးရွာရှိ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ခွဲတမ်းရ စားအုန်းဆီကိုယ်စားလှယ်များမှ တစ်ဆင့် ဆီဖြန့်ဖြူးရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား သံလွင်ကွင်းကျေးရွာရှိ ရပ်ကွက်နေပြည်သူများအား ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ် ရည်ညွှန်းဈေး ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များ ထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် ၂ ကြိမ်ရရှိကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ထားဝယ်မြို့၊ အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၉ ရက်နေ့၊ (၃း၃၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အွန်လိုင်း ရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ရှိ လပ်ကီးဖိုက် စတား အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများလုပ်ငန်းအား မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက် နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

၂၀၂၅- ၂၀၂၆ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံနေကြာစံပြကွက်အစေ့ချစိုက်ပျိုးပွဲအခမ်းအနားကျင်းပ

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် နေ့လည် (၁၃း၃၀) အချိန်၊ ဟင်္သာတမြို့နယ်၊ ဒူးယားမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ကွင်းအမှတ် (၁၄၈၄)၊ ဦးပိုင်အမှတ် (၉၄၁)ရှိ တောင်သူ ဦးကြည်စိုး ပိုင် လယ်မြေ (၃.၀၀) ဧက၌ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ နေကြာစံပြကွက်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့ရာ နေကြာစံပြကွက် စိုက်ပျိုးပွဲသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေ နှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်၊ ဒူးယားမြို့အုပ်ချုပ်ရေးမှူး ဦးနေအောင်၊  စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူး များနှင့် ဒေသခံတောင်သူ များ စုစုပေါင်းအင်အား (၃၀)ဦးခန့် တက်ရောက်ခဲ့ပြီး၊ အဆိုပါ နေကြာစံပြကွက်စိုက်ပျိုးပွဲတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေ တို့မှ ဦးဆောင်ကာ နေကြာစံပြကွက် စိုက်ပျိုးပွဲ တက်ရောက်လာသူများနှင့် ဒေသခံတောင်သူများ စုပေါင်း၍ ရေဆင်းစပ်မျိုး(၁)၊ ဆီထွက် သီးနှံဆောင်းနေကြာအား အစေ့ချစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရှိ ဆေးမျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် ဆွေးနွေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၇.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ဈေးကလေးလမ်းတာငါးဆယ်(မြောက်)ရပ်ကွက်ရှိ  ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း အိမ်သုံးဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဆေးပစ္စည်းအမျိုးမျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် သက်ဆိုင်ရာဌာန၏ ထောက် ခံချက်များရှိ/မရှိ စစ်ဆေးကာ ရောင်းချရန်လိုအပ်ကြောင်း၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အိမ်သုံးဆေးဝါးများတွင် အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက် မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန် ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်စသည်တို့ကိုအသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ