Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းမုန့်ဈေးတန်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

 မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်စစ်ဆေးရေးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့၊ အ.ထ.က (၄)အတွင်းရှိ ကျောင်းမုန့်ဈေးအရောင်းဆိုင်များသို့ သွားရောက်၍ ၎င်းတို့ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှု ရှိ/မရှိတို့ကို ကျန်းမာရေးဦးစီးဌာနနှင့်အတူ  (၇-၁၂-၂၀၂၅) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေ သော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆက်သည့်ကုန်စည်များကိုသာ ရောင်းချရန် ကျောင်းမုန့်ဆိုင်များတွင် ရက်လွန်မုန့်များ ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ကုန် အညွှန်းအမှတ်အသားပါသည့် မုန့်များကိုသာရောင်းချရန်၊ ယင်နားစာများမဖြစ်စေရန်အတွက် သန့်ရှင်းသပ်ရပ်စွာဖုံးအုပ်ထားရန်၊  အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

ဆေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စစ်ဆေးရေးမှူး ဒေါ်ချိုမီဇင် သည် (၇.၁၂.၂၀၂၅)ရက်နေ့ (၀၈:၀၀)နာရီအချိန်တွင် မြို့ပေါ်ရှိ ကိုအောင်ဖုန်း (ဆေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းပြီး အိမ်သုံးကျန်းမာရေးဆေးဝါးများ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေး၊ ဆေးဈေးနှုနး မှန်ကန်တည်ငြိမ်မှု ရှိစေရေး နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးမှ ကိုအောင်ဖုန်း ဆေးဆိုင်ပိုင်ရှင်အား ရောင်းချသော ဈေးပစ္စည်းအမျိုးမျိုးတို့တွင် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ကြော်ငြာချက်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာ ဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိ ပေးချက်တို့ ပြည့်စုံစွာဖော်ပြပါရှိခြင်းရှိ/မရှိကို စစ်ဆေးခြင်း၊ ထုတ်လုပ်ရက်စွဲသက်တမ်းကုန်ဆုံးရက်စွဲဖော်ပြပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးခဲ့ပြီး ကိုအောင်ဖုန်းဆေးဆိုင်မှ ဆေးဝါးအမျိုးမျိုးသည် ကိုက်ညီသော ကုန်စည်များကိုရောင်းချနေကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်း မပြုရန် ၊ ရောင်းချခြင်းများကို စစ်ဆေးတွေ့ရှိရပါက အရေးကြီး ကုန်စည်ဝန်ဆောင်မှု ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျောင်းသား လူငယ် စာကားဝိုင်းတွင် စားသုံးသူအသိပညာပေး ဟောပြောခြင်း

   ယနေ့ခေတ် ကျောင်းသားလူငယ်များ စကားပြောစွမ်းရည်နှင့် လူအများရှေ့မောက်တွင်ဝိုင်းဖွဲ့ပြီး အပြန်အလှန် ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ၇-၁၂-၂၀၂၅ ရက်နေ့ နေ့လည် ၁၃နာရီ အချိန်က ညောင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးခန်းမတွင် ကျောင်းသား၊ ကျောင်းသူ ၁၂၀ဦးနှင့် ဆွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဝိုင်းဝန်ဆွေးနွေး ပွဲပြုလုပ် ခဲ့ကြသည်။

    အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်စကားဝိုင်းများကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူလေးများက လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး နှင့် စားသုံးသူအခွင့်အရေး ဦးစားပေး စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဝိုင်းဖွဲ့၍ ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာကြသူများ၏ သိရှိလိုသောမေးမြန်းချက်များကို တာဝန်ရှိသူ ဌာနဆိုင်ရာများမှ အသီးသီးပြန်လည်ဆွေးနွေးကာ ယနေ့ခေတ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ စကားပြောစွမ်းရည်နှင့် လူအများရှေ့မောက်တွင် ပြောရဲ၊ ဆိုရဲသည့် စိတ်သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေကာ မိမိတို့ပြောကြားလိုသည့် အကြောင်း အရာများကို အချင်းချင်းအပြန်အလှန် ချပြဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်း များရရှိစေရန်နှင့် အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်၍ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် အသိပညာပေးခြင်း၊ နေ့စဉ်လူမှုဘဝ လိုအပ်ချက်မများဖြစ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှု ဝယ်ယူခြင်း၊ သုံးစွဲခြင်း၊ အသုံးပြုသည့်အခါ နစ်နာဆုံးရှုံမှု ရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် နည်းလမ်းများကို လူငယ်များ ကျယ် ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်း စသည့်ရည်ရွယ်ချက်အစီအစဉ်များဖြင့် အသိပညာပေး လက်ကမ်းစာစောင်များ ချိတ်ဆွဲကာ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြိုနယ်ဆန်စက်ပိုင်ရှင်များအား MyROတွင်မှန်ကန်စွာစာရင်းရေးသွင်း တွေ့ဆုံ ဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆန်စက်အသင်းရုံးတွင် ဒီဇင်ဘာလ ပထမပါတ် ဆန်စက်လုပ်ငန်းရှင်(၂၀)ဦးအား MyRO လစဉ် ရ၊ထုတ်၊ကျန် စပါး/ဆန်စာရင်းများကို  မိမိဆန်စက်၊ သိုလှောင်ရုံ၏ အမှန်တကယ်သိုလှောင်မှုစာရင်းအားMyROတွင် ပုံမှန်ရေးသွင်းဆောင်ရွက်ရေးကို ၇-၁၂-၂၀၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အသိပေးဆွေးနွေးခဲ့ပါသည်။

    ဆွေးနွေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိက ဆန်စက်လုပ်ငန်းရှင်များ ကိုMyROတွင်  မိမိတို့သိုလှောင်ထားရှိသော ဆန်၊စပါးမြေပြင်သိုလှောင်မှုစာရင်းကို မှန်ကန် တိကျစွာ စာရင်းရေးသွင်းရန်၊လဝက်နှင့်လကုန်ရက်များတွင်စပါးဆန်လက်ကျန်စာရင်းကိုသပ်မှတ်ရက်အတွင်းအချိန်မှီတင်ပြရန်၊ ကုန်ပစ္စည်းများ တင်ပိုရာတွင် ကုန်တင်လွှာနှင့်အတူ သတင်းပေးပိုဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်း ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

သထုံမြို့နယ်အတွင်း ဆေးဝါးများဈေးနှုန်းမှန်ကန်ရေးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

     မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဆေးဝါးများကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိအား တာဝန်ရှိသူများပူးပေါင်းကာ ၅.၁၂.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ဆေးအရောင်းဆိုင်များ၌ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမင်းတင်နွယ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူ များပူးပေါင်းကာ သထုံမြို့ပေါ် ရပ်ကွက်အသီးသီးတို့ရှိ လိုင်စင်ရ ဆေးဝါးအရောင်းဆိုင်များ၌ သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းခြခြင်း ရှိ/မရှိတို့အား လိုက်လံစစ်ဆေးကာ လိုအပ်သည်တို့ကို အသိပညာပေး ညှိနှိုင်းဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

DOCA (မွန်)

ညောင်တုန်းမြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေး

    စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၇-၁၂-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျောင်းသား/ကျောင်းသူ (၆၀)ဦးအား အသိပညာပေးဟောပြော ခဲ့သည်။

   ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူ အခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် ကုန်စည်ဝန်ဆောင်မှုများအပေါ်တွင် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်​ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူ၏ တာဝန်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

   ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဒေါ်ချိုမီဇင်မှ  ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံမှ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        ၈.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံသည် ပြည်နယ်ဦးစီးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံ ခန့်ခွဲမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ဆန်စပါးလုပ်ငန်းကိုလုပ်ကိုင်ပါက မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online- MyRo) တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁ ရက်မှ ၇) ရက်အတွင်း ထည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံသက်တမ်းကုန် ဆုံးပါကလည်း သိုလှောင်ရုံသက်တမ်းတိုးခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် MyRo တွင် ဖြည့်သွင်းမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

M/S BAY LINE SHIPPING PTE, LTD (SINGAPORE) ကုမ္မဏီပိုင် M.T TS NINE အမည်နှင့် M.T GENEVIEVE အမည်ရှိ စက်သုံးဆီတင်သင်္ဘောများရောက်ရှိ

      ၅.၁၂.၂၀၂၅ ရက်နေ့ (၁၃:၀၀) နာရီချိန်တွင် M/S BAY LINE SHIPPING PTE,LTD (SINGAPORE) ကုမ္မဏီပိုင် M.T TS NINE အမည်နှင့် M.T GENEVIEVE အမည်ရှိ စက်သုံးဆီတင်သင်္ဘောများ သည် သင်္ဘောကပ္ပတိန် Mr.Jimmy Jerriko Wowoseko ပါ အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောသား ၁၀ ဦးတို့ လိုက်ပါလျက် Myanmar Energy King Co.Ltd မှ ပြည်ပမှတင်သွင်းလာသည့် 95(ဓာတ်ဆီ) ၁၆၉ မထ္ထရစ်တန်၊ ဒီဇယ်(ပရီမီယမ်) ၃၉၈ မထ္ထရစ်တန် တင်ဆောင်ကာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal သို့ ရောက်ရှိလာကြောင်း သိရှိရသည်။

    အဆိုပါနေရာသို့ ပြည်နယ်ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာ(မွန်ပြည်နယ်)၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့စု(မုဒုံ)၊ မမမှူး(မုဒုံ)တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA (မွန်)

လေးမျက်နှာမြို့ အခြေခံပညာအထက်တန်း(ခမောက်စု)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၅.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့ ခမောက်စုကျေးရွာအုပ်စုရှိ အခြေခံပညာအ ထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၈၂ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရ မည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များ နှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန် မုန့်ဈေးတန်း   ရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားရယူနိုင်ရေး ကွင်းဆင်းဆောင်ရွက်

    ၈.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းနှင့် မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့သည် ကျိုက်ထို မြို့နယ်၊ ဇေယျာမွန်ရပ်ကွက်ရှိ “Chit Chit Tone” မစ်ရှိတ်နှင့် အချိုရည်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားရယူနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်များသန့်ရှင်းစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ တားမြစ်ဓာတုဆေးဝါးများသုံးစွဲမှုမရှိစေရေး သတိပြုဆောင်ရွက်ရန် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) ပါပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြ၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန်လိုအပ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု ရှိ/မရှိ အတည်ပြုချက်ရယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ