Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ကျောက်ဆည်မြို့ရှိ ဦးသောင်းဆန်ဆိုင်အား ကွင်းဆင်းအသိပေး”

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် ဒီဇင်ဘာလ (၅) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး ကျောက်ဆည်မြို့ရှိ ဦးသောင်းဆန်ဆိုင် အား  မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့် ကုန်ရ၊ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများ ဖြည့်သွင်းနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Onlin MyRo)တွင် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅)နှင့်အထက်သိုလှောင်ရုံ(သို့မဟုတ်)စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်မှုများ အားမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက် ပြီးသောသိုလှောင်ရုံများအား သက်တမ်းပြန်လည်တိုးရန်နှင့် ဆန်စပါးသိုလှောင်မှုလုပ်ငန်းစဉ်များ၏  ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန် စာရင်းများအား လစဉ် ၊ လဆန်း (၁)ရက်နေ့မှ (၁၀)ရက်အတွင်း Update ဖြည့်သွင်းခြင်းလုပ်ငန်းများအား လိုက်နာဆောင်ရွက်ရန် နှင့် လိုက်နာ ဆောင်ရွက်မှု မရှိပါက စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများအား ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးပြီးစီးမှု

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ/ ကုမ္ပဏီများနှင့် ပြည်ပမှကုန်စည်တင်သွင်း ဖြန့်ဖြူးသည့်လုပ်ငန်းများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးသည့်စနစ်(Pre Market Surveillance ) စစ်ဆေးဆောင်ရွက်ရ မည်ဖြစ်၍ အဆိုပါလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစားအမယ်များအား ရာနှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်စေရေးအတွက် လအလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

      ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက် သွားစေရေး တို့အတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများအား ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်း (၅)ခုအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ လုပ်ငန်းပေါင်း (၅)ခုစစ်‌ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးခဲ့သည့်လုပ်ငန်း (၅)ခုသည် ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရ၍ ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှုရှိကြောင်းသိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာနအနေဖြင့် စားသုံးသူများ ဝယ်ယူအသုံးပြု သည့် ကုန်စည်များ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများသည် မိမိတို့၏အခွင့်အရေးများ အပြည့်အဝရရှိနိုင် စေရေး၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးရေး၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို စားသုံးသူ များ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဌာန၏ရည်မှန်းချက်ကိုလည်း ပိုမိုထိရောက်လာနိုင်မည်ဖြစ်ပြီး အထက်ဌာန၏ လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာလိုက်နာဆောင်ရွက်ရန် အသိပညာပေး‌ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ညောင်ပင်သာရပ်ကွက်ရှိ ( အမှတ်-၅ ) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စားသုံးသူအသိပညာပေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးမြို့ ညောင်ပင်သာရပ်ကွက်သို့ နိုဝင်ဘာလ ( ၂၄ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကလေးမြို့ (အမှတ်-၅)  ကျောင်းခွဲရှိ ဆရာ/ဆရာမ ( ၂၅ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၉၅ ) ဦး၊ စုစုပေါင်း ( ၁၂၀ )ဦးအား ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့ပါသည်။

              အဆိုပါဟောပြောပွဲ၌ အမှတ်-၅ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ် ဆရာကြီး ဦးဇော်ဝင်းအောင်မှ ဦးစွာပထမ  အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကလေးမြို့၊ အမှတ်-၁ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ကလေး)မှ ဒုရဲမှူး ကျော်ဝင်းသန်းနှင့် လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည် အခြားလူတစ်ဦးကို အဓ္ဓမပြည့်တန်ဆာ လုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာကိစ္စတစ်မျိုးမျိုးပြုလုပ်ခိုင်းခြင်း၊ အဓ္ဓမအလုပ်ခိုင်းစေခြင်း၊ အဓ္ဓမ လက်ထပ်ထိမ်းမြားခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ အခြားသူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်းစသည် တို့ကိုပြုရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ်တစ်စုံတစ်ရာကိုသော်လည်းကောင်း လက်ခံခြင်း(သို့မဟုတ်) လက်ခံရယူရန်သဘောတူခြင်းတို့ကို ဆွေးနွေးပြောကြားပြီး၊ အမှတ်(၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကလေး)မှ ဒုရဲမှူးကျော်ကျော်စိုးမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှှ ဖြန့်ချီခဲ့ သော ကမ္ဘာ့နိုင်ငံအသီးသီးမှ ယာဉ်တိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိမှုစာရင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအစီအမံများနှင့် ဆိုင်ကယ်စီးလျင်ထီးမဆောင်းရန်နှင့် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ် ဦးထုပ်ဆောင်းခြင်းဖြင့် ကာကွယ်ရမည့်အကြောင်းစည်းကမ်းရှိစွာ ဆိုင်ကယ်စီးမယ်ဆိုသည့်ကဗျာ များ၊ ပတ်သက်သည့်အကြောင်းအရာများ၊ ယာဉ်မောင်းလိုင်စင်အမျိုးအစားများ၊ သိကောင်းစရာများ အကြောင်းကိုလည်းကောင်း၊ ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ကလေးငယ်များအား အစားအသောက်များနှင့် မည်သည့်ပစ္စည်းကိုမဆို ဝယ်ယူစားသုံး/ သုံးစွဲမည်ဆိုပါက FDA ၏ ထောက်ခံချက်များ၊ Expiredate နှင့် ကုန်အညွှန်းအမှတ်အသားများကြည့်ရန် အသိပညာပေး ဟောပြောခဲ့ပြီး အခမ်းအနားကို(၁၁:၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား ဦးစားပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု )နှင့်သယ်ယူ  ပို့ဆောင်ရေးဝန်‌ဆောင်မှုတို့အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) တွင် သတ်မှတ်အချိန်ကာလအတွင်း ဦးစားပေးဈေးကွက်စောင့်ကြည့် စစ်ဆေးရန် ဆုံးဖြတ်ချက်အရ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား ဩဂုတ်လမှ နိုဝင်ဘာလအထိ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု ) ( ၄ ) ခု အား စစ်ဆေးဆောင်ရွက်ခဲ့ရာ ဝန်ဆောင်မှု (၄)ခုတို့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ဆက်သွယ်ရေး ဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်)နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရန် လမ်းညွှန်ထားသည့် အချက် အလက်များ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်း အော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်မှုရှိကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)များအား မိတ်ဖက်ဌာနများနှင့် သွားရောက် စစ်ဆေးပြီး ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် သိသင့်သိထိုက်သည့်အချက် အလက်များအား   အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အုတ်ဖိုမြို့နယ်၌လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ

     ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး (အနောက်) သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အုတ်ဖိုမြို့နယ်မှဆန်စက်ပိုင်ရှင်ကြီးများနှင့် ဆန်ကုန်သည်ကြီးများအား တွေ့ဆုံ၍ MyRo တွင် သိုလှောင်ရုံများ မှတ်ပုံတင်နိုင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခြင်းနှင့် သိုလှောင်ရုံများအလိုက် စပါးနှင့်ဆန်များဝယ်ယူသိုလှောင်မှု ပြန်လည်တင်ပို့ရောင်းချမှု့နှင့် သိုလှောင်လက်ကျန်အခြေအနေ များစာရင်းပေးပို့နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲအား သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်းမှ သိုလှောင်ရုံများ မှတ်ပုံတင်မှု့လုပ်ငန်းစဉ်များ လက်တွေ့ရှင်းလင်းပြသခဲ့ပြီး အုတ်ဖိုမြို့နယ် ဆန်စက်ပိုင်ရှင်ကြီများနှင့် ဆန်ကုန်သည်ကြီးများ ၂၁ ဦးတတ်ရောက်ဆောင်ရွက်ခဲ့ကြ ပါသည်။

DOCA(ပဲခူး)

            မျိုးစေ့နှင့်သဘာဝမြေဩဇာဆိုင်ကွင်းဆင်းစစ်ဆေး

      နိုင်ငံတော်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှု့နှင့်အညီ အသေးစား၊ အငယ်စား၊အငယ်စား၊ အလတ်စား(MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းသာယာဝတီခရိုင် မင်းလှမြို့နယ် သစ်တူးအိုင်ကျေးရွာရှိ ထန်းညီနောင်မျိုးစေ့နှင့် သဘာဝမြေဩဇာာထုတ်လုပ်နေမှုကို ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။ ထန်းညီနောင်မျိုးစေ့နှင့်သဘာဝ မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၀ခုနှစ်မှစတင်၍ ပျိုးပင် ရောင်းချခြင်း မျိုးစေ့ထုတ်လုပ်ခြင်း အော်ဂဲနစ်မြေဩဇာထုတ်လုပ်ခြင်း လုပ်ငန်းကိုကြိုးစားဆောင် ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှစတင်ကာ ထန်းညီနောင်မျိုးစေ့ထုတ်လုပ်ဖြန့်ချီရေး အမည်ဖြင့် စပါး၊မတ်ပဲ၊ ပဲတီစိမ်းအပါအဝင် သီးနှံပေါင်းစုံတို့တွင် အသုံးပြုနိုင်သည့်အော်ဂဲနစ်မြေဩဇာကို ထုတ်လုပ်ပြီး တရားဝင်တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်၍ တောင်သူများလက်ဝယ်သို့ ဖြန့်ချီအကျိုးပြုခဲ့သည် မှာယနေ့တိုင်ဆိုလျှင် (၁၅)နှစ်ခန့်ရှိပြီဖြစ်ပါသည်။ပျိုးစေ့နှင့်မြေဩဇာထုတ်လုပ်ခြင်း ၊ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်းများပြုပြီး အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ ကိုယ်စားလှယ်အရောင်းဆိုင် များသို့ ချိတ်ဆက်ရောင်းချနိုင်ရေးနှင့် ဈေးကွက်တိုးချဲ့ရှာဖွယ်နိုင်ရန်အတွက် တန်ဖိုးမြှင့်ထုတ်ကုန်  များ အသေးစားလုပ်ငန်းလုပ်ကိုင်ခွင့်ထုတ်လုပ်ခွင့်များကို လျှောက်ထားလျက် အသေးစား၊အငယ်စား အလတ်စားစီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်လျက်ရှိပါကြောင်း စစ်ဆေးတွေ့ ရှိရပါသည်။

DOCA(ပဲခူး)

MyRo တွင်မှတ်ပုံတင်ထားသော သိုလှောင်ရုံများကို ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန်များဖြည့်သွင်းနိုင်ရေး မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခြင်း

       MyRo တွင်မှတ်ပုံတင်ထားသော သိုလှောင်ရုံများကို လစဉ်(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း  ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို မှန်ကန်စွာထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ် ပမာဏများအတိုင်း သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား သာယာဝတီခရိုင်ဦးစီးမှူးရုံးအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ (၄.၁၂.၂၀၂၅) ရက်နေ့ တွင်အုတ်ဖိုမြို့နယ်နှင့်မင်းလှမြို့နယ်တို့မှ  ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌများနှင့်စားသုံးသူ ရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ သိုလှောင်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍  သိုလှောင်ရုံများမှကုန်ရ ကုန်ထုတ်၊ လက်ကျန်အခြေအနေများကို ကူညီဖြည့်သွင်းဆောင်ရွက်နိုင်အောင် လက်တွေ့သင်ကြား ပြသပေးပြီး စာရင်းရေး သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။သိုလှောင်ရုံအသစ် လျှောက်ထားသူ လုပ်ငန်းရှင်များကိုလည်း လိုအပ်သည့်အထောက်အထားများ တောင်းခံခြင်း၊ သိုလှောင်ရုံ လျှောက်လွှာများဖြင့် MyRo သို့ဝင်ရောက်၍ မိမိတို့ကိုယ်တိုင် လျှောက်ထားနိုင်ကြောင်း၊ သိုရုံအသစ် မလျှောက်တတ်သူများကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံ မှတ်ပုံတင်ပြီးပါကလည်း MyRo ဝက်ဆိုဒ်သို့ဝင်ရောက်၍ လစဉ်ကုန်ရ၊ကုန်၊ကုန်လက်ကျန်များ ဖြည့်သွင်းရမည့်ဖြစ်ကြောင်း လက်တွေ့ပြသပြီး အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။သိုလှောင်ရုံ လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ အခက်အခဲများရှိပါက လာရောက်မေးမြန်းနိုင်ပါကြောင်း ညွှန်ကြား ချက်များကိုလည်း လိုက်နာကြပါရန်နှင့် ဆန်စပါး မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့် ညွှန်ကြား ချက်များကို သိရှိစေရန် ရှင်းလင်းတင်ပြဆွေးနွေးပြီး လစဉ်/လတိုင်း၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ ဖြည့်သွင်းရမည် ဖြစ်ကြောင်းတို့ကို အသိပညာ ပေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

၂၀၂၅ခုနှစ် နိုဝင်ဘာလအတွင်း ပြည်ခရိုင်ရှိ ဆက်သွယ်ရေး အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများအား စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများ ရရှိစေရန် စားသုံးသူများ၏ လူနေမှုဘဝများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ပြည်ခရိုင်အတွင်းရှိ မြို့နယ်တာဝန်ခံများမှ ပြည်မြို့နယ်တွင် “U9, ATOM” လုပ်ငန်းများ သို့လည်းကောင်း၊ ရွှေတောင်မြို့တွင် “Dr Mobile” ဖုန်းဆိုင်သို့လည်းကောင်း ဆက်သွယ်ရေး အင်တာနက် ဝန်ဆောင်မှုများ ဆောင်ရွက်နေသည့် ကွင်းဆင်းစစ်ဆေး၍ ဆက်သွယ်ရေး (ဝန်ဆောင်မှု)(Package/Plan)များနှင့် ဝန်ဆောင်ခနှုန်းထားများအားအများပြည်သူများလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက ကြိုတင်အသိပေးရန်နှင့် ဝန်ဆောင်ခနှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများမှ ငွေပြန်အမ်းသည့် Refound Policy များထားရှိဆောင်ရွက်နိုင်ရေး အင်တာနက်လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

“ သုံးခွမြို့နယ်အတွင်း အိမ်ဆောင်ပစ္စည်းအရောင်းဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်း စစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ အိမ်ဆောင်ပစ္စည်းရောင်းချသော ဆိုင်များတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းကြီးမြင့်မှုရှိ/ မရှိ အခြေအနေများအား ဒီဇင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကျော်မှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၉)ရပ်ကွက် အောင်ဇေယျလမ်းရှိ၊ ချမ်းသာ အိမ်ဆောက်ပစ္စည်းဆိုင်၊ ရွှေသရဖူ အိမ်ဆောက်ပစ္စည်းဆိုင်၊ သရဖူ အိမ်ဆောက်ပစ္စည်းဆိုင်၊ အမှတ်(၄)ရပ်ကွက်ရှိ ဦးအင်းရွှေနှင့်ညီမ ဒေါ်အေးကြည် အိမ်ဆောက်ပစ္စည်းဆိုင်များသို့ ဘိလပ် မြေများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ဝယ်ယူရောင်းချမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေနှင့် ဖြန့်ဖြူးရောင်းချမှု အခြေအနေများအား ဈေးဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မေးမြန်းစစ်ဆေးခဲ့ပါသည်။

     ထို့နောက် လုပ်ငန်းရှင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဘိလပ်မြေများ သိုလှောင်ထားခြင်းမပြုလုပ်ကြရန် ဈေးနှုန်းများ အဆမတန် မြှင့်တင်၍ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် မှန်မှန်ကန်ကန် ရောင်းချပေးရန် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ ခရမ်းမြို့နယ်၌ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီ(ဗူးဆီ)များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့အား စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်မှ စစ်ဆေးရေးမှူး ဒေါ်ကျော့ကေခိုင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍   ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအမျိုးမျိုး(ဗူးဆီ)များတွင် စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရှိ စေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ စားသုံးဆီအမျိုးမျိုးတွင်‌ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ